ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ဖို့အတွက် "စပါးစိုက်လယ်ယာမြေ ၁၀ ဧက အထက်ပိုင်သူတိုင်းကို ၁ ဧကလျှင် ၄ သိန်းထုတ်ချေးပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် လိုင်စင်ရပုဂ္ဂလိဂဘဏ်များ ညှိနှိုင်းဆောင်ရွက်နေတယ်" လို့ MRF က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"ချေးငွေရယူလိုသူများကို အတိုးနှုန်း ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဧက ၁၀၀ အထိ ထုတ်ချေးပေးမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ ချေးငွေကာလကိုတော့ စပါးသီးနှံတစ်ရာသီ (၄-၅)လအဖြစ် ထားရှိပေးဖို့ ညှိနှိုင်းထားတယ်"လို့ MRF က ဆိုထားပါတယ်။
ချေးငွေလျှောက်ထားလိုသူများအတွက် လျှောက်လွှာပုံစံနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ဖော်ပြပါပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။

ချေးငွေရယူလိုသူ တောင်သူများအနေနဲ့ လျှောက်လွှာပုံစံမှာဖြည့်စွက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ admin@mrf.com.mm ထံ email ပို့၍ဖြစ်စေ၊ ဖုန်းနံပါတ် 09-4000692470 သို့ ဆက်သွယ်၍ဖြစ်စေ သို့မဟုတ် သင့်ရာနည်းလမ်းဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo Crd#MRF
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။