ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်

15/01/2018 12:43 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား

ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်

မိမိတို့ ခြံတွင်း၌ ပဉ္စလက် ဉယျဉ်လေးများ ပြုလုပ်ထားခြင်းဖြင့် အိမ်တွင်းရှိ အစားသောက် အကြွင်းအကျန် များနှင့် ခြံတွင်းရှိ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ရာရောက်သည့်အပြင် သီးနှံပင်များအတွက် အကောင်းဆုံး အဟာရများကိုရရှိစေမှာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကြည့်ရအောင်နော်

လိုအပ်သောပစ္စည်းများ

၁။      ကျောက်တုံးကြီး (သို့) အုပ်ခဲ (သို့) သစ်လုံးများ

၂။       ကောက်ရိုး/ သစ်ကိုင်းခြောက်များ

၃။      လျော်ကြိုး

၄။      ၅ ပေခန့်ရှည်သော ကြိမ် ချောင်း (သို့) အမျိုးတူ

၅။      ပန်းအိုးကွဲ (သို့) စည်သွတ်ဗူးများ

၆။      ဝါယာကြိုးရှည်

၇။      ရေစီးကောင်းသော မြေနှင့် မြေဆွေးများ နွားချေးကြက်ချေးစသည်

ဆောင်ရွက်ပုံအဆင့်ဆင့်

မိမိခြံတွင်းမှာနေရောင်ခြည်ကောင်းစွာရရှိသော၊ ရေရနိုင်သောနေရာများကိုရွေးချယ်ပါ။ စာဖတ်ခန်း၊ မီးဖိုခန်းတို့နှင့်နီးနိုင်သမျှနီးစေရန်ရွေးချယ်ပါ။

အဆင့် (၁)    ၃ မီတာပါတ်လည်အကျယ်လောက်ရှိသောမြေကိုတူးဆွပါ။ တုတ်ချောင်းတစ်ချောင်းကို ၁.၂ မီတာခန့်ရှိသော လျော်ကြိုး၏ တစ်ဖက်တစ်ချက်စီတွင်ချည်နှောင်ပါ။ တစ်ဖက်ကိုအလယ်ဗဟိုနေရာတွင် စိုက် ထားပါ။ အခြားတစ်ဖက်ဖြင့် စက်ဝိုင်းပုံဆွဲပါ။ ဝင်ပေါက်ပြုလုပ်ရန်အတွက် တြိဂံ ပုံဆွဲပါ။ စက်ဝိုင်းမှ အလယ်ဗ ဟိုထိဖြစ်သည်။ (၆၀ စင်တီမီတာခန့်အကျယ်ရှိပါစေ)

အဆင့် (၂)     ကြိမ်များကို ၅-၁၀ စင်တီမီတာစီခြား၍ စီထားပါ။ အဆိုပါကြိမ်ချောင်းများအား တစ်ခုနှင့် တစ်ခုတွဲ၍ ချည်နှောင်ပေးပါ။ အားလုံး တစ်တန်းတည်းဖြစ်သွားသည်အထိချည်နှောင်ပါ။  အပေါ်ပိုင်းတွင် တစ်ကြိမ် အောက်ပိုင်းတွင် တစ်ကြိမ် ( ၂) ကြိမ်ချည်နှောင်ပါ။ စုစုပေါင်းအရှည်သည် ၁၃၀ စင်တီမီတာ ခန့် ဖြစ်သင့်ပါသည်။ ထို့နောက် ထို ထုလုံးရှည်ပုံဖြစ်နေသော ကြိမ်စည်းကိုမြေကြီးတွင်းသို့ စိုက်သွင်းပါ။ ရောနှော ထားသောမြေကြီးကို တစ်ဝက်ခန့်ထည့်ပါ။

အဆင့် (၃)    ကျောက်တုံးများ၊ အုတ်၊ သစ်လုံးများ ကိုစက်ဝိုင်းပုံအတိုင်းစီပါ တစ်လွှာ သို့မဟုတ် ထိုထက် ပို၍ ပြုလုပ်နိုင်ပါတယ်။ ဖြည့်တင်းဖို့ရာ မြေကြီးလုံလုံလောက်လောက်ရှိရမှာဖြစ်ပါတယ်။ ဝင်ပေါက်ပြုလုပ်ထားတဲ့ နေရာမှာတာ့ကျောက်တုံးကို မြင့်မြင့်ကာပေးရမှာဖြစ်ပါတယ်။ ပထမအလွှာကို ပန်းအိုးကွဲစများ စည်သွတ် ဗူး များ စသည်တို့နဲ့ပြုလုပ်ရမှာဖြစ်ပါတယ်ရေစီး ရေလာကောင်းဖို့အတွက်ဖြစ်ပါတယ်။

အဆင့် (၄)    အဲဒီနောက် ရောထားတဲ့မြေကြီးတွေကိုဖြည့်ပေးရမှာပါ။ အကောင်းဆုံးမြေကြီးကို အပေါ်ဆုံးမှာ ထားရပါမယ်။ အပုံလိုက်လေးဖြစ်လာတဲ့ထိ မြေကြီးကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။

အဆင့် (၅)    မြေကြီးအသားသေစေရန် မစိုက်ပျိုးမီ ၁ ပါတ်ခန့်ထားပေးရမှာဖြစ်ပါတယ်။ ထို့နောက်စိုက်ပျိုး ပီးပါကအမြစ်များထွက်လာသည်ထိရေလောင်းပါ။  ကြိမ်ချောင်းများဖြင့်ပြုလုပ်ထားသော ထုလုံးရှည်ခြင်းလေး ထဲကိုစွန့်ပစ်ပစ္စည်းတွေထည့်ပါ။ ရေလောင်းပါ။ ဆွေးမြေ့ပြီးသောပစွည်းများ ။ တစ်ဝက်တပျက်ဆွေးမြေ့သော ပစ္စည်းများထည့်ပါ။ အစာ အကြွင်းကျန်များကိုထည့်ပေးနိုင်ပါတယ်။ ခြင်းလေးအပေါ်မှာ ဖုံးအုပ်ထား ပေးမယ်ဆိုရင်တော့ ဆွေးမြေမှုကိုမြန်စေမှာဖြစ်ပါတယ်။ အပင်လေးများအတွက် အဟာရဓါတ်များကို ရရှိစေ နိုင်မှာဖြစ်ပါတယ်။

 

မှတ္ခ်က္။

-         မြေမာပေါ်တွင်ပြုလုပ်မည်ဆိုပါက အပေါ်လွှာတင်၍ပြုလုပ်ပါ။

-         ထိပ်ဆုံးတွင်ခရမ်းချဉ်စိုက်ပျိုးပါ။ ကြိမ်တိုင်လေးများကိုမှီ၍ အပင်လေး ကြီးထွားလာမည်ဖြစ်သည်

-         သစ်သားပြာ (သို့)ကောက်ရိုးများဖြင့် မြေကြီးကိုဖုံးအုပ်ထားပေးပါ။

မေဖြိုးဝေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်