ကြာဖူးပန်းခိုင် ငှက်ပျောပင်

17/01/2018 12:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Facebook မှာ မိတ်ဆွေတစ်ချို့တင်ထားတဲ့ ငှက်ပျောပင်က သာမန်ငှက်ပျောခိုင်အစား ကြာဖူးပုံသဏ္ဌာန် ငှက်ပျောပန်းခိုင်ကြီးထွက်နေတဲ့ ဓာတ်ပုံတစ်ချို့ကို မကြာခဏဆိုသလိုပဲ တွေ့နေရပါတယ်။ အများစုကတော့ ငှက်ပျောပင်ကနေ ငှက်ပျောခိုင်အစား ကြာဖူးပုံသဏ္ဌာန် ငှက်ပျောခိုင်ကြီး ထွက်လာတယ်ဆိုပြီး အထူးအဆန်းလို့ ထင်ကြ၊ မှတ်ချက်ပေးကြ ပါလိမ့်မယ်။ ထင်ရာအတိတ်နိမိတ်တွေကောက်ကြ၊ ဓာတ်ပုံတွေရိုက် အိမ်ဦးခန်းချိတ်ပြီး ကိုးကိုယ်ကြနဲ့ လုပ်မိမှာလည်း စိုးရပါတယ်။

အပင်နဲ့ နှီးနွယ်ပတ်သက်သူ တချို့တောင် ရုတ်တရက်ကြည့်လိုက်ရင် အပင်ရဲ့ ဇီဝကမ္မဗေဒဆိုင်ရာ ချို့ယွင်းမူမမှန်တဲ့ လက္ခဏာ (Physiological Disorder) တစ်ခုလို့ ထင်စရာရှိသော်လည်း တကယ်တော့ ဒီငှက်ပျောပင်ဟာ ငှက်ပျောမျိုးအုပ်စုဝင်တွေထဲက မျိုးစိတ်တစ်ခုမျှသာပါပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အများသုံးအင်္ဂလိပ်အမည်ကတော့ Snow Banana ခေါ် Giant Nepal Banana ဖြစ်ပြီး၊ ရုက္ခဗေဒအမည်ကတော့ Ensete glaucum ပါ။ တခါတရံ သူ့ရဲ့ ရုက္ခဗေဒနာမည်တွေကို Musa nepalensis ၊ Ensete giganteum ၊ Ensete wilsonii တို့အဖြစ်လည်း တွေ့ရတတ်ပါတယ်။ တကယ်လည်း လူအသိနည်းသေးတဲ့ ငှက်ပျောမျိုးစိတ် တစ်မျိုးပါ။ ဒီငှက်ပျောမျိုးစိတ်ရဲ့ မူရင်းဒေသဟာ အာရှတိုက်ဖြစ်ပြီး တရုတ်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းတို့မှာ အတွေ့ရများကြောင်း စာပေတွေမှာ ဖော်ပြကြပါတယ်။

ဒီအပင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေကတော့ အအေးဒဏ်ကိုခံနိုင်ပြီး အမြင့်ပေ ၂၆၀၀-၈၈၀၀ အထိပေါက်ရောက် ရှင်သန်နိုင်ပါတယ်။ အပင်ရဲ့ အမြင့်ဟာ ၁၇ ပေအထိ ကြီးထွားနိုင်ပြီး အခြားငှက်ပျောပင်တွေလို ပင်ပွား (sucker) မထွက်ဘဲ ပင်ထီး (Solitary trunk) ပါ။ အရွက်ရဲ့ အရောင်ဟာ အပြာဘက်ကို အနည်းငယ်သမ်းပါတယ်။ ပန်းခိုင်ဟာ ကြာဖူးပုံသဏ္ဌာန်ဖြစ်နေပြီး၊ ယင်းပန်းခိုင်အတွင်းမှာပဲ အသီးဖြစ်ပေါ်ကာ မျိုးစေ့တည်ပါတယ်။

ဒါကြောင့် သူ့ကို မျိုးပွားစိုက်ပျိုးချင်ရင်တော့ အလွယ်တကူပဲ မျိုးစေ့ကနေ ပျိုးထောင်ပြီး စိုက်နိုင်သလို ငှက်ပျောခေါင်း (Corm/rhizome) ကို ခွဲပြီး စိုက်နိုင်ပါတယ်။

တချိန်က ဒီငှက်ပျောပင်ဟာ လူသိနည်းပြီး ငှက်ပျောမျိုးရိုင်းအဆင့်သာ ရှိခဲ့သော်လည်း ယနေ့ခေတ်အခါမှာတော့ ပင်ပွားမထွက်ခြင်း၊ ပန်းခိုင်ဟာ ဆွဲဆောင်မှုရှိပြီး လှပခြင်းတို့ကြောင့် နိုင်ငံအချို့မှာ အလှစိုက်ငှက်ပျောမျိုး (Ornamental Banana) အဖြစ် နေရာယူလာပါပြီ ဖြစ်ပါကြောင်း ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

13 July 2014

မှတ်ချက်။  ။ ဓာတ်ပုံများကို မိတ်ဆွေတစ်ယောက်ထံမှ ခွင့်ပြုချက်ဖြင့် ဖော်ပြထားပါတယ်။

ကျမ်းကိုး

၁။ Ensete glaucum (Wikipedia)

၂။ Ensete glaucum “SNOW BANANA” (www.brainsbotanicals.net)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်