မြန်မာနိုင်ငံ ဒေသအသီးသီးမှ စိုက်ပျိုးတောင်သူများ မိမိတို့ထုတ်လုပ်သည့်ကော်ဖီကို ယုံကြည်ချက်ရှိရှိ ထုတ်လုပ်နိုင်စေရန် အတွက် (၅)ကြိမ်မြောက်ကော်ဖီအရည်အသွေးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင်၊ ရန်ကုန်မြို့၌ ပြုလုပ် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
“အဓိကကတော့ ကော်ဖီစိုက်တောင်သူတွေ သူတို့စိုက်ပျိုးတဲ့ ထုတ်ကုန်တွေကို အရည်အသွေးအဆင့်အတန်းမြင့်မြင့် ထုတ်လုပ်လာနိုင်စေဖို့အတွက် ဒီပြိုင်ပွဲလေးကို ကျင်းပရတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို တခြားနိုင်ငံက ဒိုင်တွေကလာပြီး အကဲဖြတ်ပေးသွားမှာပေါ့။ အဲ့ဒီဒိုင်တွေကနေတစ်ဆင့် မြန်မာ့ကော်ဖီက နိုင်ငံတကာကို ရောက်မှာပေါ့” ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဌ ဦးရဲမြင့်က ပြောသည်။
ပြိုင်ပွဲဝင် ကော်ဖီနမူနာများကို တစ်ခုလျှင် (၅၀၀၀၀) ကျပ် ကောက်ခံသွားရန် စီစဉ်ထားပြီး ကော်ဖီနမူနာများကို မတ်လ (၁၄)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဟု သိရသည်။
ကော်ဖီနမူနာအတွက် ပုံစံအချက်အလက်များမှာ တောင်သူများအနေဖြင့်၊ ရောင်းချရန် ကော်ဖီစေ့ အနည်းဆုံး ကီလို (၂၀၀) ရှိရန်၊ ကိုယ်စားပြုနမူနာအဖြစ် ကော်ဖီစေ့ တစ်ကီလို (သို့မဟုတ်) ၆၅ ကျပ်သား ရှိရန် ၊ ဇကာအရွယ်အရွယ်အစား နံပါတ် (၁၅)အထက် ဖြစ်ရန် ၊ အပြစ်အနာအဆာ ရွေးချယ်သန့်စင်ပြီးရန်နှင့် ကော်ဖီအတွင်းပါဝင်သည့် အစိုဓာတ် ၁၀ - ၁၂ရာခိုင်နှုန်းကြား ဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more