ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)

13/08/2020 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

    ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)ဆိုသည်မှာ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးထိခိုက်စေသောအဆင့်သို့ မရောက်အောင် လျော့ချရန်အတွက် ဓါတုဆေးတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ သင့်တော်သောနည်းလမ်းများဖြင့် အချိန်အခါနေရာဒေသကိုလိုက်၍ ရနိုင်သမျှနည်းလမ်းများကို တွဲဖက်ကျင့်သုံးသော နည်းစနစ်ဖြစ်ပါသည်။ 

ကာကွယ်နှိမ်နင်းရေးနည်းစနစ်များမှာ - 

၁. စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်ခြင်း

၂. ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

၃. လူအင်အားဖြင့် ကာကွယ်ခြင်း

၄. ဇီ၀နည်းဖြင့် ကာကွယ်ခြင်း 

၅. ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်ခြင်းတို့ဖြစ်ပါသည်။ 

စိုက်နည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် စိုက်ပျိုးရေးနည်းစနစ်များဖြစ်သော ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်ခြင်း၊စိုက်ခင်းကို သန့်ရှင်းခြင်း၊ သီးနှံ အချိန်မှန်စိုက်ခြင်းနှင့် သီးလှည့်စိုက်ခြင်း၊ မျိုးစေ့သန့်စင်ခြင်း၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲခြင်း၊ ထယ်မထိုးခင် ရေလွှမ်းခြင်း၊ ပျိုးခင်းကို ဇကာများဖုံးအုပ်အသုံးပြုခြင်း၊ သီးနှံကျန်းမာသန်စွမ်းရန် ထိန်းသိမ်းခြင်း၊ ဖျက်ပိုးများဖျက်ဆီးမှုမှ ကင်းဝေးစေရန် ၎င်းတို့အတွက် ဆိုးရွားသောအခြေအနေများ ဖန်တီးပေးခြင်းကဲ့သို့သော တိုးတက်သောလယ်ယာစိုက်ပျိုးရေးစနစ်များ ပါဝင်သည်။

လူအင်အားဖြင့် ကာကွယ်ခြင်း

    ဤနည်းစနစ်သည် ဖျက်ပိုးများကို ဓါတုဆေးဝါးများကိုမသုံးစွဲဘဲ လူအင်အားဖြင့်ကာကွယ်ခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် - စပါးဆစ်ပိုးကျရောက်ပါက ဆစ်ပိုးဥမြုံများရှိသော စပါးအရွက်ထိပ်ကိုဖြတ်၍ ဖျက်ဆီးခြင်း၊ ကြွက်များကို ကြွက်ထောင်ချောက်ဖြင့်ဖမ်း၍ ကာကွယ်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

    ဤနည်းစနစ်သည် အပင်ထွက်ပိုးသတ်ဆေးများ အသုံးပြုခြင်း၊ နေရောင်ခြည်လေဒီယိုသတ္တိကြွမှုစနစ်ကို အသုံးပြု၍ကာကွယ်ခြင်း၊ ဖျက်ပိုးအထီးများကို မြုံအောင်ပြုလုပ်ပြီး ဖျက်ပိုးအရေအတွက်နည်းအောင် လျော့ချခြင်း၊ အပူချိန် အနမ့်အမြင့်ပြောင်းလဲ၍ ဖျက်ပိုးအရေအတွက်လျော့ကျအောင်ပြုလုပ်ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အသုံးပြု၍ ဖျက်ပိုးများကို သေစေနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ခေတ်သစ်ဘက်စုံကာကွယ်နှိမ်နင်းစနစ်များတွင်အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစနစ်တွင် ဖျက်ပိုးများထိန်းချုပ်ရန်နှင့် ၎င်းတို့ကို ဖျက်ဆီးရန်အတွက် သားရဲတိရိစ္ဆာန်များ၊ ကပ်ပါးကောင်များ၊ ကပ်ပါးမှိုများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏အရေအတွက်များကို တိုးပွားခြင်းတို့ပါဝင်သည်။ ထို့ကြောင့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းစနစ်သည် ဘေးကင်းခြင်း၊ ရေရှည်တည်တံ့စေခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်သော နည်းစနစ်ဖြစ်သည်။ သို့သော်လည်း ဤစနစ်သည် ဓါတုဆေးများအသုံးပြုသကဲ့သို့ လျင်မြန်စွာ အစွမ်းသက်ရောက်မှုမရှိခြင်းနှင့် အချို့သောဖျက်ပိုးမျိုးစိတ်များကိုသာ နှိမ်နင်းနိုင်သည်။

ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် ဓါတုပိုးသတ်ဆေးများကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ၎င်းစနစ်သည် ဖျက်ပိုးများကို ထိရောက်လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။ သို့သော်လည်း ဓါတ်ပိုးသတ်ဆေးများသည် မိတ်ဆွေပိုးများကိုလည်း သေစေနိုင်ပါသည်။ ဓါတုပိုးသတ်ဆေးသုံးစွဲခြင်းသည် တောင်သူနှင့် စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဖျက်ပိုးများသည်လည်း ဆေးယဉ်ပါးလာနိုင်ပါသည်။ 

    အထက်ပါနည်းစနစ်များမှ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုကို အောက်ပါပုံ (၂)တွင် လေ့လာပါ။ 

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး (OSH) နှင့် ဘက်စုံသီးနှံကာကွယ်နိမ်နင်းရေး (IPM)

ကိုးကား - ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ 

https://ppdmyanmar.org/Mm/biological-control-section/#1528512683529-ef4964fc-7de2

ဆောင်းပါးရေးသာသူ - ဒေါ်သင်းသင်းလဲ့ (လက်ထောက်ညွှန်ကြားရေးမှူး)၊ သီးနှံပိုးမွှားကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်