စပါးရွက်စားယင် (ရွက်ဗွေလောက်) ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

15/04/2020 11:00 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

စပါးရွက်စားယင်ရဲ့ စားသောက်ဖျက်ဆီးမှုကြောင့် အဝါရောင်စက်ပြောက်တွေ၊ အဖြူရောင် ဒါမှမဟုတ် အလင်းဖောက်နိုင်တဲ့ အပေါက်တွေနဲ့ ပင်အပ်ရာပေါက်တွေကို ဖြစ်စေပါတယ်။ 

လောက်ကောင်ဟာ ပွင့်အာမှုမရှိသေးတဲ့ စပါးရွက်တွေ ဒါမှမဟုတ် ဖွံ့ဖြိုးနေတဲ့စပါးရွက်တွေရဲ့ ကြီးထွားနေတဲ့နေရာတွေက တစ်ရှူးတွေကို ၄င်းရဲ့ မာကျောတဲ့ ပါးစပ်ချိတ်ကို အသုံးပြုပြီး စားပါတယ်။ စပါးရွက်တွေ အိုမင်းရင့်ရော်လာတဲ့အခါ ပျက်စီးမှုက သိသာလာပါတယ်။ အရွယ်ရောက် လောက်ကောင်ဟာ စပါးပင်ခြေက အသစ်ဖွံ့ဖြိုးနေတဲ့  စပါးပင်ပွားရဲ့ ဖွံ့ဖြိုးနေတဲ့ စပါးရွက်တွေပေါ်ကို စားသောက်ရတာကို ပိုနှစ်သက်ပါတယ်။

စပါးပင်ပိုင်းကြီးထွားမှုအဆင့်အတွင်း စပါးခင်းထဲမှာ ရေသေရှိနေတာ၊ တစ်နှစ်ပတ်လုံး လက်ခံပင်တွေရှိတာနဲ့ ပျိုးပင်ငယ်တွေကို ရွှေ့ပြောင်းစိုက်ပျိုးတာဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးမှုကို အခွင့်အရေးပေးပါတယ်။

ဒီဖျက်ပိုးဟာ ရေစပ်စပ်မှာနေထိုင်တဲ့ ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းကို ရေသွင်းစပါးခင်းတွေမှာ အတွေ့ရများပြီး စပါးပင်ရဲ့ ပင်ပိုင်းကြီးထွားမှုအဆင့်ရဲ့ ဗဟိုအလံရွက်ပေါ်ကို စားသောက်ပါတယ်။ ၄င်းကို တောင်ယာစပါးမှာ မတွေ့ရပါဘူး။ ၄င်းဟာ ရေအိုင်တွေ၊ စမ်းချောင်းတွေနဲ့ ရေကန်တွေ ဒါမှမဟုတ် အေးနေတဲ့ရေနဲ့ အပြိုင်းပြိုင်းထနေတဲ့ အပင်တွေကို နှစ်ခြိုက်ကြပါတယ်။

ဒီဖျက်ပိုးဟာ တိုက်ရိုက်စိုက်စပါးနဲ့ ပျိုးခင်းတွေကို မကြိုက်ပါဘူး။ အရွယ်ရောက်ကောင်ဟာ နေ့ဖက်မှာ တက်ကြွကြပြီး ရေအနီးရှိ စပါးရွက်တွေပေါ်မှာ နားနေပါတယ်။ ၄င်းဟာ ရေပေါ်မှာ ပေါလောပေါ်နေကြပါတယ် ဒါမှမဟုတ် ပေါလောပေါ်နေတဲ့ အပင်တွေပေါ်မှာ နေကြပါတယ်။ နေ့လည်ခင်းမှာ ၄င်းတို့ဟာ အပင်တွေပေါ်မှာ ကြာရှည်စွာရှိနေပါတယ် ဒါမှမဟုတ် ထောင်မတ်နေတဲ့ အပင်တွေပေါ်မှာ တွယ်ကပ်နေပါတယ်။ ၄င်းဟာ ထူထဲစွာပေါက်နေတဲ့ အပင်တွေကို နှစ်သက်ပြီး ပျိုးခင်းပတ်လည်က ဟင်းလင်းပွင့်ရေသေကို နှစ်သက်ပါတယ်။ ဥကပေါက်ကာစ လောက်ကောင်တွေဟာ  ၁၀ − ၁၂ ရက်အကြာမှာ လောက်ကောင်ဖွံ့ဖြိုးမှုပြည့်တဲ့ ပွင့်အာမှုမရှိသေးတဲ့ ဗဟိုစပါးရွက်တွေပေါ်မှာ စားသောက်ကြပါတယ်။

အမျိုးအစားခွဲခြားခြင်း

 အောက်ပါဖျက်ဆီးမှု လက္ခဏာများရှိမရှိ စစ်ဆေးပါ။

    • အဖြူရောင် ဒါမှမဟုတ် အလင်းဖောက်နိုင်တဲ့ အကွက်များ

    • ပင်အပ်ရာအပေါက်များ

    • ဖျက်ဆီးခံထားရတဲ့ စပါးရွက်တွေဟာ လေတိုက်ပါက အလွယ်တကူ ကျိုးပဲ့သွားခြင်း 

    • အတော်အတန် ပုံပျက်နေတဲ့ စပါးရွက်များ

    • ထွက်လာတဲ့ စပါးရွက်ရဲ့ အတွင်းပိုင်းအနားသားပေါ်က ရှင်းလင်းတဲ့ ဒါမှမဟုတ် အဝါရောင် စက်ပြောက်များ

    • စပါးပင်ပုသွားခြင်း

    • စပါး ပင်ပွားနည်းသွားခြင်း

ဒီအင်းဆက်ရှိ မရှိ အောက်ပါအတိုင်းစစ်ဆေးပါ။ 

    • စပါးရွက်မှာ ကပ်နေတဲ့ ရှည်မျောမျော အဖြူရောင်ဥများ

    • မပွင့်အာသေးတဲ့ စပါးရွက်တွေရဲ့တစ်ရှူးတွေကို စားနေတဲ့ အလင်းဖောက်နိုင်တဲ့အရောင်ကနေ နို့နှစ်ဖြူနုရောင်ရှိတဲ့ ခြေထောက်မပါရှိတဲ့ လောက်ကောင်ငယ်များ 

    • စပါးပင်ရဲ့ အခြေမှာ အသစ်ဖွံ့ဖြိုးနေတဲ့ စပါးပင်ပွားရဲ့ ဖွံ့ဖြိုးနေတဲ့ စပါးရွက်တွေကို စားသောက် နေကြတဲ့ အဝါရောင် အရွယ်ရောက်လောက်ကောင်များ 

စီးပွားရေးအရအရေးကြီးပုံ 

စပါးပင် စရွှေ့ပြောင်းစိုက်ချိန်မှာ ဒီဖျက်ပိုးက စဖျက်ဆီးပါတယ်။ ၄င်းဟာ ရေမျက်နှာပြင်ပေါ်က အလင်းပြန်တဲ့ နေရောင်ခြည်ကိုကြည့်ပြီး စပါးခင်းရှိရာကို ရှိဖွေပါတယ်။

ကာကွယ်နှိမ်နင်းခြင်း 

စပါးရွက်စားယင်အတွက် စိုက်ပျိုးနည်းနဲ့ ကာကွယ်နှိမ်နင်းနည်း မရှိပါဘူး။

နဂျီသေးတွေဟာ ဒီဖျက်ပိုးရဲ့ ဥတွေနဲ့ လောက်ကောင်တွေကို ကပ်ပါးပြုပါတယ်။ ဒိုလီကိုပိုးဒစ်ယင်ကောင်တွေဟာ ဒီဖျက်ပိုးရဲ့ဥတွေကို စားသောက်ကြပြီး အီဖီဒရစ်ယင်ကောင်တွေကတော့ ဒီဖျက်ပိုးရဲ့ အရွယ်ရောက်ကောင်တွေကို စားကြပါတယ်။

ဒီဖျက်ပိုးဖျက်ဆီးမှုကို စပါးပင်တွေက ပြန်လည်အစားဖြည့် နလံထူနိုင်ကြောင့်  ပိုးသတ်ဆေးသုံးဖို့ မထောက်ခံပါဘူး။ အများအားဖြင့် စပါးပင်ရဲ့ ပင်ပွားအများဆုံးဖြစ်တဲ့အချိန်အတောအတွင်း ဖျက်ဆီးမှုလက္ခဏာတွေ ပျောက်ကွယ်သွားတတ်ပါတယ်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး) 

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်