ဝရန်တာမှာ ဘယ်လိုစိုက်ပျိုးရမလဲ..မောင်နီ

02/04/2026 16:30 PM တွင် မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

ထည့်စရာတစ်ခုခုနဲ့ စိုက်ပျိုးကြရမှာပေါ့။ ဘာလို့ဆိုတော့ မောင်နီတို့ တောမှာလို ခြံကျယ်ကျယ် မြေနေရာမကျန်တော့ဘူးဆိုတော့ မောင်နီတို့ကတော့ တိုက်ခန်းတွေမှာ နေရရင်တော့လည်း စားချင်တာလေးတော့ စိုက်ဦးမှာပဲ။ အမြင်လည်း အေးတယ်လေ။ ရှေ့ဝရန်တာရော နောက်ဖက်က လှေကားနေရာမှာရော နေရောင်ရရင် အပင်လေးတွေ စိုက်ပြီး အပန်းဖြေချင်သေးတာရယ်။

မောင်နီတို့ ဘယ်လိုစိုက်ကြမလဲ?

  • ထည့်စရာတစ်ခုခုနဲ့ ထည့်စိုက်မှာပေါ့။ 
  • ပထမဆုံးကတော့ သီးနှံရွေးရမှာပေါ့။ ဘာသီးနှံစိုက်မလဲ ဘာတွေစိုက်ချင်လဲ ဆိုတာလေးတွေ။ 

နောက်အဆင့်ကျ ပျိုးရမယ်။

ပျိုးတာကတော့ ပျိုးဗန်းလေးတစ်ဗန်းဝယ်ပြီး ပျိုးထားလည်းရတယ်။ မဟုတ်ရင်လည်း ဖော့ခွက်တို့၊ သရက်ရွက်လိပ်တို့ လုပ်ပြီးတော့လည်း ပျိုးလို့ရတယ်။ ဒါဆို တိုက်ခန်းနဲ့နေလည်း ပျိုးပင်လေးတွေ ရောင်းစားလို့ရတယ်နော်…

မြေပြင်ဆင်

မြေကြီး​(၁)ဆ၊ မြေဆွေး (၁) ဆ နဲ့ သဲ ဒါမှမဟုတ်ရင် ဖွဲပြာ (၁) ဆ ရောပြီးတော့ ကြွပ်ကြွပ်အိတ် အမဲနဲ့ ထည့်ပြီးတော့ နေ့တစ်ဝက်လောက်ထားလိုက်ရင် ပိုးသတ်ပြီးသားဖြစ်သွားရော။ အချိန်ရှိတယ်ဆိုရင်တော့ (၁၀) မိနစ်လောက် လှော်ပေးလိုက်လို့ရတယ်။ ရေလေးတော့ ဖျန်းဖျန်းပေးရမယ်။ အစိုဓာတ်ပြတ်လို့မရဘူး၊ သူက ရေနွေးငွေ့နဲ့ ပိုးသတ်သလိုမျိုး လုပ်တာဆိုတော့။ 

အဲ့လိုလုပ်ပေးရင် ပျိုးပင်သေးသေးလေးတွေမှာ ရောဂါကျတာကိုကာကွယ်ပေးနိုင်တယ်။ 

ပြီးတော့မှ အဲ့မြေကြီးကိုယူ ခွက်လေးတွေထဲဖြည့်ပြီး ပျိုးထောင်မယ်ပေါ့။

ကန်စွန်းတို့ မုန်ညှင်းတို့ဆိုရင်ကျတော့ တိုက်ရိုက်စိုက်ပျိုးလို့ရတယ်ဆိုတော့ ပျိုးခွက်နဲ့ပျိုးစရာမလိုပဲနဲ့ တစ်ခါတည်း အိုးထဲ ထည့်စိုက်လို့ရပါတယ်။ 

တစ်ခါတည်းစိုက်မယ်ဆိုရင်လည်း မြေစပ်နည်းက တူတူပဲနော်။ မြေကြီး (၁) ဆ ကနေ (၂)ဆ၊ မြေဆွေး (၁) ဆနဲ့ သဲ (ဒါမှမဟုတ်) ဖွဲပြာ (၁) ဆ ထည့်ပြီးတော့ပြင်ထားရင် ရပြီ။

ထည့်စရာပြင်ဆင်မယ်

အမြစ်က မြေကြီးအနက် ဘယ်လောက်ဆင်းလဲ ဆိုတာ စဉ်းစားကြည့်ရပါမယ်။ အမြစ်နက်နက် ဆင်းတတ်တဲ့ ခရမ်းချဉ်တို့၊ ခရမ်းတို့ နဲ့ ကြက်ဟင်းခါးတို့လို အပင်တွေဆိုရင်တော့ အနက် (၁) ပေလောက်ရှိတဲ့ ထည့်စရာပြင်ဆင်ရပါမယ်။ 

အမြစ်တိမ်တဲ့ အပင်တွေ - ရွက်စားသီးနှံတွေ - ကန်စွန်း၊ မုန်ညှင်းတို့ ချဉ်ပေါင်တို့လိုကျတော့ (၈) လက်မလောက် အနက်ရှိတဲ့ အိုးတွေ ခွက်တွေဆိုရင် ရပါတယ်။ 

အောက်ခြေမှာ ရေဆင်းပေါက်ရှိရမယ်နော်။ ဖောက်ဖို့ မေ့ကြရင်ဖြင့် အပင်လေးတွေ ရေမွန်းရပါလိမ့်မယ်ဗျ။

ရွှေ့ပြောင်းစိုက်ဖို့

ပျိုးပင်လေးတွေကို မနက်ပိုင်းရေဖြတ်၊ နေရောင်နည်းနည်းပြပြီး ညနေပိုင်းမှာ ရွေ့စိုက်ရမယ်။ ရွှေ့စိုက်ပြီးတာနဲ့ ချက်ချင်း ရေလောင်းပေးရမယ်နော်။

မြေသြဇာလည်း ကျွေးရမယ်။ သီးနှံတစ်မျိုးနဲ့တစ်မျိုး မြေသြဇာကျွေးဖို့က မတူတာမို့ ဒါလေးက နောက်ပိုင်းကျရင် တင်ဆက်ပေးပါဦးမယ်နော်။ 

ရေလည်း လောင်းရမယ်။ ပုံမှန် ညနေခင်း မနက်ခင်း ရုံးမသွားခင်လေး ရေလေး လောင်းသွားပေးလို့ရပါတယ်။ 

အပင်တက်လာပြီဆိုရင် လိုအပ်တာလေးတွေလည်း လုပ်ပေးရပါဦးမယ်။ တုတ်ထောက်ပေးတာလိုမျိုး ခရမ်းချဉ်လို အပင်တွေမှာ လိုအပ်ပါတယ်။ စိတ်ညစ်နေရင် ထ ပြီးတော့ အပင်လေးတွေ နေရာချ၊ မြေသြဇာလေးကျွေးလိုက်၊ ရေလေးလောင်းလိုက်နဲ့ stress relief တစ််မျိုးလေးပေါ့။ မောင်နီက ဒါတွေလည်း သိတယ်ဗျ။

ပိုးကျလို့ဆိုရင် ဘာလုပ်ရမလဲ

- အိမ်မှာပဲ လုပ်လို့ရတဲ့ လက်လုပ်ဆေးနည်းတွေ ထပ်တင်ပေးဦးမယ်နော်။ ဓာတုဆေးလည်း သုံးလို့ရပေမဲ့လို့ အိမ်ဝရန်တာမှာ အော်ဂဲနစ်လေး စားချင်လို့ စိုက်တာလေ…နော့…

ကဲ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ကြပါစေ။ ဝါသနာပါရင် ဝရန်တာ စိုက်ခင်းလေးကို ဗီဒီယိုရိုက်ပြီးတော့ တစ်တော့မှာ တင်လို့ရပါသေးတယ်နော့်။ အဲ့ကျ မောင်နီ့ကို လာပြကြပါဦး….လို့


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်