မတ်ပဲတွင်ကျရောက်တတ်သော သီးလုံးဖောက်ပိုးအန္တရာယ်

05/01/2022 13:30 PM တွင် မဆုယဉ်လင်း မဆုယဉ်လင်း မှ ရေးသား

မတ်ပဲကို အောက်တိုဘာတတိယအပတ်မှစတင်၍ နိုဝင်ဘာတတိယပတ်အတွင်း စိုက်ပျိုးကြပါသည်။ ၂၀၂၁ အတွင်း ပိုးမွှားရောဂါကျမှုများတာကိုတွေ့ရပါသည်။ သီးနှံပင်များတွင် အသီးအပွင့်ဝင်သည့်အချိန်တွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် အထွက်နှုန်းကိုများစွာထိခိုက်စေပါသည်။ မတ်ပဲပင်တွင် ပန်းပွင့်များသည် အပင်အောက်ခြေအရွက်အောက်ဘက်တွင် သီးပွင့်ကြသောကြောင့် ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုးများကျရောက်မှုကို သတိပြုမှုလျော့နည်းတတ်သည်။ ဆိုးရွာစွာကျရောက်တတ်သော သီးလုံးဖောက်ပိုးများအကြောင်းကို ဒီနေ့တွင်ပြောပြသွားပါမည်။

ဖျက်ဆီးမှုလက္ခဏာ

မတ်ပဲသီးလုံးဖောက်ပိုးသည် ပန်းပွင့်စတင်ဝင်ရောက်သည့်အချိန်တွင် ကျရောက်လေ့ရှိသည်။ ပန်းပွင့်ဝင်သည့်အချိန်တွင် ပိုးဖလံမသည် ပန်းပွင့်၊ အဖူးနှင့် အရွက်အောက်မျက်နှာပြင်များပေါ်တွင် ဥဥချခဲ့ပါသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် မတ်ပဲပင် အရွက်၊ အဖူး၊ အပွင့်၊ သီးကင်းများကို ကိုက်ဖြတ်စားသောက်ပါသည်။ အဖူးအပွင့်များတွင်းသို့ဝင်ရောက်ကာ အပွင့်အောက်ခြေများကို ကိုက်ဖြတ်သောကြောင့် အသီးမသီးနိုင်တော့ပဲ အထွက်နှုန်းကို ထိခိုက်ရခြင်းပဲဖြစ်ပါသည်။ စားသောက်ဖျက်ဆီးနေစဉ်အတွင်း ပိုးလောက်ကောင်သည် သီးတောင့်ထဲသို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ဝက်ဝင်ရောက်ကာ စားသောက်ဖျက်ဆီးပြီး ခန္ဓာကိုယ်အောက်ပိုင်းက သီးလုံးအပြင်ဘက်တွင် ကျန်ခဲ့ပါသည်။ သီးလုံးဖောက်ပိုးကျရောက်မှုတွင် အဓိကလက္ခဏာအနေဖြင့် သီးတောင့်များတွင် အပေါက်များရှိနေတတ်ပါသည်။ သီးလုံးဖောက်ပိုးတစ်ကောင်သည် သီးတောင့် ၃၀ မှ၄၀ အထိ ဖျက်ဆီးနိုင်သည်။ 

 ကာကွယ်နှိမ်နင်းနည်း

ထယ်ရေးနက်နက် ထွန်ယက်စိုက်ပျိုးခြင်းသည် ပိုးရုပ်ဖုံးအဆင့်ကို နှိမ်နင်းပြီးသားဖြစ်ပါသည်။ ပိုးမွှားများခိုအောင်းရာဖြစ်သော ပေါင်းမြက်များကိုလည်း ရှင်းလင်းပေးဖို့လိုပါသည်။ ဥမြုံများ၊ ပိုးရုပ်ဖုံးများကိုလည်း ကောက်ယူဖျက်ဆီးခြင်းများ ပြုလုပ်ပေးပါ။ မီးထောင်ချောက်၊ pheromone ဟော်မုန်းထောင်ချောက် (ဖလံအဖိုများကိုဆွဲဆောင်သောထောင်ချောက်) စသည်တို့ကို ထားပေး၍ အကောင်ကြီးအဆင့် သီးလုံးဖောက်ပိုးဖလံများကို ကာကွယ်နှိမ်နင်းပေးနိုင်ပါသည်။ 

ဓာတုဆေးအနေဖြင့် အင်ဒိုဇာကပ် (Indoxarcab)၊ ပရိုဖီနိုဖော့ (Profenofos)၊ အစီဖိတ် (acephate)၊ သိုင်ရာမီသောက်ဇင် (thiamethoxam) နှင့် အီမာမက်တင် ဘန်ဇိုရိတ် (Emamectin benzorate) စသည်တို့ကို အညွှန်းအတိုင်း သေချာစွာအသုံးပြုပေးနိုင်ပါသည်။ 

ကိုးကား- https://www.thehindu.com/sci-tech/science/managing-pod-borer-in-blackgram/article5919015.ece

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်