မော့ကနင်ကျေးရွာ၊ တောင်သူအတွက်အင်တာနက်နှင့် အစိမ်းရောင်လမ်းစိုက်ပျိုးရေးဖုန်းတော့ဝဲလ် အသုံးပြုနည်း သင်တန်းနှစ်ရက်အတွင်း အသက် ၆၅ နှစ်အရွယ်ရှိ ရာဘာစိုက်တောင်သူအမျိုးသမီးကြီးဒေါ်လှရှိန်တစ်ယောက် အသက်အရွယ်နှင့်မလိုက်အောင် တက်ကြွနေတာကိုတွေ့ရပါသည်။
သင်တန်းမနက်ပိုင်း တက်ရောက် ပြီးချိန် ဒေါ်လှရှိန်တစ်ယောက် −
အမေ − သမီးရေအမေ့ကိုဖုန်းလေးဝယ်ပေးပါအုံး။
သမီး − သမီးမအားဘူးလေအမေနောက်မှဝယ်ပေးမယ်။
အမေ − သင်တန်းမှာကဖုန်းသုံးတာတွေသင်ပေးနေလို့ဖုန်းသုံးချင်လို့ပါဆို။
သမီး − အမေကလည်းနောက်ကျဝယ်ပေးမယ်လေခုကမအားသေးလို့။
အမေ − သင်တန်းမပြီးခင်ဝယ်ပေးနော်သင်တန်းမှာသင်နေတာကဖုန်းနဲ့သုံးရတာသင်ပေးနေတာ။ အဲ့ဟာလေးသုံးရင် အမေသိချင်တာတွေ ဝင်ကြည့်လို့ရမယ်လို့ဆရာမလေးကပြောလိုက်တယ်။ အမေသိချင်နေတဲ့ရာဘာစျေးနှုန်းတွေ၊ ရာဘာနဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုးမွှားတွေ၊ တခြားသိချင်တဲ့ဆောင်းပါးတွေ၊ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့စာအုပ်တွေရယ် ရာသီဥတု သတင်းတွေပါဝင်ကြည့်လို့ရတယ်တဲ့။ ဆရာမလေးတွေလာလို့ သင်ပေးတုန်း တခါတည်းလိုက်နားထောင်ပြီး သင်ရအောင် လို့ အရမ်းအသုံးဝင်လို့သုံးချင်နေပြီ မနက်ဖြန်ရအောင်ဝယ်ပေး။
နောက်တနေ့ သမီးဖြစ်သူမြို့ပေါ်သွားရောက်ဖုန်းဝယ်ပေးလာ၍ ပြုံးပျော်စွာသင်တန်းသို့လာရောက်ပြီး စိတ်ဝင်တစား တက်တက်ကြွကြွ သင်ယူနေသည်မှာ စိတ်ချမ်းသာစရာမြင်ကွင်းတခု ဖြစ်ပါသည်။
ဘာလို့ အဲ့လောက်တောင်တက်ကြွနေသလဲဆိုတာကိုသိချင်လို့ မေးမြန်းစကားပြောကြည့်လိုက်မိတော့……..
ကျွန်မ − အဖွားကိုကြည့်ရတာအရမ်းတက်ကြွပြီးစိတ်ဝင်စားတယ်နော်……
ဒေါ်လှရှိန် − စိတ်ဝင်စားတာပေါသမီးရယ်။
ကျွန်မ − ဘာလို့အဲ့လောက်တောင်စိတ်ဝင်စားတာလဲအဖွားရဲ့။
ဒေါ်လှရှိန် − အဖွားတို့က ရာဘာရောင်းရင် ရွာမှာတင် ရောင်းရတာလေ ဘယ်နေရာမှာဘယ်စျေးပေါက်နေလဲမသိရဘူး။
ရာဘာနဲ့ပတ်သက်လို့ ဗဟုသုတကလဲမရှိဘူးလေ။ ရောဂါကျနေတာလား ပိုးကျနေတာလားကလဲ မခွဲခြားတတ်ဘူး။ ပြီးရင် သင့်တော်တဲ့ဆေးကိုဘယ်ဆေးတွေ ဘယ်လိုသုံးရမှာလဲဆိုတာ မသိဘူးလေ။ သုံးရမဲ့နှုန်းထားတွေ လဲမသိဘူးလေ။ ဆေးဆိုင်တွေသွားရင်လဲ အဖွားတို့က ဘာဆေးဝယ်လို့ဝယ်ရမယ်မှန်းမသိတော့ ဆိုင်ကပေးတာပဲ ယူလာရတာလေ။ ဝဲထည့်တော့လဲဘယ်ဝဲကောင်းလဲ ဘယ်လောက်နှုန်းထားသုံးရမလဲ ဘယ်လိုပုံစံနဲ့ထည့်ရမှာလဲကမသိဘူးလေ။ ဆရာမတို့ အစိမ်းရောင်လမ်းသုံးရင် ဆောင်းပါးတွေလဲ ဖတ်လို့ရတယ်ဆို၊ ရောဂါအကြောင်းတွေပိုးအကြောင်းတွေ၊ ပိုးသတ်ဆေး အကြောင်းတွေ၊ ရာဘာစျေးနှုန်းတွေ၊ ရာသီဥတုအခြေအနေတွေအကုန်ဝင်ကြည့်လို့ရတယ်ဆို။ အဲ့တာတွေကြောင့်အဖွားက သမီးတို့သင်တာတွေကိုအရမ်းစိတ်ဝင်စားပြီး သေချာလိုက်လေ့လာနေတာပေါ့သမီးရယ်။ အဲ့တာတွေကြောင့်အဖွားက သမီးတို့သင်တာတွေကို အရမ်း စိတ်ဝင်စားပြီး သေချာလိုက်လေ့လာနေတာပေါ့သမီးရယ်။ ဒီဖုန်းလေးတစ်လုံးနဲ့ သမီးတို့အစိမ်းရောင်လမ်းလေး ရှိတာနဲ့တင် အဖွားရဲ့အခက်အခဲတွေအကုန် ပြေလည်သွားတယ်လေ။ အဖွားတို့ရာဘာတင်မကဘူး တခြား သီးနှံတွေကိုလဲ ဝင်ကြည့်လို့ရတဲ့အပြင် စာတွေလဲဖတ်လို့ရတယ်၊ အဲ့တာအပြင်ကို အဖွားတို့ကြုံနေရတဲ့အခက်အခဲတွေကို သမီးတို့ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေ ကဏ္ဍမှာလဲမေးလို့ရတယ်ဆို။ ကဲအဆင်ပြေတာပေါ့မဟုတ်ဘူးလား။ အဖွား ကတော့ကြိုက်မှကြိုက်ပဲ။
မိုးလေဝသ သတင်းတွေလဲသိရမယ်။ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ဆောင်းပါးတွေလဲဖတ်လို့ရမယ်။ လိုအပ်တဲ့သတိပေးချက် တွေလဲသိနိုင်မယ်။ သီးနှံစျေးကွက်တွေလဲသိနိုင်မယ်။ အခက်အခဲကြုံရင်လဲ မေးမြန်းလို့ ရ မယ်။ တောင်သူများ အတွက် လိုအပ်တာတွေ ဖြေရှင်းပေးဖို့ အစိမ်းရောင်လမ်းရှိနေတော့ အဖွားဒေါ်လှရှိန်တစ်ယောက်အတွက် အားလုံးက အဆင်ပြေချောမွေ့သွားပါပြီ။
ဒေါ်လှရှိန်သာမကပဲ အခြားဘယ်တောင်သူမဆို တောင်သူတိုင်းရဲ့အခက်အခဲကိုဖြေရှင်းပေးဖို့ အစိမ်းရောင်လမ်း စိုက်ပျိုးရေးသုံးဖုန်းဆော့ဝဲလ်ကို သုံးကြဖို့ တိုက်တွန်းလိုက်ပါရစေလားရှင်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more