၁။ ဖားဥမှိုရောဂါ (Powdery Mildew)
ရောဂါလက္ခဏာများ 
- အရွက်များပေါ်တွင် ဖျော့တော့သော အစင်းကြောင်းများဖြစ်ပေါ်ပြီး အရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် အဖြူရောင်မှိုကြီးထွားမှုကို မြင်နိုင်သည်။
- ရောဂါကျအပင်များ ပုသွားကြပြီး ဆစ်ကြားများတိုသွားသောကြောင့် ချုံပုတ်ပုံစံ ပေါက်နေသည်။
- တစ်ခါတစ်ရံ အနှံတွင် အရွက်ထူသောကြီးထွားမှုဖြစ်ပေါ်လာပြီး အနှံ၏ရိုးတံပေါ်တွင် ဘေးထွက်ဖူးများကို သတိပြုမိနိုင်သည်။
- ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
- နိမ့်သောအပူချိန် (၂၁-၃၃˚C)၊ မြင့်သော စိုထိုင်းဆ (၉၀%) နှင့် မိုးတဖွဲဖွဲရွာပါက ရောဂါဖြစ်ရန် အခြေအနေပေးသည်။
- အပင်ငယ်များသည် ဤရောဂါကို အကြီးအကျယ် ခံနိုင်ရည်နည်းသည်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါကျအပင်များကို နှုတ်ပါ။
- ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
- စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာဆွေးမြေ့သော မြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- မက်တာလာဇီ (Metalaxyl)
- မန်ကိုဇက်ဘ် (Mancozeb)
၂။ ပြောင်းရွက်ခြောက်ရောဂါ (Leaf Blight: Helimthosporium maydis, H. turcicum)
ရောဂါလက္ခဏာများ 
- ဤမှိုသည် အပင်ငယ်ရွယ်စဉ်တိုက်ခိုက်သည်။
- အစောပိုင်းရောဂါလက္ခဏာများမှာ အရွက်များပေါ်ရှိ ဘဲဥပုံရေစိုနာကွက်ဖြစ်သည်။
- ရင့်လာသော ရောဂါလက္ခဏာများမှာ ၃ - ၁၅ စက်တီမီတာရှည်လျားသည့် ဆေးပြင်းလိပ်ပုံစံ ဒဏ်ရာများဖြစ်သည်။
- ဒဏ်ရာများသည် ဘဲဥပုံဖြစ်ကြကာ သံလွင်ရောင်ရှိပြီး ရောဂါရင့်လာသည်နှင့် မှိုမျှင်ထုတ်ခြင်းနှင့်အတူ ထင်ရှားသည့် အနက်ရောင်ဧရိယာများ ဖြစ်လာကြသည်။
- ဒဏ်ရာများသည် အစတွင် အောက်ပိုင်းအရွက်များတွင် ပေါ်လာကြပြီး အပင်ကြီးရင့်လာသည်နှင့် အပေါ်ရွက်များနှင့် ရွက်ဖုံးများသို့ ပျံ့နှံ့လာကြသည်။
- ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
- အရွက်များပေါ်တွင် ရေရှိကာ အပူချိန် ၈ -၂၇ ˚C ရှိလျှင် ရောဂါဖြစ်နိုင်သည်။
- မိုးရာသီအစောပိုင်းဖြစ်တတ်သည်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါကျအပင်များကို ဖယ်ရှားပါ။
- ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
- စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာဆွေးမြေ့သော မြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။
- ရောဂါစကျပြီးသည်နှင့် အောက်ပါမှိုသတ်ဆေးများကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ကလိုရိုသာလိုနေးလ် (Chlorothzlonil)
- ဒိုင်ဖီနိုကိုနာလ်ဇိုးလ် (Difenoconazole)
- ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)
- မန်ကိုဇက်ဘ် (Mancozeb)
၃။ ပြောင်းရိုးမည်းရောဂါ (Charcoal rot: Macrophomina phaseolina)
ရောဂါလက္ခဏာများ 
- ဤမှိုသည် အများအားဖြင့် ပန်းပွင့်ပြီးနောက် တိုက်ခိုက်တတ်ပြီး ရောဂါကို ပန်းပွင့်ပြီးနောက် ရိုးတံပုပ်ရောဂါဟုခေါ်သည်။
- ရောဂါကျအပင်၏ရိုးတံကို မီးခိုးရောင်သန်းသည့် စင်းကြောင်းများဖြင့် ဝိသေသပြုသည်။
- အူတိုင်သည် မွစာကြဲသွားပြီး မီးခိုးရောင်သန်းသည့် အနက်ရောင် သေးငယ်သည့်မှိုများ အစာကြောစည်းထဲတွင် ဖွံ့ဖြိုးလာကြသည်။
- ရိုးတံ၏အတွင်းပိုင်း မွစာကြဲသွားခြင်းသည် မြစ်ဆုံအပိုင်းကို ကွဲစေသည်။
- ရောဂါကျအပင်၏မြစ်ဆုံသည် အနက်ရောင်ဖြစ်လာသည်။
- အမြစ်အခေါက်မွစာကြဲခြင်းနှင့် အမြစ်စနစ် ယိုယွင်းပျက်စီးခြင်းသည် တွေ့နေကျသွင်ပြင် ဖြစ်သည်။
- ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
- အပူချိန်မြင့်ပြီး မြေကြီးအပူချိန် နိမ့်ခြင်း (ခြောက်သွေ့ခြင်း) သည် ရောဂါဖြစ်ရန် အားပေးသည်။
ကာကွယ်နှိမ်နင်းခြင်း
- သီးလှည့်စိုက်ပါ။
- ပန်းပွင့်ချိန်တွင် ရေငတ်ခြင်းကို ရှောင်ရှားခြင်းသည် ရောဂါကျရောက်မှုကို လျော့နည်းစေသည်။
- အာဟာရပြတ်တောက်ခြင်းကို ရှောင်ရှားပါ။
- ရောဂါကျနေကျ နေရာများတွင် တစ်ဧကလျှင် ပိုတက်ရှ် ၃၂ ကီလိုဂရမ်နှုန်း အသုံးပြုပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- တက်ဗျူကိုနာလ်ဇိုးလ် (Tebuconazole)
- ဒိုင်ဖီနိုကိုနာလ်ဇိုးလ် (Difenoconazole)
- မန်ကိုဇက်ဘ် (Mancozeb)
- သိုင်ရမ် (Thiram)
၄။ သံချေးမှိုရောဂါ
ရောဂါလက္ခဏာများ 
- အရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် အညိုရောင်ရောဂါဖုများကို တွေ့ရသည်။
- ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
- အပူချိန်အေးမြခြင်းနှင့် စိုထိုင်းဆမြင့်ခြင်းသည် ရောဂါဖြစ်ရန် အားပေးသည်။
- အပူချိန် ၁၀-၁၂ ˚C
ကာကွယ်နှိမ်နင်းခြင်း
- ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပါ။
- ကြွေကျနေသော ရောဂါရအရွက်များကို မီးရှို့ဖျက်ဆီးပါ။
- တစ်ဆင့်ခံလက်ခံပင်များကို ဖျက်ဆီးပါ။
- စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာ ရောနှောဆွေးမြေ့သောမြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- ကော့ပါးဟိုက်ဒြောက်ဆိုဒ် (Copper hydroxide)
- ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxuchloride)
- တက်ဗျူကိုနာလ်ဇိုးလ် (Tebuconazole)
- ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)
- မိုက်ကလိုဗျူတာနေးလ် (Myclobutanil)
- ဟက်ဇာကိုနာဇိုးလ် (Hexaconazole)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ပြောင်းဖူးတွင်ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများဆောင်းပါးကို KMSS အဖွဲ့မှ ပံ့ပိုးကူညီထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more