အစားအစာဘေးကင်းလုံခြုံမှုနှင့် ယင်း၏အရေးပါမှု

11/07/2023 17:07 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာဆိုသည်မှာ လူသားတစ်ဦး၏ အသက်ရှင်သန်ရန် အဓိကလိုအပ်ချက်များထဲမှ အရေးအကြီးဆုံးအချက် တစ်ခုဖြစ်ပါသည်။ အစားအစာစားသုံးခြင်းမှရရှိသော အာဟာရဓာတ်များသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင် စေရန် ကျွန်ုပ်တို့အတွက်လိုအပ်သည့် စွမ်းအင်နှင့် အာဟာရကိုပေးစွမ်းပါသည်။ အစားအစာများသည် လူ့အဖွဲ့အစည်းအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အာဟာရရှိကာ၊ ဘေးကင်းသော အစားအစာများကို စားသုံးခြင်းဖြင့် ပျော်ရွှင်ကျန်းမာသော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ လူတိုင်းသည် ဘေးကင်းသည့် အစားအစာများကို စားသုံးနိုင်ဖို့ အခွင့်အရေးရှိပါသည်။ ထို့အတူ လူတိုင်းသည်လည်း “အစားအစာ ဘေးကင်းလုံခြုံမှုဟာ ဘာကြောင့် အရေးကြီးသလဲ” ဆိုသည့် မေးခွန်းကို ဦးစားပေး စဉ်းစားသင့်ပါသည်။

နှစ်စဉ်ကမ္ဘာတစ်၀န်းရှိ သန်းနှင့်ချီသောလူများ (လူဆယ်ယောက်လျှင် တစ်ယောက်နှုန်း) သည် အစားအစာကြောင့် ဖြစ်သော ပြင်းထန်သည့်ရောဂါများကို ခံစားနေကြရပါသည်။ အစားအစာများ စားခြင်းမှ ဖြစ်ပေါ်လာသော ရောဂါများကြောင့် နိုင်ငံ၏ကုန်သွယ်ရေး၊ ခရီးသွားလာမှုလုပ်ငန်းများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေရုံ မျှမက နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များထောင်းကာ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုပါ နှောင့်နှေးကြန့်ကြာ စေနိုင်ပါသည်။ အစားအစာဘေးကင်းလုံခြုံရေးသည်  ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လူဉီးရေသည်လည်း တစ်ရှိန်ထိုး တိုးမြင့်နေသည့်အတွက် ယခင်ကထက် ပိုမိုအရေးတကြီးဆောင်ရွက်ရန် လိုအပ်လာပါသည်။

အစားအစာဘေးကင်းရေးဆိုသည်မှာ စိုက်ပျိုးခြင်း၊ ကုန်ကြမ်းပြင်ဆင်ခြင်း၊ ကုန်ကြမ်းလက်ခံခြင်း၊အစားအသောက် ပြင်ဆင်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သိုလှောင်ခြင်း၊  ဖြန့်ဖြူးခြင်း နှင့် စားသုံးခြင်း (Farm to Fork) လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကျင့်သုံးသည့် သန့်ရှင်းမှုနှင့်ညီညွတ်သော အစားအစာကိုင်တွယ်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များကို ရည်ညွှန်းပါသည်။ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် (ပုံ၁) ၏ အဖွဲ့ဝင်အားလုံးသည် အစားအစာဘေးကင်းမှုကို ထိန်းသိမ်းရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။ သင်သည် အစားအသောက်ရောင်းချသူ၊ အစားအသောက်လုပ်ငန်းပိုင်ရှင်၊ ထုတ်လုပ်သူ သို့မဟုတ် စားသုံးသူ ဖြစ်ပါစေ၊ သင့်တွင် အစားအသောက်ဘေးကင်းရေးအတွက် လုပ်ဆောင်ရမည့် အရေးပါသောအစိတ်အပိုင်းတစ်ခုရှိပါသည်။ ထို့ကြောင့် “Food safety is everyone’s business” ဆိုသည့်အတိုင်း အစားအစာ ဘေးကင်းလုံခြုံမှုသည် လူတိုင်းပါ၀င်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရား တစ်ရပ်ဖြစ်ပါသည်။

 

Caption

ပုံ- စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်