ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ

07/03/2024 13:30 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၉၃)

စားမှိုစိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်းရွက်မှန်စုံ ပျိုးပင်ပေါက်ခင်း များတွင် သုံးစွဲခြင်း (၁၂)

စူပါအစားအစာဖြစ်ပြီး ကပ်ရောဂါ ကင်းလွတ်စနစ်ကောင်းစေသော ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ 

ဆေးပညာရှင်များစွာ၏ လေ့လာတွေ့ရှိချက်အရ အန်တီအောက်ဆီးဒန့် ဖလေဗိုနွိုက်သည် ခန္ဓာကိုယ်တွင်း ကိုဗစ် ၁၉ ရောဂါ  ပျံ့နှံ့မှုကို ဟန့်တားသည်။ ကပ်ရောဂါကင်းလွတ်စနစ် ကောင်းစေခြင်းသည် ဗိုက်တာမင် စီ၊ ဒီ၊ အီး၊ ဇင့်နှင့် ဖလေဗိုနွိုက်အချင်းချင်း ဆက်နွယ်နေသည်။ စားသုံးသူတစ်ဦးတည်းအတွက်ဖြစ်စေ၊ အစုအဝေးတွင်းမှာဖြစ်စေ ကိုဗစ် ၁၉ ရောဂါ ဖြစ်စဥ် ကူးစက်ကျရောက်မှု ဆန့်ကျင်သော ကွင်းဆက် ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ ပညာရှင် အာမက်နှင့် အဖွဲ့(၂ဝ၂၁) ၏ တွေ့ရှိချက်များသည် ကပ်ရောဂါ ကျရောက်သော ကာလ တစ်လျှောက်လုံး ထောက်ခံထားသော ဗိုက်တာမင်များချို့တဲ့မှု လျော့ကျရန်အတွက် စားသုံးသူများသည် ထောက်ခံထားသော ဓာတ်စာများကို ပုံမှန်စားသုံးသင့်သည်ဟု လမ်းပြထားသည်။ ရာနီနှင့် အဖွဲ့ (၂ဝ၂ဝ) က တင်ပြခဲ့သော ဖြည့်စွက်ဓာတ်စာ တမျိုးဖြစ်သော မိုက်ခရိုဂရင်းကို ဓာတ်စာအဖြစ် ပုံမှန်စားနေခြင်းသည် ကိုဗစ် ၁၉ ကပ်ရောဂါကင်းလွတ်ကာ ကိုယ်ခံစွမ်းအား မြင့်စေသည် ဟူသော တင်ပြချက်ကို ခိုင်မာစေသည်။ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပေါ်လာပြီးနောက် စားသုံးသူများသည် ကိုယ်ခံစွမ်းအား မြင့်စေသော အန်တီအောက်ဆီးဒန့်ကြွယ်ဝသော အစားအစာများ၊ ကျန်းမာရေးအထောက်အကူပြု ဖြည့်စွက်စာများ ပိုမိုစားသုံးမှု မြင့်တက်လာသည်။ ရာနီနှင့် အဖွဲ့ (၂ဝ၂ဝ) က တင်ပြခဲ့ သော တွေ့ရှိချက်များသည် (၁) မိုက်ခရိုဂရင်းသည် ဖြည့်စွက် ဓာတ်စာတစ်မျိုးဖြစ်သည်။ (၂) ဓာတ်စာ အန်တီအောက်ဆီးဒန့် ပါဝင်သည်။ ကိုဗစ် ၁၉ ကပ်ရောဂါကို ကိုယ်ခံအားကောင်းပြီး ကပ်ရောဂါကင်းလွတ်စနစ် ကောင်းစေ သော အာဟာရများပါဝင်သည်။ အဆီပါဝင်မှုနည်းသည်။ ကိုလက်စထရော မပါဝင်ပါ။ အူလမ်းကြောင်း ကောင်းစေသည်။ အကြောင်းရင်းကတော့ မိုက်ခရိုဂရင်းအများစုတွင် ကိုယ်ခံစွမ်းအား မြင့်စေသော ဓာတ်စာ အန်တီအောက်ဆီးဒန့်၊ ဗိုက်တာမင် ပါဝင်မှုနှုန်းသည် အရွယ်ရောက်အပင်များထက် အဆများစွာ မြင့်သောကြောင့်ဖြစ်သည်။

စူပါအစားအစာအဖြစ် လက်ခံထားသော အချို့မိုက်ခရိုဂရင်းများသည် ကပ်ရောဂါများကို ခံနိုင်သော ကိုယ်ခံစွမ်းအား မြင့်စေသည်။ ဘာကြောင့်လဲ..? ဘယ်လိုအာဟာရတွေပါလို့လဲ..?

မိုက်ခရိုဂရင်းစားခြင်းသည် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေသည်။

၁။ မိုက်ခရိုဂရင်းတွင် ဓာတ်စာ အန်တီအောက်ဆီးဒန့်ပါသောကြောင့် ကပ်ရောဂါများကို တွန်းလှန်နိုင်သော ကိုယ်ခံစွမ်းအားမြင့်စေသည်။

၂။ မုံညင်းမုံလာမျိုးရင်းဝင် အပင်များအနက် အချို့သည် ဗိုက်တာမင်စီ၊ ဗိုက်တာမင် အီး၊ ဘီတာကယ်ရိုတင်း၊ ပိုလီဖီနောနှင့် အခြား ဇီဝဆိုင်ရာ ရောဂါဆန့်ကျင်ဓာတု ပစ္စည်းများပါဝင်သည်။

၃။ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေသည်။

၃။ အခြား မိုက်ခရိုဂရင်းများတွင်လည်း ၎င်းကဲ့သို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပါဝင်ပါသည်။ စူပါအစားအစာဟု ဖော်ပြထားသော  မိုက်ခရိုဂရင်းများအနက် အောက်ပါ မိုက်ခရိုဂရင်းများတွင် ပါဝင်မှုမြင့်သဖြင့် ကပ်ရောဂါ ခံနိုင်သော (သို့မဟုတ်) ပြန်လည် ကျန်းမာသည့်ကိုယ်ခံစွမ်းအား မြင့်စေသော သုတေသနကို ကိုဗစ်ကပ်ရောဂါအပြီး ဆောင်ရွက်ပြီး အဖြေများထုတ်ခဲ့သည်။ ခေတ်နှင့်အညီ ဟင်းသီးဟင်းရွက် အပါအဝင် အစားအစာကို အစာလည်းဆေး ပုံစံဖြင့် စားလာကြသည်။

မိုက်ခရိုဂရင်းတွင် မည်သည့် ဓာတ်စာ အန်တီအောက်ဆီးဒန့်များစွာပါဝင်ပါလဲ? ဘယ်အတွက်ကောင်းတာလဲ?

ဘီတာ ကယ်ရိုတင်းပါခြင်း

စိုင်လန်ထရို /နံနံတွင်ပါသော ဘီတာ ကယ်ရိုတင်းသည် ဗိုက်တာမင် အေ သို့ ပြောင်းလဲပြီး ကပ်ရောဂါများကို တွန်းလှန်နိုင်သောကိုယ်ခံစွမ်းအား မြင့်စေသည်။ ဘီတာ ကယ်ရိုတင်း ပါဝင်မှုသည် ကယ်ရိုတီနွိုကပါဝင်မှုများစေပြီး လူတိန်း ပြင်းအား မြင့်စေသည်။ ကပ်ရောဂါများကို တွန်းလှန်နိုင်သောကိုယ်ခံစွမ်းအား မြင့်စေသည်။

ဗိုက်တာမင် စီ  များစွာပါခြင်း

ဗိုက်တာမင် စီသည် ပန်းမုံလာအစိမ်း၊ ပဲနံ့သာ၊ မုံလာဥများတွင် ပါဝင်သည်။ ထို့အပြင် ရာသီအလိုက်ဖြစ်သာ အင်ဖလူရန်ဇာ ကပ်ရောဂါကို တွန်းလှန်နိုင်ပြီး ကိုယ်ခံစွမ်းအား မြင့်စေသည်။ မုံလာဥသည် အက်စကောဘစ်အက်ဆစ်၊ ဘီတာကယ်ရိုတင်း ပါဝင်မှုသည် အရွယ်ရောက် မုံလာထုတ်များထက် ပို မြင့်သည်။ ကယ်ရိုတီနွိုက်၊ အက်စကောဘစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ် ၊ ဖီနောလစ်ကွန်ပေါင်း၊ ဖလေဗိုနွိုက်၊ အန်သိုစိုင်ရာနင် ပါဝင်မှုမြင့်သည်။ ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကာဖိုဟိုက်ထရိတ်၊ ပရိုတင်ပါဝင်မှုမြင့်သည်။  အာဟာရဓာတ်ကေပါဝင်မှုသည် အရွယ်ရောက်ပင်များထက် အဆ ၄ဝ ပိုမြင့်သည်။ မုံလာဥတွင် ဗိုက်တာမင် အေ၊ စီ ၊ အမျှင်ဓာတ်ကြွယ်ဝစွာပါနေခြင်းသည် အစာခြေစနစ်ကို ကောင်းစွာ လုပ်ဆောင်ပေးနိုင်သည်။ ရောဂါဖြစ်ပြီး ပြန်လည်ထူထောင်မှု မြန်စေသည်။

ဗိုက်တာမင် ဘီ ၆  ပါခြင်း

ပဲနံ့သာတွင် ဗိုက်တာမင် ဘီ၉/ဖိုလိတ် ပါဝင်မှု မြင့်သည်။ အစာခြေအားကောင်းသည်? အူလမ်းကြောင်းကောင်းသည်။ ခန္ဓာကိုယ်တွင်းယောင်ရမ်းမှု သက်သာစေသည်။ အင်နာဂျီ ထုတ်သည်။ ပိုတက်စီယံ၊ မင်နရယ်၊ ဖီနောလစ်နှင့် ဖလေဗိုနွိုက် ထုတ်သည်။ 

ဇင့်ပါခြင်း

မိုက်ခရိုဂရင်း (ဘရိုကိုလီ/ပန်းမုံလာအစိမ်း) တွင် ဇင့်ပါဝင်မှုသည် မြင့်သည်။ ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဖီနော ၁၂.၆ မှ ၁၉.၃ မီလီဂရမ် ) သည် အရွယ်ရောက်အပင်များထက် ၁ဝ ဆပိုမိုပါဝင်သည်။ အူလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါများ သက်သာသည်။ ကပ်ရောဂါများကို ခံနိုင်သောကိုယ်ခံစွမ်းအားမြင့်စေသည်။ ဘရိုကိုလီ မိုက်ခရိုဂရင်းများသည် ဘီတာ ကယ်ရိုတင်းနှင့် ကယ်ရိုတီနွိုက် ကြွယ်ဝသည်။ ပိုလီဖီနောဘီတာကယ်ရိုတီနွိုက် အန်တီအောက်ဆီးဒန့် ပါဝင်မှုမြင့်သည်။ ဘရိုကိုလီ မိုက်ခရိုဂရင်း အသက်ငယ်လေ စူပါအစားအစာ အရည်အသွေး ပြည့်ဝလေဖြစ်သည်။ ရောဂါဆန့်ကျင်ဓာတု ပစ္စည်းတမျိုးဖြစ်သော ဆာဖိုရာဖိန်း အများဆုံးပါသည်။ ဆဲလ်ပျက်စီးခြင်း၊ အဖုအကြိတ် ကြီးထွားမှုနှေးခြင်းနှင့် ရောင်ရမ်းမှုကို နှေးစေသည်။ သွေးတွင်းအချိုဓာတ် ကျစေသည်။

သုံးသပ်ချက်

မည်သို့ဆိုစေ ပိုမိုတိုးတက်ပြီး၊ အစားအစာ လုံခြုံ စိတ်ချရသော ဓာတုပစ္စည်း ယုံကြည်စွာစားသုံးနိုင်ကြောင်း၊ အလွှာအသီးသီးမှ စားသုံးသူများ စိတ်ဝင်စားဖို့လိုအပ်သည်။ စျေးနှုန်းသက်သာလွယ်ကူစွာ ဝယ်ယူနိုင်သော၊ ကိုယ်တိုင်စိုက်ပျိုးပြီး လတ်လတ် ဆတ်ဆတ် စားနိုင်ကြောင်း အသိပညာပေးခြင်း၊ သုတေသနတွေ့ရှိချက်များ ဖြန့်ဝေခြင်းများ ဆက်လက် လိုအပ်နေသေးသည်။ ကပ်ရောဂါ ဖြစ်ပေါ်ကာလတွင် စိတ်ငြိမ်စေသော စိုက်ရလွယ်သော မိုက်ခရို ဂရင်းများကို စိုက်ရန် အကြံပြု နှိုးဆော်ထားသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်