နွား၊ ဆိတ်ကလေးတွေအတွက် နို့ဦးရည် အစားထိုးနည်း

26/11/2021 13:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နို့ မထွက်တဲ့ နွားမဆိတ်မတွေရှိရင် မွေးစ နွားငယ်၊ ဆိတ်ငယ်လေးတွေအတွက် နို့ဦးရည် အစားထိုးသုံးနိုင်တဲ့နည်းကို ဖော်ပြပေးပါ့မယ်။

ပါဝင်ပစ္စည်းများ

နွားနို့                                  -၄၀ကျပ်သား

လတ်ဆတ်သောကြက်ဥ        - ၁လုံး (ရောမွှေပြီး)

ရေ                                     -၁၅ကျပ်သား

ငါးကြီးဆီ                           -လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်ဆူဆီ                        -လက်ဖက်ရည်ဇွန်း ၄ဇွန်း

စထရက်တိုမိုင်ဆင်             -၁လုံး (၀.၅) ဂရမ် တို့ လိုအပ်ပါသည်။ 

အထက်ဖော်ပြပါတို့ကို ရောစပ်ပြီး နို့ဦးရည် အစားထိုး တိုက်ကျွေးနိုင်ပါသည်။

တတိယမြောက်နေ့တွင် ကြက်ဆူဆီကို ၁ဇွန်းသာထည့်ပေးရပါမည်။

Ref: Dip. LPA သင်ရိုးညွှန်းမှ ကူးယူဖော်ပြပါသည်။