စိုက်ပျိုးရေး သိပ္ပံကျောင်း နည်းပြများ လျောက်လွှာ ခေါ်ယူခြင်း

21/07/2017 11:12 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လျောက်လွှာခေါ်ယူခြင်းကြော်ငြာစာအမှတ် - ၁/၂၀၁၇၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၉) ရက်၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန အောက်ရှိ စိုက်ပျိုးရေး သိပ္ပံများတွင်များတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျောက်လွှာများ တင်သွင်းနိုင်ပါသည်။

၂။ လျောက်ထားသူသည်-

(က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) ၁၄.၈.၂၀၁၇ ရက်နေ့တွင် အသက် (၃၀) နှစ်၊ နိုင့်ငံဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဂ) မဟာဘွဲ့ ရပြီးသူများအတွက် အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) အနည်းဆုံး လုပ်သက် (၅) နှစ် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(င) ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၃။ လျောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့် အတူ အောက်ပါ အထောက်အထားများပူးတွဲလျက် စိုက်ပျိုးရေး ဦးစီးဌာန ရုံးအမှတ် (၄၃) နေပြည်တော်သို့ ၁၄-၈-၂၀၁၇ ရက်နေ့ အရောက် ပေးပို့ လျောက်ထားရမည်။

(က) ဘွဲ့လက်မှတ် မိတ္တူ ( လူတွေ့စစ်ဆေးခြင်း ဖြေဆိုသည့် အခါ အောင်လက်မှတ်မူရင်း တင်ပြရန်)

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာ အထက်တန်းအောင်/ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ (လူတွေ့ စစ်ဆေးခြင်း ဖြေဆိုသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြရန်)

(ဂ) လျောက်လွှာပိတ်ရက်မတိုင်မီ (၆) လ အတွင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မူ၊ မူခင်း ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်း

(ဃ) လျောက်လွှာပိတ်ရက်မတိုင်မီ (၆) လ အတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓာတ်ပုံ (၂) ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသား စီစစ်ရေးကဒ်ပြားအမှတ် ရေးသားဖော်ပြရန်)

(င) ပြင်ပမှ လျောက်ထားသူများအတွက် အလုပ်သမား မှတ်ပုံတင်မိတ္တူ

(စ) နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ထောက်ခံချက်မူရင်း

၄။ လျောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ် (၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်းထမ်းရေးရာ ဌာနခွဲ၊ ဝန်ထမ်းရေးရာ ဌာနစိတ် (၇) နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် ရရှိနိုင်ပါသည်။

၅။ လျောက်လွှာပိတ်ရက်ထက်ကျော်လွန်ပေးပို့လာသော လျောက်လွှာပိတ်ရက်များနှင့် ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျောက်လွှာများကို လက်ခံမည် မဟုတ်ပါ။

၆။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲအား စိုက်ပျိုးရေးတက္ကသိုလ် (ရေးဆင်း) တွင် မြန်မာစာ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာတို့အား မေးခွန်းတစ်ခုလျှင် နှစ်နာရီဖြင့် အောက်ပါ နေ့ရက်များအတိုင်း ဖြေဆိုရမည် ဖြစ်သည်။

၇။ ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့်အစီအစဉ်ကို ထပ်မံ အကြောင်းကြားမည် ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန Wetsite www.doa.gov.mm နှင့် အပိုဒ် (၈) ပါ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

၈။ အသေးစိတ် သိရှိလိုပါက စိုက်ပျိုးရေး ဦးစီးဌာန တယ်လီဖုန်း အမှတ် ၀၆၇-၄၁၀၃၂၅/၀၆၇-၄၁၀၅၁၇/၀၆၇-၄၁၀၅၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စိုက်ပျိုးရေး ဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်