မိုးတွင်းကာလအတွင်း မိုးကြိုးအန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ

08/06/2020 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

  • မိုးကြိုးပစ်ခံရပါက ပြင်းထန်စွာဒဏ်ရာရရှိနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ 

    • မိုးကြိုးနှင့် မိုးကြိုးမုန်တိုင်းအန္တရာယ်ရှိနိုင်ကြောင်း မိုးလေဝသသတင်းကြေငြာချက်ရှိပါက လွင်တီးခေါင်ပြင်များတွင် အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

လျှပ်စီးလက်၍ မိုးထစ်ချုန်းနေစဉ် လွင်တီးပြင်တွင်ရှိနေပါက လိုက်နာရန်-

    • အနီးပတ်ဝန်းကျင်ရှိ လုံခြုံစိတ်ချရသည့် အဆောက်အဦးအတွင်းသို့ ချက်ချင်းဝင်ရောက်ပါ။

    • အကယ်၍ နီးစပ်ရာတွင် လုံခြုံစိတ်ချရသည့် အဆောက်အဦးမရှိပါက ခြေထောက်နှစ်ဖက်ကို စု၍ ဆောင့်ကြောင့်ထိုင်ချပါ။ ဦးခေါင်းကို ဒူးပေါ်သို့မှောက်ချပြီး လက်နှစ်ဖက်ဖြင့်နားကို အုပ်ထားပါ။ မြေကြီးနှင့်ထိတွေ့နိုင်မှု အနည်းဆုံးဖြစ်အောင်နေပါ။

    • တစ်ဦးနှင့်တစ်ဦး ပူးကပ်နေထိုင်ခြင်းမပြုရပါ။

    • မြေပြင်ပေါ်သို့လှဲချခြင်း၊ အပင်မြင့်များအောက်တွင်နေခြင်း၊ မြင့်မားသောအဆောက်အဦး၏ အုတ်နံရံများကိုမှီခြင်း၊ ရေကူးကန်များနှင့် ရေကန်များအနီး နေထိုင်ခြင်း မပြုပါနှင့်။

    • ရေထဲတွင် ရောက်ရှိနေပါက ကုန်းပေါ်သို့တက်ပြီး အဆောက်အဦးအတွင်းသို့ ချက်ချင်းဝင်ပါ။

လျှပ်စီးလက်၍ မိုးထစ်ချုန်းနေစဉ် နေအိမ်အတွင်းရှိနေပါက လိုက်နာရန်-

    • တီဗွီ၊ ကွန်ပျူတာ၊ အဝတ်လျှော်စက်၊ မီးဖို စသည့် လျှပ်စစ်ပစ္စည်းများကို မီးပလပ်ဖြုတ်ထားပါ။ ရေဒီယိုဖွင့်ခြင်း၊ ဖုန်းပြောခြင်း(အထူးသဖြင့် ကြိုးဖုန်း) ရှောင်ကြဉ်ပါ။

    • ပြတင်းပေါက်များ၊ တံခါးပေါက်များ၊ ဆင်ဝင်များအနီးနေထိုင်ခြင်း၊ ကွန်ကရိခင်းများပေါ်တွင် လဲလျောင်းခြင်းတို့ကို ရှောင်ကြဉ်ပါ။

မိုးကြိုးပစ်ခံရသောလူနာအား အရေးပေါ်ကယ်ဆယ်နည်းများပြုလုပ်ပြီး ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံးပို့ဆောင်ပါ။

ရည်ညွှန်းကိုးကား- US CDCLightning (accessed as of 5-6-2020)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်