အခြေခိုင်အောင် အရင်လုပ်ပါ

05/08/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

     ဝါးပင်တစ်ပင်ကပေါက်စအရွယ်မှာ ၃ စင်တီမီတာ ကြီးထွက်လာဖို့ ၄ နှစ်အထိအချိန်ပေးရပါတယ်။ ၄ နှစ်ပြီးတဲ့အခါမှာတော့ ဒီဝါးပင်လေးဟာ ၁ ရက်ကို ၃၀ စင်တီမီတာ အထိ မြန်ဆန်စွာတိုးထွက်ကြီးမားနိုင်ပါတယ်။  ၆ ပတ်အတွင်းဆိုရင် ၁၅ မီတာလောက် မြင့်သွားနိုင်တယ်။ 

     ဘာလို့စစချင်း ထွက်ခါစကနှေးပြီး ၄ နှစ်နောက်ပိုင်းမှာမှ ဘာလို့ အရမ်းမြန်သွားလဲ။ တကယ်ဆိုရင် ပထမဆုံး ၄ နှစ်မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲ ဖြစ်ပါတယ်။

     ဒါကြောင့် ကိုယ်လုပ်သမျှ နေ့တိုင်း အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ ထင်တဲ့ချိန်မှာ ဒီဝါးပင်လေးကို သတိရစေချင်ပါတယ်။

     ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင် လုပ်ရမယ်။ အဲ့တော့ ၁ နှစ် ၂ နှစ် ကြာချင်ကြာမယ်။

     ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကို ခံနိုင်တဲ့ အခြေခံရှိအောင် လုပ်ဖို့လိုပါတယ်။အဲ့တော့ ၁၀ နှစ် ၂၀ နှစ် အချိန်ပေးရင်ပေးရမယ် လို့ထင်ပါတယ်။

     ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ ပြောချင်ပါတယ်။

     ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ ကြိုးစားနေသ၍ တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

     ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာကနေ မကျော်နိုင်ကြပါဘူး။ ရေရှည်မတွေးဘဲလက်မြှောက်လက်လျှော့လိုက်ကြတယ်။ အဲ့ဒါကြောင့် ဆက်လက်အားမထည့်တော့ဘဲ ကျရှုံးသူက အောင်မြင်သူထက် များနေတာပေါ့။

     ကိုယ့်ရဲ့ ၃ စင်တီမီတာ အခြေအနေမှာ အခက်အခဲကို ဖြတ်သန်းရင်ဆိုင်ကြိုးစားနေရမယ့်အချိန် ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကို မကြာခင်ရောက်မယ့်သူတွေပါပဲ။

     စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ဝါးပင်လေးကို သတိရပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

     Without a solid foundation, you will have trouble creating anything of value.

     ခိုင်မာသောအုတ်မြစ်မရှိရင် တန်ဖိုးရှိသောအရာတစ်ခုကို ဖန်တီးရန် အခက်အခဲရှိပါလိမ့်မည်။

Mother Finance

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်