ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်

21/02/2022 16:00 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရေက ၆၀ရာခိုင်နှုန်း ရှိပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြောစရာမလိုလောက်ပါဘူးဗျ...

ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပြီး ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။ တစ်နေ့တာအတွက် ရေသောက်သုံးရန် လိုအပ်တဲ့ပမာဏက သုံးလီတာပါ။ ရေကိုပဲ သုံးလီတာ ပြည့်အောင် မသောက်နိုင်ဘူးဆိုရင် ဖျော်ရည်ဖြစ်ဖြစ် လက်ဖက်ရည်ဖြစ်ဖြစ် သောက်လို့ရပါတယ်။ ဒါပေမဲ့ ၎င်းဖျော်ရည်တွေ ကို မသောက်ချင်ဘူး ကယ်လိုရီပါဝင်မှု ပိုများနေမလားလို့ စဉ်းစားမိရင်တော့ သံပုရာရည်ကိုသောက်လို့ရပါတယ်။

ကဲဒါဆို သံပုရာသီးရဲ့ ကောင်းကျိုးတွေက ဘာများဖြစ်မလဲ.

သံပုရာသီးမှာဆိုရင် အန်တီအောက်ဆီးဒန့်ပါဝင်မှုကတော့ အံ့မခန်းပါပဲ။  အန်တီအောက်ဆီးဒန့်က ခန္ဓာကိုယ်မှာရှိတဲ့ ဖရီးရေဒီကယ်လို့ခေါ်တဲ့ မော်လီကျူးတွေကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာရပ်တွေကို ကာကွယ်ပေးပါတယ်။ ဖရီးရေဒီကယ် ဆိုတာကတော့ အီလက်ထရွန် တစ်ခုသာပါရှိတဲ့ မော်လီကျူးပဲဖြစ်ပါတယ်။ အဲ့တော့ သူ့မှာတစ်စုံဖြစ်ဖို့ တစ်ခုလိုတဲ့အတွက် အနီးနားမှာရှိတဲ့ မော်လီကျူးတစ်ခုဆီကနေ အီလက်ထရွန် တစ်လုံး ဆွဲယူလိုက်ပါတယ်။ အဲ့ကနေမှ တစ်ဆင့်ပြီးတစ်ဆင့် ဆွဲထုတ်ရာကနေ ဆဲလ်တွေပျက်စီး ကုန်ပါတော့တယ်။ ဒါဆို ဖရီးရေဒီကယ် ဆိုတာ ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ မော်လီကျူးလို့ဘဲဆိုရပေမယ်။

သံပုရာသီး မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

• ပိုတက်ဆီယမ်

• ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ

• ကယ်လ်ဆီယမ်

• မဂ္ဂနီဆီယမ် တို့ဖြစ်ပါတယ်။ 

ကျန်းမာရေးအတွက်ကောင်းကျိုးတွေကတော့

၁။ အစာခြေစနစ်ကောင်းမွန်ခြင်း

ဝမ်းချုပ်တတ်တဲ့ အလေ့အထရှိတယ်ဆိုရင် သံပုရာရည်ကိုသောက်ကိုသောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်လမ်းကြောင်းစနစ် ကို သန့်ရှင်းကောင်းမွန်စေပြီး အူမကြီးလုပ်ဆောင်ချက်တွေကို လှုံ့ဆော်ပေးပါတယ်။

၂။ ရောဂါကူးစက်မှုနှုန်းကို တားဆီးပေးနိုင်ခြင်း

အေးတဲ့ရာသီနဲ့ ရာသီအကူးအပြောင်းတွေမှာ ဖြစ်တတ်တဲ့ တုပ်ကွေး ဟာဆိုရင် ကူးစက်မှုမြန်ဆန်ပါ တယ်။ ဒီတော့ ကာကွယ်ဖို့အတွက် သံပုရာရည်ကို နေ့စဉ် အနည်းငယ်ဖြစ်ဖြစ်သောက်သုံးပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ အန်တီအောက်ဆီးဒန့်ဓာတ်တွေဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ခန္ဓာကိုယ်အလေးချိန်ထိန်းညှိပေးခြင်း

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အလေးချိန်ဖြစ်နေစေဖို့အတွက် ခန္ဓာကိုယ်ကို မထိန်းသိမ်းချင်တဲ့လူ ဆိုတာ ဘယ်ရှိမလဲ။ စိတ်မကောင်းစွာနဲ့ပဲ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုတာ အပြောသာလွယ်ကူပြီး လက်တွေ့ လုပ်ဆောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ 

ဒီတော့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အကျိုးဖြစ်စေတဲ့ သံပုရာရည်ရဲ့ ကောင်းကျိုးလေးကို ပြောပြပေးလိုပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ စစ်ထရစ်အက်ဆစ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေး ရုံသာမကဘဲ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေရာမှာ ကူညီပေးပြီးတော့ ခန္ဓာကိုယ်မှာ အဆီသိုလှောင်မှု နည်းအောင်လည်း ကူညီလုပ်ဆောင်ပေးပါတယ်။ ဒီတော့ နေ့တစ်နေ့ရဲ့ အစမှာ ကျန်းကျန်းမာမာနဲ့ အစပြုဖို့အတွက် မနက်စာမစားမီ သံပုရာရည်တစ်ခွက်သောက်တာဖြစ်ဖြစ် သံပုရာသီးတစ်ခြမ်းလောက် စားတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ တန်ဆေးလွန်ဘေး ဆိုတာလည်းသတိထားဦးနော်။

၄။ ဂလူးကို့စ်ဓာတ်ကို လျော့နည်းစေခြင်း

သံပုရာသီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါရှိတာကြောင့် သံပုရာသီးက ဆီးချိုရောဂါရှိတဲ့ သူတွေ အတွက် အကူအညီဖြစ်စေပါတယ်။ 

၅။ နှလုံးရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးခြင်း

သံပုရာသီးမှာဆို မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါ တယ်။ သွေးကျစေတဲ့အချက်နဲ့ သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေး နိုင်ပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ limonins (လီမိုနင်) ဒြပ်ပေါင်းက ကိုလက်စထရော ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ကိုလက်စထရောမြင့်တဲ့လူကတော့ ရင်ခေါင်းအောင့်ခြင်း၊ ပျို့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စတဲ့ လက္ခဏာရပ်တို့ကို ဖြစ်စေပါတယ်။ သွေးတိုးရှိတဲ့လူဖြစ်ပြီး ကိုလက်စထရောပါ မြင့်နေမယ်ဆိုရင်တော့ သွေးကြောကျဉ်းခြင်း၊ ကျယ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ နှလုံးရောဂါအထိပါ ဆက်ပြီးဖြစ်စေနိုင်ပါတယ်။

၆။ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

ကင်ဆာဆိုတာက ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို မထိန်းချုပ်နိုင်လို့ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ၎င်းဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ ရင်သား၊ အဆုတ်နဲ့ ကျောက်ကပ် စတဲ့နေရာတွေမှာဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သံပုရာရည်ကိုသောက်ပြီး ကင်ဆာဖြစ်ပေါ်မှုကိုနှုန်းကို လျှော့ချနိုင်ပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ အန်တီအောက်ဆီးဒန့် ဂုဏ်သတ္တိများက ဆဲလ်တွေကောင်းမွန်စွာကြီးထွား လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် လုပ်ဆောင်ချက် တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ 

နောက်ပြီး သံပုရာသီးက အဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ နဲ့ ခါး အရိုးအဆစ်ပြဿနာဖြစ်ပွားမှု တွေကို လျှော့ချပေးနိုင်တဲ့အပြင် သံပုရာသီးက ခန္ဓာကိုယ်ရဲ့ uric acids ( ယူရစ်အက်ဆစ် ) ပမာဏ ကို လျှော့ချပေးနိုင်ပါတယ်။ ယူရစ် အက်ဆစ်ဆိုတာ ခန္ဓာကိုယ်က အသား၊အသဲ၊မှို နဲ့ ပဲအချို့ စားသုံးထားတာတွေကို ချေဖျက်တဲ့အခါ ထုတ်တဲ့ အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် ပမာဏ မြင့်နေမယ်ဆိုရင်လည်း ဂေါက်ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် သံပုရာသီးက အကြောဆွဲတတ်တဲ့ အကြောအချဉ်သမားတွေအတွက်တော့ သောက်သုံးဖို့ မသင့်တော်ပါဘူးဗျ။ 

ဒီလောက်ဆိုရင် ခန္ဓာကိုယ်အလေးချိန်လည်း မတက်စေပဲ ပင်ပန်းနေတဲ့ အခါမှာ အမောပြေစေတဲ့ သံပုရာသီးရဲ့ ကောင်းကျိုးလေးတွေကို သိသွားလောက်ပြီ ထင်ပါတယ်ဗျ။ ဒီတော့ သံပုရာရည်သောက်ပြီး အမောလည်းပြေ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေဗျ ။။

https://www.healthline.com/health/food-nutriton/tom-daley-lemon-water-abs#5.-Lemon-Water-Is-an-Energy-Booster

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်