မြေပုံ မြင့်တင် စိုက်စနစ်

15/01/2018 12:06 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Hügelkultur ကို ဂျာမနီမှ တိုက်ရိုက် ပြန်ဆိုသည်။ အဓိပ္ပာယ်မှာ “မြှင့်ထားသော အစဉ်အလာ” ဖြစ်သည်။ အတိအကျပြောရလျှင် သစ်ဆွေးနှင့် အော်ဂဲနစ် ပစ္စည်းများကို သုံးပြီး ရေသိုလှောင် နိုင်သော၊ မိမိဘာသာမိမိ ကျွေးမွေးနိုင်သော အရင်းအနှီးနည်း စိုက်ခင်း ဖြစ်ဖို့ သုံးရခြင်း ဖြစ်သည်။ ၎င်းသည် စိုက်ခင်းတည်ပြီးလျှင် နှစ်ပေါင်းများစွာ အပြင်မှ ဓာတ်မြေသြဇာ ပေးစရာမလိုဘဲ ကျန်သည့် အချိန်ကာလအတွက် ရေကို လိုအပ်သလို ပေးနိုင်ပြီး ရိုးရှင်သော စိုက်ပျိုးနည်းကိုသာ အခြေခံထားသည်။ထို့ကြောင့် ဤနည်းသည် ခြောက်သွေ့ရာသီနှင့် ဓာတ်မြေသြဇာ စျေးကြီးပြီး ဝယ်ယူမရနိုင်သော နေရာတို့အတွက် သင့်တော်သည်။

Hugelkulturစိုက်ခင်းသည် အခြားစိုက်ခင်းများနှင့် အချိုးစပ်ပုံ အနည်းငယ်ကွာခြားသည်။ အဓိက ကွာခြားချက်မှာ စိုက်ခင်းများသည် သစ်ဆွေး၏ အပုံပေါ်၌သာ ခင်းရပြီး အခြားရောစပ်ရသော သစ်ရွက်၊ သစ်စ အပြင် ရှိထားသည့် အရာများကိုပါ ရောစပ်ရသည်။ အမြောက်အများရောစပ်ရ သောကြောင့် စိုက်ခင်းကို အမြင့်ပိုင်းတွင် ဆောက်ရမည်။ ရံဖန်ရံခါ စိုက်ခင်းနေရာကို အနည်းငယ် တူးထားရပေမည်။ အတိမ်အနက် မည်မျှတူးရမည်ကိုမူ မိမိနှစ်သက်သလို အချိန်ကာလ၊ စိုက်ခင်းတည်ရာတွင် အားမည်မျှ စိုက်ထုတ်နိုင်ခြင်း (မြေတူးစက် အကူအညီဖြင့် အလွယ်တကူ တူးနိုင်သော်လည်း)၊ မြေဆီလွှာ မာကြောပုံတို့အပေါ် မူတည်၍ ဆုံးဖြတ်ရပေမည်။

ဥပမာ hugelkultur စိုက်ခင်းကို မြေနေရာကန့်သတ်ချက်ရှိသော နေရာတွင် တည်လိုပါက မြေကြီးထက် အနည်းငယ်မြင့်သော၊ အမှန်တကယ်တွင် ၆ လက်မလောက်မြှင့်ပြီး တည်ရပေမည်။ အများစုမှာ စိုက်ခင်းကို ၄ ပေ အနည်းဆုံး မြှင့်ရမည်ဖြစ်ပြီး စိုက်ခင်းတည်အပြီးတွင်မူ ၆ ပေ ရှိရမည်ဟု ပြောသည်။ အထူးသဖြင့် ဤအမြင့်သည် ပထမ နှစ်နှစ်အတွင်း အော်ဂဲနစ်ကုန်ဆုံးမှုနှင့် တဖြည်းဖြည်း တိုက်စားမှုအဖြစ် ကုန်ဆုံးသွားမည် ဖြစ်သည်။ ပုံစံသည် မကျလျှင် သို့မဟုတ် သစ်နှင့် အော်ဂဲနစ်ပစ္စည်းများ မလုံလောက်လျှင် စိုက်ခင်းကို ရှိနေပြီးသားမြေနေရာကို အခြားနေရာမှ မြေများ စုပုံပြီး ၎င်း၏ ထိပ်တွင် ရိုးရိုးရှင်းရှင်းပင် တည်နိုင်ပေသည်။ ပုံမှန်အားဖြင့် တူးမြောင်းများကို ၂ ပေ မှ ၃ ပေ လောက်အထိ မြေမှ ခွာရမည်ဖြစ်ပြီး မြက်ပင် ပေါင်းပင်များကိုလည်း သတ်သတ်ဖယ်ထားရမည် ဖြစ်သည်။ သစ်ဆွေးများကို ထည့်၊ အခြားထည့်၍ရသည့်အရာများကိုလည်းထည့်ကာ မြေဆီလွှာဖြစ်လွယ်သော မြက်များနှင့် ဖုံးပြီး ကျန်မြေကြီးများနှင့် ပြန်အုပ်ထားရမည် ဖြစ်သည်။ ဤပြီးလျှင် စိုက်ခင်းသည် စိုက်ပျိုးရန် အဆင်သင့်နေပြီ ဖြစ်သည်။ ချက်ချင်း စိုက်ခင်းစစိုက်နိုင်ပြီ ဖြစ်ကြောင်း အကြောင်းပြချက်ကောင်းရှိကြောင်း နောက်မှ ပြောမည်ဖြစ်သည်။ ထိုကဲ့သို့ စိုက်ပျိုးနည်၏ သော့ချက်က အော်ဂဲနစ် ပစ္စည်းအပုံက စိုက်ခင်း အောက်ဘက်ကို အားပေးလို့ပဲ ဖြစ်တယ်။ သစ်သည် မြေဆွေးကဲ့သို့ဖြစ်ပြီး မြေကြီးမှ အစိုဓာတ်ထိန်းသိမ်းပေးသည့်အပြင် စိုက်ခင်းကိုလည်း ရေဓာတ်ရစေသည်။  သစ်သည် အာဟာရဖြစ်သွားပြီး ဘက်တီးရီးယားကဲ့သို့သော ပိုးကောင်များ အစာချက်ကျွေးသော စိုက်ခင်း မြေဆီလွှာကို တိုက်ရိုက် ကျွေးမွေးသည်။ သစ်သည် ဆွေးသွားပြီး ၎င်းဆွေးခြင်းသည် အချိန်ကြာလာသည်နှင့် အမျှ မြေဆီလွှာကို ပျော့စေပြီး အမြစ်ခိုင်မာစေရန် လေပေါက်လေးများဖြစ်စေသည်။

ပစ္စည်းအမျိုးမျိုးကို အမြောက်အများ၊ နေရာမရွေး၊ မြေဆီလွှာမရွေး hugelkutlur တစ်ခုကို ပြုလုပ်နိုင်သည်။ သို့သော်လည်း စိုက်ခင်းမတည်မှီ စဉ်းစားရမည့်အရာအချို့ရှိသည်။ တည်နေရာသည် ပထမဆုံး နှင့် ဦးဆုံး ဖြစ်သည်။ စိုက်ခင်းနေရာ ရွေးချယ်ရာ၌ အချက်အလက် အမြောက်အများကို စဉ်းစားသင့်ပေသည်။ နေရောင်သည်လည်း စဉ်းစားရမည့် အချက်တွင် ပါဝင်သည်။ စိုက်ခင်းသည် နေ့ခင်းဘက်တွင် နေရောင် အမြောက်အများ ရသင့်သည်။ အပင်အများစုအတွက် စိုက်ခင်းသည် တောင်နှင့် မြောက်ဦးတည်ရလျှင် အပင်အခြေအနေကောင်းပြီး အလင်းရောင်တိုက်ရိုက်မလိုသော အပင် စိုက်လိုလျှင် အရှေ့အနောက် ဦးတည်ပါက တစ်နေ့လုံး နေရောင်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။

ချုံကဲ့သို့ ရှုပ်ထွေးသော အပင် သို့မဟုတ် မြေဆီလွှာ တိုက်စားမှုမှ ကာကွယ်သော သစ်သီးပင်များ အတွက် လေတိုက်သည့် လားရာဘက်ကို ရွေးချယ်သင့်သည်။ လျှောစောက်သည် အခြားအရေးပါသည့် စဉ်းစားရမည့်အချက်ဖြစ်သည်။ စိုက်ခင်းများကို ပြေပြေလျှော့လျှော့လေး တည်လျှင် အကောင်းဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိုက်ခင်းသည် ရေစုပ်ယူအားကောင်းပြီး ကောင်းကောင်း မတည်ဆောက်လျှင် ရေအလွန်ဝပ်သွားနိုင်သည်။

စိုက်ခင်းသည် တောင် စောင်း၏ လျှောစောက်နှင့် မျဉ်းပြိုင်ကဲ့သို့ ပြိုင်မနေဘဲ သို့မဟုတ် မျက်နှာချင်းဆိုင် မဟုတ်ဘဲ “ မိုးရေ ကို လျှောစောက်အတိုင်း စီးသွားစေရန် လုပ်ရမည် ဖြစ်သည်” စိုက်ခင်းများသည် လျှောစောက်အတိုင်း မျက်နှာချင်းဆိုင်ဖြစ်လျှင် ရေများကို ဖမ်းဆုပ်ထားနိုင်ပြီး အောက်ပိုင်းမှာမူ ခြောက်သွေ့နေစေပေမည်။ အကယ်၍ ဆန့်ကျင်ဘက်လုပ်လျှင် ရေသည် တောင်တန်းတလျှောက် လျှောဆင်းပြီး မြေကြီးကိုပျော့စေကာ မြေပြိုမှုကိုပင် ဖြစ်စေနိုင်သည်။ ဤနည်းဖြင့် ရေသည် စိုက်ခင်းတောက်လျှောက်စီးသွားပြီး စိုက်ခင်းအဆုံးတိုင် ရေစုပ်ယူခွင့်ပြုမည်။ အချိုးအကွေ့များကိုပါ ဖြတ်သွားပြီး အခြားစိုက်ခင်းများဆီ ရောက်သည့်တိုင် စီးပြီး ရေကို စိုက်ခင်းအားလုံးကြား ပေးဝေပေမည်။

စိုက်ပျိုးရန် လွယ်ကူသော နေရာသည် အခြားစဉ်းစားစရာ အချက်ဖြစ်သည်။ စိုက်ခင်းတည်နေရာ သည် အလွယ်တကူသွားရောက်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး လိုချင်သော စိုက်ခင်းများ၏ အကျယ်၊ အမြင့်တို့အပြင် ၎င်းတို့အကြား နေရာလပ်နှင့် အဆုံးတွင် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့အတွက်ပါ အဆင်ပြေသောနေရာ ဖြစ်ရမည်။ စိုက်ခင်းများအတွက် နေရာရွေးပြီးလျှင် မြေနေရာတူးရတော့မည်။ စိုက်ခင်းအတွက် မြောင်းအဖြစ် တူးရန် တကယ်မလိုအပ်ကြောင်း သိထားပါ။ သို့သော် အကြောင်းပြချက် နှစ်ချက်ရှိသည်။ ပထမမှာ မြေတူးခြင်းသည် အခြားနေရာမှ သယ်ယူရမည့်မြေစုပုံကို ရရှိစေမည်ဖြစ်သည်။ ဒုတိယမှာ မြောင်းတူးခြင်းသည် လိုချင်သည့် အမြင့်ကို အမြန်ရစေသည်။ စိုက်ခင်းတွင် မြှုပ်ထားသော အော်ဂဲနစ်ပစ္စည်းများလေလေ ကြာရှည်စွာ သုံးနိုင်လေလေ ဖြစ်ပြီးစိုက်ခင်းသည် စုစုပေါင်း အမြင့် ၆ ပေ (၂ မီတာ) အနည်းဆုံး ရှိရမည်ဟု အကြံပြုသည်။ သို့သော် မြေကြီးမှ အမြင့်သည် မြောင်းကို မည်မျှအနက်တူးထားသည့်အပေါ် လုံးဝ မူတည်ပေမည်။ ဥပမာ သင် စိုက်ခင်းအမြင့်ကို စုစုပေါင်း ၆ ပေ (၂ မီတာ) တည်လိုလျှင် မြေကြီး အထက် အမြင့်သည် ၃ ပေ (၁ မီတာ) သာ ဖြစ်ရမည်။ ထို့ကြောင့် ၃ ပေ (၁ မီတာ) တူးရမည် ဖြစ်သည်။ ဤနည်းဖြင့် huglekulturကို ပတ်ဝန်းကျင် ကန့်သတ်ချက်အရ သို့မဟုတ် မိမိ နှစ်သက်မှု ကိုလိုက်၍ တည်နိုင်သည်။

စိုက်ခင်းများသည် မြှုပ်ထားသော အော်ဂဲနစ်ပစ္စည်း ပမာဏနှင့် စိုက်ခင်း ကြီးထွားမှုကို အကူအညီပေးမည့် သစ်အပေါ်မူတည်၍ သေးငယ်နိုင်သည်။ သို့သော်လည်း စိုက်ခင်း၏ ရာခိုင်နှုန်းအများသည် မြှုပ်ထားသော စိုက်ခင်းမျက်နှာပြင် အပေါ်မူတည်သည်။ ၁ ပေခွဲ မှ ၂ ပေ အထိတူးပြီး မြေကြီးမှ အမြင့် ၄ပေခွဲမှ ၄ပေ၊ စုစုပေါင်း ၆ ပေတည်လျှင် ပိုမိုကောင်းမွန်သည်။မြေတူးရန်၊ သစ်ဆွေးများ၊ မြေဆီလွှာနှင့် အခြား အော်ဂဲနစ် ပစ္စည်းကို ဖယ်ရှားရန်၊ လေးလံသော စက်ပစ္စည်းများကို အသုံးပြုခြင်းသည် ပို၍ မြန်ဆန်သော်လည်း အထူးသဖြင့် သေးငယ်သော စိုက်ခင်းများအတွက် မလိုအပ်ပေ။

မြောင်းများကို တူးအပြီး သစ်ဆွေးများကို စဖြည့်နိုင်ပြီ ဖြစ်သည်။ တစ်နှစ် အနည်းဆုံး ပုပ်ပြီးသော သစ်ဆွေးကိုသာ အသုံးပြုရန်သည် အရေးကြီးပြီး သစ်စိမ်းကို သုံးလျှင် ပုပ်ဆွေးစေရန် မြေကြီးမှ စုပ်ယူရမည် ဖြစ်သည်။ထို့ကြောင့် သစ်ဆွေးကိုသုံးလေလေ နိုက်ထရိုဂျင် ဆုံးရှုံးခြင်းမှ  တားဆီးပေးရုံသာမက ဖြစ်စဉ်တစ်ခုလုံး ကောင်းကောင်းဖြစ်စေရန် စိုက်ခင်းကို ဆွေးမြေ့စေသော မှိုများ၊ ဘက်တီးရီးယားများ ဖြစ်စေမည် ဖြစ်သည်။

ကြိုတင်သိထားသည်မှာ သစ်မာလေလေ ကျိုးပဲ့ ပုပ်ဆွေးရန် ခက်လေလေ ဖြစ်သည်။ မည်သည့်သစ်သည် သင့်ရာသီဥတု၊ သင့်မြေအမျိုးအစားနှင့် သင့်တော်ကြောင်း၊ မည်သည့် သစ်မျိုးစိတ်သည် သင့်ဒေသတွင် ပေါများကြောင်း၊ မည်သည့်သစ်အမျိုးအစားကို စိုက်ခင်းတွင် အသုံးပြုလိုကြောင်း စသဖြင့် ရှာဖွေထားရမည်။ hugelkultur၏ အလှသည် အံဂွင်ဝင်ကျဖြစ်မှု ဖြစ်သည်။ သင် သစ်ကိုသုံးလျှင် သင့်စိုက်ခင်းများ ပိုကောင်းလာမည်ဖြစ်သော်လည်း သစ်ကို မသုံးမနေရဟု၍ သုံးရမည်မဟုတ်ပါ။

သစ်ဆွေးတချို့ကို အထက်အောက်ထားရန် အကြံပြုလိုသည်။ ၎င်းက အပင်များကို စိုစွတ်နေစေမည်ဖြစ်သည်။ ထပ်လောင်း၍မြေဆီလွှာအကျိုးပြု ပိုးမွှားများ သို့မဟုတ် အကျိုးဖြစ်ထွန်းစေသည့် ပိုးကောင်မျိုးစိတ်အချို့တို့ဖြင့် စိုက်ခင်းကို စတည်ခြင်းသည် ကောင်းသော အကြံဖြစ်သည်။ သစ်သည် ခိုင်ခိုင်မြဲမြဲ ဂရုတစိုက် စုပုံထားရမည်ဖြစ်ပြီး နေရာလပ်များ ရှိမနေသင့်ပါ။ စိုက်ခင်းသည် မြင့်ရမည်ဖြစ်ပြီး ထောင့်သည် စိုက်ခင်းကို မြှင့်ထားသည့်အတိုင်း ထုပ်ပိုးထားသကဲ့သို့ အနည်းဆုံး ၄၅ ဒီဂရီ ရှိရမည်။ “ဆွေးမြေ့ခြင်းဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေပြီး အပင်များကို ပျက်စီးစေသော ရွံ့စေးများကို တည်ဆောက်နိုင်သည်” ဟု ပြောသည်။ သစ်ကို အနီးပတ်ဝန်းကျင်ရှိ သစ်ရွက်၊ သစ်စ၊ ကောက်ရိုး၊ ဓာတ်မြေသြဇာ ကဲ့သို့သော ရရှိနိုင်သည့် အော်ဂဲနစ်ပစ္စည်းများဖြင့် ဖုံးအုပ်နိုင်ပြီ ဖြစ်သည်။ စိုက်ခင်း အတွင်းပိုင်း အပြီးတွင် နောက်ဆုံးအလွှာကို လုပ်ဆောင်ရန် သင်အဆင်သင့် ဖြစ်နေပါပြီ။ တူးထားသောနေရာတွင် မြက်များရှိနေလျှင် လူအများစုက မြက်နှင့်ရောကာ ရှိနေသော အော်ဂဲနစ်ပစ္စည်းများကို အဆွေးမြန် စေရန် ထပ်ထည့်စေပေမည်။ မြေတူးထားရာမှ ရလာသည့် မြေဖြင့် နောက်ဆုံးအလွှာကို ပြုလုပ်ရမည်။

ထိုသို့ စိုက်ပျိုးခြင်းသည် မြေဆီလွှာတိုက်စားမှု၊အမြစ်ကြီးထွားမှုကို မြန်စေ၊ လေတိုက်လွင့်ခြင်း၊ မိုးရေထဲတွင် မျိုးစေ့များ ပျောက်ကွယ်သွားခြင်းမှ တားမြစ်ပေးသည်။ ထို့ကြောင့် ဤမြင်ရသော အခြေအနေများကို ထိန်းသိမ်းရန် စိုက်ခင်းများ၏ မျက်နှာပြင်ကို အလွန်အမင်း မချောမွေ့စေသင့်ပါ။

သင့်စိုက်ခင်းတွင် အပင်စိုက်ရန် ရွေးချယ်ရာတွင် စဉ်းစားရန် အမြောက်အများရှိသည်။ ပထမဆုံး အချက်မှာ သင့်နေရာ၏ ရာသီဥတု အကန့်အသတ် ဖြစ်သည်။ hugelkulturစိုက်ခင်းတွင် တူညီသော အပင်များကို စိုက်လိမ့်မည်။ သို့သော်လည်း မြေကြီးပေါ်တွင် စိုက်ရခြင်းထက် အပင်ကြီးထွားရန် ရေပိုလိုအပ်ပေလိမ့်မည်။ hugelkutlurစိုက်ခင်းရှိ သစ်၏ စုပ်ယူနိုင်အားကောင်းမှုနှင့် အော်ဂဲနစ်ပစ္စည်းများကြောင့် ဖြစ်သည်။ သူတို့သည် အခြားစိုက်ခင်းများထက် အကြာကြီး ရေထိန်းသိမ်းထားနိုင်ပြီး ပိုမို ရေထိန်းထားနိုင်သည်။ ထို့ကြောင့် ကြီးကြီးမားမားရေမသွင်းရဘဲ သင့်နေရာတွင် အပင်များ စိုက်ပျိုးရန် ပို ဖြစ်နိုင်သည် ။

စစချင်း နှစ်အနည်းငယ်အတွင်း စိုက်ခင်းများနွေးနေခြင်းသည် မြေဆီလွှာသည် အတွင်းမှ နွေးသည့် အတိုင်း အပင်များကြီးထွားစေသော ရာသီကို ဖြစ်ပေါ်စေသည် (n.d.)။ အပင်ရွေးချယ်ခြင်းသည် သင် ဘာစိုက်လိုသည်မှ လာသော်လည်း ကြိုတင်စဉ်းစားထားရန် လိုအပ်သည်။ မျိုးစိတ်များ၏ ကြီးထွားမှု ကိုလည်း အထောက်အကူပေးပေမည်။ အမြစ်ကောင်းကောင်းတွယ်နိုင်သော အမြဲတမ်း အပင်ကို စိုက်ပျိုးရန်သည်  အရေးကြီးသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့သည် စိုက်ခင်း၏ ဖွဲ့စည်းပုံကို ထပ်ဖြည့်ပေးသည်။ ၎င်းအပြင် သူတို့၏ ရှည်လျားသော အမြစ်သည် အမြစ်တိုသော အပင်ကဲ့သို့သော အခြားကို အကျိုးရှိစေရန် အစိုဓာတ် ရယူပေးပေမည်။ အခြားအရေးကြီးအချက်မှာ စိုက်ခင်းတွင် အသုံးပြုသော အော်ဂဲနစ် ပစ္စည်းကိုဆွေးမြေ့စေခြင်း ဖြစ်သည်။ ရာသီအစောပိုင်းတွင်အာဟာရ အမြင့်ဆုံးအဆင့်ကို မှန်းမျှော်နိုင်သည်။ cucurbits၊ night shades နှင့် apiaceaeကဲ့သို့သော လိုအပ်ချက်များသော အပင်များကိုလည်း စိုက်ပျိုးသင့်သည် ။ နောင်နှစ်များတွင် legumesကဲ့သို့သော (နိုက်ထရိုဂျင်ဖြစ် စေပြီး စိုက်ခင်းအတွက် ဓာတ်မြေသြဇာ ဖြစ်စေသော) လိုအပ်ချက်နည်းသော အပင်များကို စိုက်ပျိုးသင့်သည်။ Mulchသီးနှံကိုလည်း စိုက်ပျိုးနိုင်သည်။ ဤကိုလည်း အထက်၌ ဖော်ပြထားသော အချက်များအားဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ စတော်ဘယ်ရီသည် ကောင်းသော ဥပမာဖြစ်သည်။ သူတို့သည် လွယ်လွယ်ကူကူ ပျံ့နှံ့နိုင်ပြီး မြေအောက်ပိုင်းအရိပ်ရရန် ကောင်းသည်။ အခြားအပင်စိုက်ရန်အတွက် နေရာခက်ခဲပြီး စားသုံးနိုင်သော အသီးကို ထပ်ထည့်ရန်လည်း မလွယ်ကူပါ။ သင့်စိုက်ခင်းများကြားတွင် ခြေချသည့်နေရာရနိုင်သည့်၊ မြေဆီလွှာကို ထိန်းသိမ်းပေး နိုင်သည့် သင့်တင့်ရာ အပင်များစိုက်လျှင် ကောင်းကျိုး ဖြစ်ပေမည်။

Hugelkultur၏ အကောင်းဆုံးအပိုင်းသည် သီးနှံမျိုးစုံကို စိုက်ပျိုးနိုင်သည်။ Hugelkulturသည် သစ်၏ ရေအမြောက်အများ ထိန်းသိမ်းမှု မရှိခြင်းထက် ကြီးထွားမှုအတွက် ရေအနည်းငယ်သာ လိုအပ်သော နည်းစနစ်ဖြစ်သည်။

ပိုမိုသိရှိလိုပါက ကိုးကားထားချက်များအပြင် အင်တာနက်တွင် စိုက်မျိုးရေးနှင့် ပတ်သက်သော တွေ့ရှိမှုများ၊ ဘလော့များကို ကြည့်ရှုနိုင်သည်။ 

ကိုးကားထားချက်များ

Wheaton, P. (n.d.). Hugelkultur: The ultimate raised garden beds. website: http://www.richsoil.com/hugelkultur/

Holzer, S. (2011). Sepp holzer’s permaculture: A practical guide to small-scale, integrative farming and gardening.Retrieved from http://www.krameterhof.at/pdf/presse/permaculture-pm68.pdf

ADDITIONAL RESOURCES:

  1. http://www.permies.com/t/17/hugelkultur/hugelkultur
  2. http://permaculture.org.au/2012/01/04/hugelkultur-composting-whole-trees-with-ease/#more-6825
  3. http://communities.ic.org/articles/1507/Hugelkultur_on_the_Prairie_or_Learning_from_Our_Mistakes

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်