ဒူးရင်းသီးယို ထိုးစားကြရအောင်

02/04/2020 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒူးရင်းသီးကြိုက်တဲ့ တောင်သူဦးကြီးတွေ အိမ်ရှင်မတွေရှိပါသလား။ ဒူးရင်းသီးကို အသီးအတိုင်း စားနေကြတုန်းပဲလား။ တစ်ခါတစ်လေ ဒူးရင်းသီးဝယ်လာပြီး အရသာမကောင်းတာမျိုးနဲ့ ကြုံရင် ပစ်လိုက်ကြတာလား။ အရမ်းနှမြောဖို့ ကောင်းပါတယ်။ မစွန့်ပစ်ဘဲ ယိုအနေနဲ့ ထိုးစားမယ်ဆိုရင်ရော။ တကယ်တော့ ယိုထိုးနည်းက လွယ်လွယ်လေးပါနော်။ အခုလို ရောဂါရှောင်တဲ့ကာလ အိမ်မှာလုပ်စားရအောင် ယိုထိုးနည်းလေး လေ့လာကြည့်ကြရအောင်ဗျ။

ပါဝင်ပစ္စည်းများ 

ဒူးရင်းသီး တစ်လုံး (အစိမ်းရရင် ပိုကောင်းပါတယ်၊ အသားထူပါတယ်) 

သကြား ၅ ဇွန်း 

နေကြာဆီ ၃ ဇွန်း 

ရေအနည်းငယ် 

ပြုလုပ်နည်း 

- အရင်ဆုံး သကြား ၂ ဇွန်းကို ရေနည်းနည်းလေး ထည့်ပြီးကျိုလိုက်ပါ။ 

- သကြားရေ အိုးကပ်ပြီး ညိုလာတဲ့အခါ အသားနွှင်ထားတဲ့ ဒူးရင်းသီးတွေကို ထည့်ပြီး ရေ အနည်းငယ်ထည့်ကာ အဆက်မပြတ်မွှေပေးပါ။ 

- ကျန်သကြား ၃ ဇွန်းထည့်ပြီး ဆက်မွှေပေးပါ။ 

- ဒူးရင်းသီး မနွမ်းမချင်း (၁၀ မိနစ်ခန့်) အဆက်မပြတ်မွှေပြီးတဲ့အခါ ရေခမ်းခါနီးမှာ ဆီ ၃ ဇွန်းကို ထည့်ပါ။ ရေလုံးဝခမ်းပြီး မရှိတော့တဲ့အထိ ဆက်တိုက်မွှေပေးပါ။ 

- ရေမကျန်တော့ဘဲ ဆီလေးနဲ့ ထွေးထွေးလေး ကျန်တဲ့အခါ အိုးချ အအေးခံပြီး စားသုံးနိုင်ပါပြီ။ 

    သကြားရည် အညိုရောင်လေးကြောင့် ဒူးရင်းယို အရောင်လေးကလည်းလှပြီး မိမိအိမ်မှာပဲ လုပ်စားလို့ရတဲ့အတွက် သန့်သန့်ရှင်းရှင်းနဲ့ စားသုံးလို့ရပါတယ်နော်။ 

ဇင်ထူးနိုင် 

ကိုးကားချက် - we.com.mm

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်