စွဲမက်ဖွယ် လေးညှင်းပွင့်

04/09/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သံမှိုသဏ္ဌာန်ရှိ လေးညှင်းပွင့်သည် ပန်းအိပင်မျိုးနွယ်ဝင် အပင်တစ်မျိုးမှ သေချာရွေးထုတ်ထားသော အဖူးလေးများကို အခြောက်ခံထားခြင်းဖြစ်သည်။ အရွယ်သေးငယ်သော်လည်း အနံ့မွှေးကြိုင်သော လေးညှင်းပွင့်ကို ချက်ပြုတ်နည်းတိုင်းလိုလိုတွင် ထည့်သွင်းအသုံးပြုကြပြီး ချိုသောဟင်းလျာများနှင့် အရသာကဲသော ဟင်းလျာများတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ တရုတ်မာဆလာ၊ ပြင်သစ် ဟင်းခတ်အမွှေးအကြိုင်၊ အိန္ဒိယမဆလာ၊ မော်ရိုကိုဟင်းခတ်အမွှေးအကြိုင်အရော၊ ဗြိတိသျှသုံး အပူပေး ဝိုင်ဟင်းခတ်နှင့် အမေရိကန် ရွှေဖရုံဟင်းခတ်တို့ အပါအဝင် ဟင်းအနှစ်များနှင့် အဖျော်ယမကာများတွင် ပါဝင်ပစ္စည်းတစ်ခုဖြစ်လာသည်။

အကောင်းဆုံးလေးညှင်းပွင့်များကို မလေးရှားနိုင်ငံ ပီနန်ဒေသမှ ရရှိသည်။ အဖူးများ ပကတိအတိုင်းရှိနေသေးသော လေးညှင်းပွင့်ကိုရှာယူပါ။ အရိပ်ရပြီး အေးမြသော မီးဖိုဆောင်နှင့် ဆိုင်များတွင် အလုံပိတ်သိမ်းဆည်းထားသည့် လေးညှင်းပွင့်များကို အသားစတူး၊ ဆော့စ်၊ သစ်သီးယိုနှင့် ခရစ္စမတ်ဝက်ပေါင်ခြောက်များ ချက်ပြုတ်ရာတွင် သုံးနိုင်သည်။ 

ပြောင်လက်၍ အမြဲစိမ်းစိုနေသော အရွက်များနှင့် စွဲမက်ဖွယ် လေးညှင်းပင်များသည် ပန်းရောင်သန်းသောအဖူးကလေးများနှင့် စူးရှသော ရနံ့မွှေးမွှေးရှိသည့် အပူပိုင်းဒေသပေါက်  အပင်များဖြစ်ကြသည်။ အပင်တစ်ပင်ရှင်သန်ကြီးထွားရန် အနည်းဆုံး အချိန် ၈ နှစ်ခန့်ကြာမြင့်သည်။ အပွင့်မပွင့်ခင် အဖူးကလေးများကို လက်ဖြင့်ခူးဆွတ်ပြီးမှသာ တောက်ပသော ပန်းရောင်သို့ပြောင်းလဲသွားကြသည်။

လေးညှင်းပွင့်ကို အစားအသောက်များ တာရှည်ခံစေရန်အတွက်သာမက ဆေးဝါးအဖြစ်လည်း အသုံးပြုခဲ့ကြသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ လေးညှင်းပွင့်များသည် အစာမကြေခြင်း၊ အော့အန်ခြင်းနှင့် သွားကိုက်ခြင်း ဝေဒနာတို့အတွက် ကောင်းစေပြီး လေးညှင်းပွင့်တွင် ပါဝင်သော eugenol ဓာတ်ပစ္စည်းတစ်မျိုးတွင် ဓာတ်တိုးတားဆီးမှုသတ္တိ (anti-oxidant)၊ ဘက်တီးရီးယားကိုသေစေသော အာနိသင် (antibacterial) နှင့် မှိုကြောင့်ဖြစ်ပွားစေနိုင်သောရောဂါများ ကာကွယ်ပေးနိုင်သည့် အာနိသင် (antifungal) စသည့် ဂုဏ်သတ္တိများ ပါဝင်နေသည်။ 

Source- Food Magazine

ဆေးဖက်လည်းဝင်၊ စွဲမက်ဖွယ်ကောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ လေးညှင်းပွင့် စိုက်ပျိုးနည်းအကြောင်းကို လေ့လာချင်ရင်တော့ ပေးထားတဲ့လင့်ခ်မှာ ဝင်ရောက်လေ့လာကြည့်ပါရှင့်။

https://greenwaymyanmar.com/posts/cultivation_of_medicinal_clove

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်