ဆားလင်းကြီး ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်သည် တမာ၊ ထနောင်း၊ မန်ကျည်း၊ ထန်းပင် စသည့် အပူပိုင်းဒေသများ၌ ပေါက်ရောက်လေ့ရှိသော သဘာဝပေါက်ပင်များ အများဆုံးရှိနေခဲ့သော မြို့လေး တစ်မြို့ဖြစ်ကာ ပထဝီအနေအထားအရ ကုန်းကျသော မြေနေရာဖြစ်သဖြင့် အဆိုပါအပင်များမှအပ အခြား သော သီးပင်၊ စားပင်များမှာ နှစ်ကာလကြာရှည်စွာ ရှင်သန်ခြင်းမရှိဘဲ နှစ်အနည်းငယ်သာ ရှင်သန်နိုင်သည်။
လက်ရှိအချိန်တွင် သဘာဝပေါက်ပင်များဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ ထန်းပင် စသော အပင်များ မှာလည်း ဆားလင်းကြီးမြို့နယ်အတွင်း၌ တဖြည်းဖြည်း နည်းပါးလာလျက်ရှိကြောင်း၊ ထန်းပင်များမှာ ထန်း လုပ်သား ရှားပါးလာခြင်းနှင့် ထန်းဖြင့်လုပ်သော လူ အသုံးအဆောင်များနေရာတွင် အခြားပစ္စည်းများက အစားထိုးနေရာယူလာခြင်းတို့ကြောင့် ထန်းပင်များကို အုတ်ဖုတ်ရာတွင် ထင်းအဖြစ်သုံးရန် ခုတ်လှဲရောင်းချမှု များလာလျက်ရှိကြောင်း သိရသည်။
ထန်းတောပိုင်ရှင်တစ်ဦးက ''ထန်းတက်သမားက လည်း ရှားပါး၊ ထန်းလက် ဝယ်ယူအသုံးပြုသူကလည်း နည်းပါးလာတော့ ထန်းပင်ကို အုတ်ထင်းမီးအဖြစ် အသုံးပြုဖို့ တစ်ပင်ကို တစ်သောင်းကျပ်နဲ့ ရောင်းစား ရပါတယ်၊ ဝယ်ယူသူတွေကလည်း ထန်းပင်ရင့်မှသာ ဝယ်ယူပြီး နုနေရင်တော့ မဝယ်ပါဘူး၊ ကျွန်တော်တို့ လည်း စားဝတ်နေရေး အဆင်မပြေလို့သာ ရောင်းရတာ ပါ''ဟု ပြောသည်။
ထန်းပင်ဝယ်ယူသော အုတ်ဖုတ်လုပ်ငန်းလုပ်သူများ မှာလည်း အခြားသော ထင်းများကို အသုံးပြုရန် ဈေး ကြီးခြင်းနှင့် ဝယ်ယူအသုံးပြုရန် ရှားပါးလာခြင်းတို့ ကြောင့် နှစ်ရှည်ပင်ကြီးများဖြစ်သော ထန်းသားကိုသာ ထင်းမီးအဖြစ် အသုံးပြုရန် ဝယ်ယူရခြင်းဖြစ်ကြောင်း ပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်းမှ သက်တမ်းရင့် ထန်း ပင်ကြီးများကို ထင်းအဖြစ်သုံးရန် ခုတ်လှဲရောင်းချနေ ခြင်းကြောင့် ထန်းပင်များ မရှိတော့ပါက မြို့နယ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများ ဖြစ်လာမည် ကိုလည်း ဒေသခံအချို့က စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။
ဦးငယ်(ဆားလင်းကြီး)
သတင်း - မြန်မာ့အလင်း (ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၁၈)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator