ချစ်စရာ ဘောပင်ထည့်သောခွက်လေး ပြုလုပ်ကြည့်ရအောင်

Photo - ball-pen-cup

ထပ်တွေ့ကြပြန်ပြီခင်ဗျ။ ဒီတစ်ခါကျတော့ အိမ်မှာ ဝယ်သုံးနေကျ ဖြစ်တဲ့ ရေချိုးဆပ်ပြာရည်ဘူးတို့၊ ခေါင်းလျှော် ရည်ဘူးတို့ကို သနပ်ခါးလိမ်းတဲ့ ရေဘူးအပြင် ဘာသုံးလို့ရမလဲ ဆိုတာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဘောပင် ပဲ ထည့်ထည့် မျက်ခုံးမွှေးဆွဲတံပဲထည့်ထည့် ချစ်စရာကောင်းတဲ့ ခွက်ကလေး လုပ်ပုံလုပ်နည်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှာလည်း ပြထားတဲ့အတိုင်းပါပဲ။

လိုအပ်သော ပစ္စည်းများ

ဘူးအခြံအလြတ္တစ္ဘူး

ကပ်ကြေး

ဓါး

ကော်

၂ဖက်ကပ်တိတ်

အလှဆင်ပစ္စည်းများ….. (မိမိပုံဖော်ချင်သလို သုံးနိုင်ပါသည်)။

ပြုလုပ်နည်း အဆင့်ဆင့်

အဆင့် (၁)၊ ဘူးကို ထိပ်ပိုင်းလေးကိုဖြတ်လိုက်ပါ။ ဘူးထိပ်ပိုင်းကနေပဲ လက်ကလေးပုံစံ ၂ ချောင်း ပြန်ညှပ်ထုတ်ပေးပါ။ နောက် သုံးမည့် ဘူးခွံ အောက်ပိုင်းတွင် ကော်နဲ့ ပြန်ကပ်ပေးပါ။

                              

အဆင့် (၂)။ မျက်နှာပုံ စက္ကူလေးတွေကိုလည်း ကေ်ာသုံးပြီး ကပ်လိုက်ပါ။ ဘူးနောက်တွင် ၂ဖက်ကပ်တိတ်ကိုကပ်ပြီး နံရံတွင် ကပ်ထားနိုင်ပါသည်။

                               

အဲ့လိုဆိုရင် ချစ်စရာကောင်းတဲ့ ဘူးလေးတွေ ရလာနိုင်ပါပြီ။ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဟမ်းမိတ်လေးတွေကိုလည်း ပုံလေးရိုက်ပြီး GreenWay Myanmar ကို ပို့ပေးလို့ရပါတယ်ဗျ။

References - https://www.buzzfeed.com/jessicaprobus/cut

 


ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမန်းအိုအို ပျိုးပျိုပျို"