ရေကောင်း ရေသန့် ရရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ

05/06/2018 15:37 PM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

ရေကောင်းရေသန့်ရဖို့၊ ရေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ဆိုတာ.............

လူတိုင်း၊ လယ်သမား၊ စက်ရုံအလုပ်ရုံများ၊ အိမ်ပိုင်ရှင်၊ လှေသမားတွေ အားလုံး ပါဝင်ရပါမယ်။ တစ်ဉီးတစ်ယောက်ထဲက လုပ်ယူလို့ မရပါဘူး။ ရေက ညစ်ပတ်ပြီဆိုတာကတော့ အားလုံးအတွက် သတင်းဆိုးပါပဲ။ ပြဿနာ အသေး၊ အကြီး စုံပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးပါ။ ရေက တစ်ဆင့်ဖြစ်တဲ့ ဝမ်းရောဂါမျိုးစုံက လူသားတွေကို တိုက်ခိုက်ကြပါတော့မယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ပေါ့။

ရေထုညစ်ညမ်းမူကို ကာကွယ်ဖို့ဆိုရင်…..

မိုးရေစီးတဲ့ လမ်းကြောင်းကို ရေထုညစ်ညမ်းမှုမရှိတဲ့ ရေစီးရေလာ ကောင်းမွန်တဲ့ဆီကို လွှဲပေးပါ။

ရေကို ကျိုချက်ပြီးမှ သောက်ပါ။

တစ်ကိုယ်ရေသုံး ပစ္စည်းများတွေကို စနစ်တကျ မစွန့်ပစ်ခဲ့ရင် ရေပေးဝေတဲ့ နေရာ အထိ ရောက်သွားနိုင်ပါတယ်။ ဒါတွေက ပတ်ဝန်းကျင်ကို ထိခိုက်စေရုံတင်မကဘဲနဲ့ လူသားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ကျန်းမာရေးအတွက် မရှိမဖြစ် ရေကောင်း ရေသန့်

ရေညစ်ညမ်းမှုဆိုတာ ရေထဲမှာ လူ(သို့) ပတ်ဝန်းကျင်ကို ဒုက္ခ (ဆိုးကျိုး) ပေးနိုင်တဲ့ အရာဝတ္ထုတွေ ပါဝင်လာတာကို ဆိုလိုပါတယ်။ အမှိုက်သရိုက်တွေလို အညစ်အကြေးတွေက သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အညစ်အကြေး အများစုကတော့ သာမန်မျက်စိနဲ့ မြင်နိုင်တာ မဟုတ်ပါဘူး။

ကပ်ပါးပိုးများ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များကို မိုက်ခရိုစကုပ်လို့ခေါ်တဲ့ အဏုကြည့်မှန်ပြောင်းနဲ့မှသာ မြင်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေဆိုရင်တော့ မိုက်ခရိုစကုပ်နဲ့တောင် မမြင်နိုင်တော့ပါဘူး။ အခြားကိရိယာတွေနဲ့ ဓာတ်ခွဲဆန်းစစ်မှုကို လုပ်ရပါတော့မယ်။ 

လူဉီးရေ ထူထပ်လာတာ တစ်ခုထဲကြောင့် သာမက ပင်လယ်သမုဒ္ဒရာထဲ အမှိုက်သရိုက်တွေ၊ အဆိပ်အတောက်တွေ စွန့်ပစ်နေကြတာတွေ၊ အညစ်အကြေးတွေနဲ့ ရေနံတူးစင်၊ ရေနံတင်သင်္ဘောတွေက ရေနံတွေယိုစိမ့်ခြင်း အစရှိတာတွေကြောင့် ရေထုကို ပိုမိုညစ်ညမ်းစေပါတယ်။

ရေထုကို ညစ်ညမ်းစေတဲ့ ပစ္စည်းတွေက ဘာတွေများလဲ

၁။ မိလ္လာ

၂။ အညစ်အကြေး

၃။ အဆီ (စားသုံးဆီ၊ ဓာတ်ဆီ၊ ရေနံ၊ ချောဆီ စသည်.....)

၄။ ပိုးသတ်ဆေးများ

၅။ ဓာတ်မြေသြဇာများ

၆။ အက်ဆစ်

၇။ ဓာတုပစ္စည်း

စက်ရုံတွေက ကုန်ထုတ်လုပ်ရင်း ရေတွေကို အပူပေးပြီး မအေးသေးခင် ရေထုထဲကို  ပြန်စွန့်ထုတ်တဲ့အခါ အပူဓာတ်ဆိုင်ရာ အညစ်အကြေးကို ကြုံတွေ့ရပါတယ်။ ရေပူ (သို့) ရေနွေးမှာ အောက်စီဂျင်ပျော်ဝင်နိုင်မှု နည်းပါးတာကြောင့် ငါးတွေ ရှင်သန်ပွားဖို့ မလွယ်တော့ပါဘူး။

စက်ရုံက စွန့်ပစ်တဲ့ အရည် အနယ်တွေကနေ ပါလာတဲ့ ဓာတုပစ္စည်းတွေဟာ ငါးတွေရဲ့ အသားစတွေမှာ စုလာတဲ့အခါ စားသုံးဖို့ မသင့်တော်ပါဘူး။

မြက်ခင်းတွေ၊ လယ်ယာလုပ်ငန်းတွေမှာ သုံးတဲ့ မြေသြဇာတွေက ရေညှိပွားခြင်းကို ရှင်သန်ဖို့ အားပေးပါတယ်။ ဒီရေညှိတွေက ရေထဲကအောက်စီဂျင်ကို အတင်းလုယူနိုင်တာမို့ ငါးဖားသတ္တဝါငယ်လေးတွေ ရှင်သန်ဖို့ ခက်စေပြီး ရေကို ရေသေဖြစ်စေပါတယ်။

reference: internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပိုစတာရယူရန် - http://bit.ly/2M54GBm


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်