မောင်နီပြောတဲ့ အပင်တွေကိုအစာကျွေးနည်းအကြောင်း

11/09/2025 17:00 PM တွင် မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

မောင်နီတို့ စိုက်တာ ပျိုးတာက အများဆုံးက မြေကြီးပေါ်မှာမဟုတ်ဘူးလား

ဒီတော့ မြေကြီး အကြောင်းလည်း သိထားဖို့ လိုတာပေါ့

မြေကြီးလို့ ပြောလိုက်ရင် မြေကြီးချည်းပဲတော့ မဟုတ်ဘူးပေါ့

လေထုကလည်း ၂၅ ရာခိုင်နှုန်းလောက်ပါရမယ်။

ရေကလည်း ၂၅ ရာခိုင်နှုန်းလောက် ပါရမယ်။

အော်ဂဲနစ် ပစ္စည်းကလည်း ၅ ရာခိုင်နှုန်းလောက်ပါရမယ်။ မျက်စိနဲ့ မြင်ရတဲ့၊ မမြင်ရတဲ့ သက်ရှိတွေ၊ အမြစ်တွေ၊ အဆွေးပစ္စည်းတွေ စတဲ့ ပစ္စည်းတွေ ပါရမယ်ပေါ့နော်။

ဒီလိုပါဝင်မှုကတော့ အကြမ်းဖျင်းဆိုရင် ကောင်းတဲ့ မြေလို့ သတ်မှတ်လို့ရပါတယ်။ တစ်ခုကတော့ မြေကြီးကို ကိုယ်က ဂရုစိုက်မှ ကိုယ်စိုက်တဲ့ အပင်လေးတွေကို မြေကြီးကလည်း ပြန်ပြီးတော့ စောင့်ရှောက်မှာဖြစ်ပါတယ်။ 

အပင်တွေကရော ဘာတွေ စားကြသလဲ?

မြေကြီးက ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် မြေကြီး ကျပ်နေသလား၊ တည်ဆောက်ပုံက ဘယ်လိုရှိသလဲ၊ ရေ ရနိုင် မရနိုင် စတဲ့ အချက်တွေဖြစ်ပါတယ်။

မြေကြီးရဲ့ ဇီဝပိုင်း မှာဆိုရင် အော်ဂဲနစ် ပစ္စည်းတွေ ဘယ်လောက်ပါသလဲ။ ဘယ်လို သက်ရှိတွေ ပါဝင် ပတ်သတ်နေပါသလဲ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ 

မြေကြီးရဲ့ ဓာတုပိုင်းမှာဆိုရင်တော့ အာဟာရတွေ ရရှိနိုင်မှုတွေ၊ ဆားငန်တာ အချဉ်ပေါက်တာ စတာတွေ ပါဝင်ပါတယ်။ 

ဒီ အချက်တွေကို လိုက်လျောညီထွေရှိအောင် မြေသားလေးကျန်းမာအောင် ပြုပြင်ထိန်းသိမ်းပေးတယ်ဆိုရင်တော့ အပင်တွေအတွက်လည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ 

အပင်တွေ စားတဲ့ အာဟာရတွေကတော့ 

မြေကြီးထဲက ရနိုင်တဲ့

အများလို - N, P, K, S, Mg, Ca 

အနည်းလို - B, Mo, Cl, Co, Mn, Zn, Cu, Fe, Ni တို့အပြင်

လေထဲကနေ စုပ်ယူနိုင်တဲ့ - O, H, C တို့ပါပဲ။

အပင်တွေကို မြေသြဇာကျွေးရင် ဘာတွေ သတိထားရမလဲ

မြေကြီးထဲမှာ အာဟာရတွေက ဘယ်လောက်ပမာဏ ရှိနေလဲ၊ နည်းနေလား?

  • Liebig ရဲ့ အနည်းဆုံး ဥပဒေသ
  • သဟဇာတဖြစ်မှု
  • မြေကြီးက ဘယ်လောက်ဖမ်းယူထားနိုင်ပါသလဲ
  • အငွေ့ပျံတာ၊ စိမ့်ဝင်သွားတာ၊ တစ်ခြားကို စီးဆင်းသွားတာ စတဲ့ ဆုံးရှုံးမှုတွေ ကို သတိထားရမှာဖြစ်ပါတယ်။

Liebig ရဲ့ အနည်းဆုံး ဥပဒေသဆိုတာကတော့ 

ပုံထဲကအတိုင်း တစ်ခုကသာလျော့နေခဲ့မယ်ဆိုရင် အပြည့်မရနိုင်တော့ပါဘူး။ ပိုတက်စီယမ် လျော့နေတာကို ပိုတက်စီယမ်ပဲဖြည့်ပေးမှ ဖြစ်မှာပါ။ နိုင်ထရိုဂျင် ထပ်ထည့်ပေးရင်လည်း အထွက်မှာ ဘာမှ ထူးလာမှာမဟုတ်ပါဘူး။ ဆိုတော့ အပင်စိုက်ရတာ ပြောသလောက် လွယ်မနေပါဘူး။

သဟဇာတဖြစ်မှု

ပုံထဲကဆိုရင် အနီလေးက သဟဇာတ မဖြစ်တာဖြစ်ပြီးတော့ အစိမ်းလေးတွေကတော့ တည့်တာဖြစ်ပါတယ်။ ပုံထဲမှာဆိုရင်တော့

နိုက်ထရိုဂျင်ရဲ့ အနီလိုင်းလေးတွေက ပိုတက်(K)၊ ဘိုရွန် (B)  နဲ့ ကော့ပါး (Cu) ကိုသွားနေတာကို မြင်ရမှာပါ။ နိုက်ထရိုဂျင်များနေရင် အဲ့ (၃)မျိုးစုပ်ယူမှုမှာ သွားပြီးတော့ အနှောက်အယှက်ဖြစ် နိုင်တာကို ဆိုလိုပါတယ်။ အချင်းချင်းလည်း ပြန်လည်သက်ရောက်မှုတွေ ရှိတာပေါ့ခင်ဗျာ။ ဘိုရွန်များနေရင်လည်း နိုက်ထရိုဂျင်စုပ်ယူမှုမှာ အတားအဆီးဖြစ်နိုင်ပါတယ်။ 

ဆိုတော့ ညီမျှ မျှတနေအောင် လုပ်ဆောင်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ 

မောင်နီတို့ရဲ့ မြေသြဇာကျွေးခြင်း မှန် (၄) မှန်က ဘာတွေလဲ?

မြေသြဇာကျွေးရင်တော့ ကိုယ်ယူသလောက်ကို အနည်းဆုံးတော့ ပြန်ဖြည့်ပေးလိုက်ဖို့ လိုပါတယ်။

ခရမ်းချဉ် စိုက်လိုက်တယ်ပဲ ဆိုပါတော့။ ခရမ်းချဉ် တစ်ပင်က မြေကြီးထဲက စုပ်ယူလိုက်တဲ့ အာဟာရတွေကို နောက် ခရမ်းချဉ်ရာသီအတွက် ပြန်ထည့်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာပဲ နောက်ထပ် စိုက်ရင် အပင်တွေက အာဟာရတွေ ပြန်ရလာမှာဖြစ်ပါတယ်။ 

အနည်းလေးပဲ ထည့်ရင်လည်း အနည်းဆုံး ဥပဒေသ နဲ့ ညှိမယ်၊ အများကြီးထည့်လိုက်ရင်လည်း သဟဇာတ မဖြစ်မှုတွေ ဖြစ်ကုန်မယ်၊ ဆိုတော့ မှန် (၄) မှန်နဲ့ ကိုက်ညီအောင်ထည့်ပေးမှာဖြစ်မှာပါ။

  • မှန်ကန်တဲ့ မြေသြဇာ
  • မှန်ကန်တဲ့ နှုန်းထား
  • မှန်ကန်တဲ့ အချိန် နဲ့ 
  • မှန်ကန်တဲ့ နေရာ တို့ဖြစ်ပါတယ်။

မှန်ကန်တဲ့မြေသြဇာ

မြေသြဇာတွေမှာ သဘာဝအော်ဂဲနစ်မြေသြဇာ၊ လူလုပ်အော်ဂဲနစ်မြေသြဇာ၊ ဓာတုမြေသြဇာ တွေ ရှိတဲ့အပြင်ကိုမှ အာဟာရဓာတ်တစ်ခုချင်းစီကိုပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ အာဟာရ (၁) ခု ထက်ပိုပြီးတော့ ရောထားတဲ့ ကွန်ပေါင်းမြေသြဇာလိုမျိုးပဲဖြစ်ဖြစ်၊၊ ရွက်ဖျန်း၊ အခဲပုံစံ စတဲ့ မြေသြဇာမျိုးစုံထဲက ကိုယ်တကယ်လိုအပ်တဲ့ မြေသြဇာကို မှန်မှန်ကန်ကန်ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ 

မှန်ကန်တဲ့ နှုန်းထား

သုတေသနတွေမှာ အပင်တွေအတွက် တစ်ပင်ချင်းစီအတွက် သတ်မှတ်ထားတဲ့ နှုန်းထားတွေရှိပါတယ်။ မြေသြဇာတွေမှာဆိုရင် သူတို့ထုတ်လုပ်ထားတဲ့ ဖော်မြုလာအရ သတ်မှတ်ထားတဲ့ နှုန်းထား တွေ ပါဝင်ပြီးသားဖြစ်ပါတယ်။  မောင်နီတို့ တောင်သူတွေမှာလည်း နည်းရင် မထိရောက်တာ၊ များရင် မြေသြဇာလောင်တာမျိုးတွေ ကြုံဖူးကြမှာပါ။ ဆိုတော့ မှန်ကန်တဲ့ နှုန်းထားကို သုံးမှသာ ကိုယ့်အတွက်လည်း ထိရောက်မှာဖြစ်သလို ငွေကြေးအားဖြင့်လည်း ချွေတာနိုင်မှာဖြစ်ပါတယ်။

မှန်ကန်တဲ့အချိန်

မောင်နီတို့ လူတွေလိုပဲ ငယ်စဉ်ကနေ ကြီးထွားလာကြတဲ့ အပင်တွေမှာ သူ့အချိန်အလိုက် အာဟာရလိုအပ်ချက်တွေက မတူကြပါဘူး။ အကြမ်းဖျင်းဆိုရင် ပင်ပိုင်းကြီးထွားမှု နဲ့ မျိုးပွားကာလ လို့ ဆိုနိုင်ပါတယ်။ ပင်ပိုင်းကြီးထွားမှုအပိုင်းမှာ နိုက်ထရိုဂျင်ကို ပိုတက် ထက်ပိုလိုအပ်ပေမဲ့လို့ မျိုးပွားချိန်ရောက်လာရင်ကျတော့ ပိုတက် ကို နိုက်ထရိုဂျင်ထက်ကို ပိုပြီးတော့ လိုအပ်သွားမှာပါ။ 

မှန်ကန်တဲ့ နေရာ

မြေသြဇာ အမျိုးအစားအလိုက်ပဲဖြစ်ဖြစ်၊ သီးနှံအလိုက်ပဲဖြစ်ဖြစ် သူတို့ထည့်ပေးရမဲ့နေရာ၊ အရည်ဆိုလည်း အရည်ဖျန်းရမဲ့ နေရာ - အရွက် အပေါ်ဖက်လား၊ အောက်ဖက်လားဆိုတာ ရှိတာမို့  မြေခံကျွေးတယ်ဆို ရင် မြေထဲကိုထည့်ပေးရမယ်၊ အပင်ရဲ့ အမြစ်ထိပ်နားလောက်ထည့်ပေးရမယ်။ အမြစ်နား ပင်စည်နားကိုကပ်သွားရင် အပင်တွေ လောင်နိုင်ပါတယ်။ စိုက်တန်းကြားထဲ ဒီတိုင်းချသွားတာမျိုးက မြေသြဇာဆုံးရှုံးမှုတွေများနိုင်တယ်။ ရေနဲ့စီးနိုင်တယ် မြေထဲကို စိမ့်ဝင်ပေါက်ကျသွားတာမျိုးဖြစ်မယ်၊ အပင်ရရှိမှုမညီညာဘူး စတာတွေဖြစ်ပြီးတော့ နောက်ဆုံးမှာ ငွေကုန် အချိန်ကုန် လူပင်ပန်းဖြစ်မယ်။ ဆိုတော့ မှန်ကန်တဲ့နေရာမှာ ကျွေးနိုင်ဖို့ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ 

ဒါဆိုရင် မြေသြဇာကျွေးဖို့ ဘာတွေ လိုအပ်မလဲ?

ပထမဆုံးတော့ မိမိရဲ့ မြေဆီလွှာကို သိရှိရမှာဖြစ်ပါတယ်။ 

ချဉ်ငံကိန်းလိုမျိုး၊ မြေကြီးထဲက အများလို အာဟာရဓာတ်တွေ ဓာတ်ခွဲတာလိုမျိူး 

ဘယ်မြေသြဇာကိုရွေးချယ်မယ်၊ ဘယ်မြေသြဇာက ငွေကြေးအရရော အကျိုးအမြတ်ပိုများလာနိုင်မှာလဲ ဆိုတာက ပထမဆုံးအချက်ပါပဲ။ ဖြေးဖြေးအေးအေးသွားတဲ့ အော်ဂဲနစ် မြေသြဇာကိုလည်း ထည့်ဖို့လိုသလို အပင်တွက် အထ မြန်တဲ့ အင်အော်ဂဲနစ် ဓာတုကိုလည်း တတ်နိုင်သလောက် လျော့ပြီးတော့ သုံးလို့ရပါတယ်၊

သီးနှံလိုအပ်ချက်ကို သိအောင်လုပ်ပေးဖို့လိုပါတယ်။

မြေဆီလွှာထဲမှာ ဘယ်အာဟာရတွေ ရနိုင်သလဲ?

အော်ဂဲနစ်မြေသြဇာတွေထည့်ထားသလား?

အင်အော်ဂဲနစ်မြေသြဇာတွေ နဲ့ လိုက်ညှိမှာလား?

အကျိုးသက်ရောက်မှုကောင်းမွန်အောင်လုပ်ပေးဖို့ လိုပါမယ်။

ကျွေးတဲ့နည်းလမ်း မှန်ကန်ဖို့အတွက် မှန် (၄) မှန်နဲ့ကျွေးဖို့ လိုပါမယ်။

သီးနှံအလိုက် မြေသြဇာ ကျွေးရမဲ့နှုန်းထားတွေနဲ့ အချိန်တွေကို မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ စိုက်ပျိုးနည်း လမ်းညွှန်များမှာ အသေးစိပ်ထည့်ပေးထားလို့ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ 

https://growhow.eastwestseed.com/mm/my/crop-guide?utm_source=dealer&utm_medium=QR&utm_id=Linktree 

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်