သဘာဝပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်ကြမယ်

24/09/2019 10:59 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အိမ်ရှင်မတွေဖြစ်လာရင် အိမ်အလုပ်တွေနဲ့ ကလေးတွဲလောင်းနဲ့ လှဖို့ပဖို့ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလားကွယ်။ အိမ်ထဲက မီးဖိုချောင်သုံးပစ္စည်းတွေဟာ လှဖို့ပဖို့ လုပ်ပေးနိုင်တယ်လေ။ အဲ့တော့  အိမ်နောက်ဖေးကိုဝင်ပြီး စိတ်ပြေလက်ပျောက် ဘာလုပ်လို့ရမလဲဆိုတာ မွှေကြည့်ကြတာပေါ့။ တွေ့ပါပြီ ဒီနေ့တော့ ဆံပင်ကို ပေါင်းတင်ကြမယ်။

(၁) အုန်းဆီ၊ ကြက်ဥနဲ့ သံလွင်ဆီ

    နက်မှောင်ပြီး ပြောင်လက်နေအောင်လို့ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်နော်။ ဆံပင် အမျိုးအစားမရွေး သုံးလို့ရပါတယ်။ 

   ကြက်ဥတစ်လုံး၊ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ရောပြီးတော့ လိမ်းလိုက်ရုံပါပဲ၊ အနည်းဆုံးတစ်နာရီလောက်တော့ ထားပေးရပါမယ်။ ပြီးရင် ရေဆေးချတာပဲဖြစ်ဖြစ်၊  ခေါင်းလျှော်ရည်သုံးပြီး ဆေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ရေအေးသုံးလည်းရတယ်။ ကြက်သီးနွေးရေနွေးလေး သုံးလည်းရတယ်ပေါ့။ အဲ့လိုဆိုရင်တော့ နက်ပြောင်တဲ့ ဆံကေသာကို ရမှာပါ။ 

(၂) ဒိန်ချဉ်၊ ပန်းသီးရှာလကာရည်နဲ့ ပျားရည်

   ဘယ်ဆံပင်အမျိုးအစားမဆို သုံးလို့ရပြီးတော့ သုံးပေးမယ်ဆိုရင်တော့ နက်မှောင်မယ်၊ အစိုဓာတ် ပြန်ထိန်းပေးတယ်။ ဆံပင်ကို ရှည်မြန်စေတယ်။ ပြီးတော့ ဦးရေပြားအဆီပြန်တာကို လျှော့ချပေးတယ်။ 

   ဒိန်ချဉ်က အရသာထည့်ထားကို မသုံးရပါဘူး။ ဒိန်ချဉ်လည်း (၁၀၀) မီလီလီတာ (ရေသန့်ဘူးကို ၁၀ ပုံပုံရင် တစ်ပုံလောက်ပါပဲ)ထည့်၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ရမယ်။ နောက်တော့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းထည့် သမအောင်မွှေပါ။ 

   ဦးရေပြားကနေ အနှံ့လိမ်းပြီးတော့ အနည်းဆုံး (၁၅) မိနစ်ထားပြီးတော ရေနွေးလေးနဲ့ အရင်ဆေးပါ။ နောက်မှ ရေဆေးတာ ခေါင်းလျှော်တာလုပ်ပေးပါ။ 

(၃) စတော်ဘယ်ရီနဲ့ အုန်းဆီ

   စတော်ဘယ်ရီ (၆) ကနေ (၈) လုံးလောက်ထည့်ပြီးတော့ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်ပြီးတော့ အကုန်လုံးကိုရောကြိတ်လိုက်ပါ။ ပြီးတော့လိမ်း ခေါင်းအုပ်လေးနဲ့ ၁၀ မိနစ်လောက်အုပ်ထားပြီးတော့ ရေနွေးလေးနဲ့ ဆေး၊ ခေါင်းလျှော်..။

(၄) ထောပတ်သီးနဲ့ ကြက်ဥ

   ခြောက်သွေ့နေတဲ့ ဆံပင်တွေအတွက် အကောင်းဆုံး ကုထုံးလေးပါ။ ထောပတ်သီး တစ်ဝက်ကို ကြက်ဥအနှစ်တစ်လုံးနဲ့ ရောပြီးတော့ ကြိတ်တာဖြစ်ဖြစ် သမအောင်မွှေတာဖြစ်ဖြစ် လုပ်ပြီးတော့ ခေါင်းကိုလိမ်း ဦးရေတွေပါလိမ်းပြီး (၁၅) မိနစ်လောက် နှပ်ထားပေးပါ။ နောက်မှ ရေနွေးလေးနဲ့ဆေးပြီးတော့ ခေါင်းလျှော်လိုက်ပါ။ 

(၅) သရက်သီးနဲ့ သံလွင်ဆီ

   ဆံပင်ပါးတဲ့သူတွေအတွက်ပါနော်။ သရက်သီးအမှည့်တစ်လုံးကို ကျေအောင်ချေပြီးတော့  သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းထည့်ပါ။ ရလာရင်တော့(၃)မိနစ်လောက် ခေါင်းကို ညင်ညင်သာသာလေး နှိပ်နယ်ပြီး မိနစ် (၃၀) လောက်ထားပါ။ နောက်မှ ရေနွေးလေးနဲ့ ဆေးချပြီးတော့ ခေါင်းလျှော်တာလုပ်ပေးပါ။ 

(၆) ငှက်ပျောသီးနဲ့ ပျားရည်

   ဆံပင်တွေရှုပ်တတ်တဲ့သူတွေအတွက် သင့်တော်တဲ့နည်းလေးပါပဲ။ ကောက်တဲ့ဆံသားတွေအတွက် ကောင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ 

   ငှက်ပျောသီး ခပ်လတ်လတ်တစ်လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းရောကြိတ်ပြီးတော့ ခေါင်းမှာ နှံ့အောင်လိမ်းပေးပါ။ (၂၅) မိနစ် ထားပြီးတော့ ရေနွေးနွေးလေးနဲ့ ဆေးချပြီးရင်တော့ ခေါင်းလျှော်လို့ ရပါပြီနော်။  

ကဲ အဲ့လိုများ အိမ်မီးဖိုချောင်ထဲကနေရတဲ့ ပစ္စည်းတွေနဲ့သာ လွယ်လွယ်လေးလုပ်လို့ရတယ်ဆို ဆိုင်ကို ဘယ်သွားစရာလိုမလိမ့်လဲနော်။ အပန်းလည်း မကြီးဘူးလေ……..

ထွန်းဝင်းကျော်

https://girlwithcurves.com/6-diy-hair-masks-you-can-make-in-your-kitchen

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်