ဈေးကွက်ကွန့်မြူးချိန်နှင့် သရက်သီးစော၍ပေါ်ရန် အချိန်ကိုက်ဖန်တီးခြင်း (အပိုင်း ၁)

15/02/2019 21:46 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဈေးကွက်ကွန့်မြူးချိန်နှင့် သရက်သီးစော၍ပေါ်ရန် အချိန်ကိုက်ဖန်တီးခြင်း (အပိုင်း ၁) 

      မြန်မာနိုင်ငံတွင် သရက်မျိုးစုံ စိုက်ပျိုးဧက ၁ ဒဿမ ၅၆ သန်းကျော်ရှိပြီး တစ်နှစ်လျှင်သရက်သီးအလုံးပေါင် သန်း၂၀၀၀ သန်းကျော်ထွက်ရှိနေသည်ဟု သိရသည်။ သရက်သီးပေါ်သည့်ရာသီတွင် သရက် မျိုးစုံတစ်ပြိုင်တည်းပေါ်တတ်သဖြင့် ဈေးကောင်းမရဘဲ သရက်သီးများပုပ်ပြီး လေလွင့်ဆုံးရှုံးမှုများနှင့် ကြုံရတတ်သည်။ သရက်သီးသည် ရာသီထက်စော၍ ပေါ်လျှင်ပေါ်ဦးပေါ်ဖျားများ ဖြစ်၍ ဈေးကောင်းရသည်။ မျက်နှာပန်းလှသည်။ ရာသီချိန်ထက်နောက်ကျ၍ သရက်သီးစေခြင်းသည် ပိုးမွှားရောဂါ ကျရောက် တတ်ပြီး အရည်အသွေးကိုပါ ထိခိုက်စေနိုင်သည်။ 

      သို့အတွက် နိုင်ငံတကာတွင် သရက်သီးကို ရာသီချိန်ထက်စောကာ ဦးဦးဖျားဖျား ပေါ်အောင်ဦး စားပေး ဆောင်ရွက်လာ နေကြသည်ကို တွေ့ရှိရသည်။ ထိုင်းနိုင်ငံ၊ အိန္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့တွင် မူ တစ်နှစ်ပတ်လုံးပေါ်နေစေရန် နည်းပညာ အသုံးပြု၍ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။ 

       သရက်ကို အချိန်စောသီးစေခြင်း၊ နောက်ကျသီးစေခြင်းများကို နည်းပညာဖြင့် ဖန်တီးရာတွင် သရက်မျိုးများ၏ သရက်ပန်းခိုင်ပွင့်သီးမှု သဘာဝနှင့် ဆက်စပ်နေသည်။ သရက်မျိုးများတွင် တစ်နှစ် အတွင်း နှစ်ကြိမ်၊ သုံးကြိမ်ပွင့်သီးသောမျိုး၊ နှစ်ခြားသီးသော သရက်မျိုး အဖြစ်ရှိနေရာ တစ်နှစ်အတွင်း နှစ်ကြိမ်၊ သုံးကြိမ်သီးပွင့်သောမျိုး နှစ်စဉ်သီးပွင့်သောမျိုးများသည် နည်းပညာဖြင့် အချိန်စော၍ ပွင့် သီးခြင်း၊ နောက်ကျ၍ ပွင့်သီးခြင်းများကို ဖန်တီးရာတွင် တုံ့ပြန်မှုများသည်ဟု ဆိုပါသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် လူကြိုက်များသော မချစ်စု၊ မြကျောက်စသည့်မျိုးများ ဖြစ်ကြပါသည်။ နှစ်ခြားသီးပွင့် သရက်မျိုးများသည်  တုံ့ပြန်မှု နည်းသည်ဟု ဆိုနိုင်သည်။ စိန်တလုံးသရက်သည် နှစ်ခြားသီးပွင့်သဖြင့် သီအိုရီအရ နည်းပညာဖြင့် အချိန်စော၍ ပွင့်သီးစေရန် (သို့မဟုတ်) အချိန်နောက်ကျ၍ ပွင့်သီးစေရန်  ဖန်တီးမှုမှာ ခက်ခဲသည်ဟု ဆိုပါသည်။ 

     မြန်မာနိုင်ငံတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်များကို အရည်အသွေးကောင်းသ ထက်ကောင်းအောင် အခြားသုတေသနပြုသင့်သည့် အချက်များ(ဥပမာ- စောပွင့်သီးအောင်၊ နောက်ကျ ပွင့်သီးအောင်) ကို သုတေသနပြု စမ်းသပ်ခြင်းမျိုး အလွန်နည်းပါးသည်။ မချစ်စု သရက်မျိုးသည် အနံ့ မွှေးသည်။ အသားနူးညံ့သည်။ အရသာချိုသည်။ သို့သော် မချစ်စုသရက်မျိုး၏ အားနည်းချက်မှာ အ မျှင်များခြင်း၊ ရင့်မှည့်လျှင် အိပျော့လွယ်ခြင်း၊ တာရှည်အထားမခံခြင်း၊ အခွံအရောင်မလှခြင်း၊ အခွံ တွင် အနက်ရောင်အစက်များပေါခြင်းများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မချစ်စု သရက်မျိုး ပေါ်ခဲ့သည် မှာ နှစ်ပေါင်းရာကျော်ပင် ရှိခဲ့ပြီ ဖြစ်သော်လည်း မည်သူမျှ အဆိုပါ အားနည်းချက်ကို ပို၍ကောင်းမွန် အောင် သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုမှာ မရှိသလောက်ပင်ဖြစ်သည်။ 

       ထို့အတူ မြန်မာ့မြကျောက်သရက်သည် အရောင်အသွေး လှပပြီး အနံ့မွှေးကြိုင်ကာ အသားနူး ညံ့ပြီး အရသာချိုသော်လည်း မြကျောက်သရက်၏ အားနည်းချက်မှာ ရင့်မှည့်စနစ်၊ သုံးရက်အတွင်းမှာ ပင်အညှာအရင်း၌ မှိုရောဂါစွဲ၍ ပုပ်ရိလွယ်သဖြင့် ကြာရှည်အထားမခံပေ။ ယင်းအားနည်းချက်ကို လည်း နည်းပညာဖြင့် မည်သို့ပြုပြင်၍ အရည်အသွေးကောင်း သရက်ဖြစ်လာစေရန် သုတေသနပြု စမ်းသပ်ခြင်းကို မကြားမိသေးပေ။ ထို့အတူ စိန်တလုံး သရက်မျိုးကို အခြားသောနိုင်ငံများက မြန်မာနိုင်ငံမှ မျိုးကူးကိုင်းဆက်ပင် များဝယ်ယူစိုက်ပျိုး၍ ကောင်းသည်ထက်ကောင်းအောင် သုတေသနပြု စမ်းသပ်နေပြီဟု သတင်းများ ကြားရသော်လည်း မြန်မာနိုင်ငံမှာမူ သုတေသန မလုပ်နိုင်သေးဘဲ ဘုရားပေးသည့်အတိုင်း “မှိန်း”၍ စား သုံးနေကြသည်မှာ ယနေ့အထိပင် ဖြစ်သည်။ 

        သရက်မျိုးများကို ဈေးကွက်ကွန့်မြူးချိန်နှင့် အချိန်ကိုက် သရက်သီးပေါ်လာစေရန် နည်းပညာ ဖြင့် ဖန်တီးရာတွင် စော၍ပွင့်သီးစေရန်နှင့် နောက်ကျ၍ ပွင့်သီးစေရန် ဖန်တီးနိုင်ခြင်းသည် အဓိကသော့ ချက်ဖြစ်သည်။ သရက်ကို ပန်းပွင့်အောင် ဖန်တီးနိုင်မှသာ အအေးဓါတ် ရရှိရန် လိုအပ်သည်။ သရက်ပန် းပွင့်စေချင်သည့်အချိန်တွင် အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ရှိအောင် စီမံနိုင်ရမည်ဖြစ်သည်။ သရက်ပန်း ပွင့်စေရန် လူတို့၏ တီထွင်ကြံဆမှုဖြင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိပါသည်။ (၁) ပန်းပွင့်စေမှု ဇီဝကမှုဆိုင်ရာများ ဆောင်ရွက်ခြင်း၊ (၂) နည်းစနစ် ပိုင်းဆိုင်ရာများ ဆောင် ရွက်ခြင်း၊ (၃) အပင်ဟိုမုန်းများဖြင့် ပက်ဖျန်းဆောင်ရွက်ခြင်း၊ (၄) သရက်ပန်းပွင့်စေရန် ပတ်ဝန်းကျင် အခြေအနေရရှိအောင် ဖန်တီးပေးခြင်း၊  (၅) ပိုတက်စီယမ်နိုက်ထရိတ်နှင့် ပါကလိုဗျုထရာဇောဖျန်း၍ ပန်းပွင့်စေရန်  စီမံခြင်း၊ (၆) အီသလင်း ဖျော်ရည်ပက်ဖျန်း၍ ပန်းပွင့်စေရန် နှိုးဆွပေးခြင်း၊ (၇) မျိုးကွာ ခြားမှုကို လေ့လာ၍ သရက်ပန်းပွင့်စေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ 

            သရက်ကို ပုံမှန်ရာသီထက်စော၍ ပွင့်သီးစေရန်မှာ သရက်သီး ဆွတ်ခူးချိန် ကုန်ပြီးနောက်  သရက်တုံးသွားသောအချိန်မှ စတင်ဆောင်ရွက်ရသည်။  ၎င်းအချိန်သည် အပင်ကြီးထွားမှု ရပ်နားချိန် ဖြစ်သည်။ အပင်ရပ်နားချိန်တွင် ပိုနေသောကိုင်းများ ၊ ပိုးမွှားရောဂါကျရောက်သော ကိုင်းများကို သုတ် သင် ဖြတ်တောက်ပေးရမည် ဖြစ်သည်။ပန်းပွင့်ပြီး အသီးသီးပေးနိုင်မည့် သန်စွမ်းကိုင်းများကို ချန်လှပ် ထားရမည် ဖြစ်သည်။  သရက်ပင်၏ ကိုင်းများ ဖြတ်တောက်ရှင်းလင်းပြီးပါက မြေဩဇာ ကျွေးခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ဆောင်ရွက်ရမည်။ သက်တမ်း ငါးနှစ်သားအရွယ် သရက်ပင်အတွက် နိုက်ထရိုဂျင်  ၊ ဖော့စဖရပ်၊ ပိုတက်စီယမ် မြေဩဇာ ၃း၁း၁ အချိုးကို တစ်ပင်လျှင် နှစ်ကီလိုမှသုံးကီလိုနှုန်း ထည့်ပေးရန် လိုသည်။ သဘာ၀ မြေဩဇာများ ဖြစ်ကြသော နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ ထုံး ၊ ဒို့လို့မိုဒ်၊ ဂျစ်ပဆန် များကိုလည်း အချိုးကျ ရောနှော ကျွေးပေးရန် လိုအပ်ပါသည်။ 

        ဓာတ်မြေဩဇာနှင့် သဘဝမြေဩဇာများ ကျွေးပြီးပါကကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ထားပေးထားပြီး ရေသွင်းပေးရမည်ဖြစ်သည်။ ရေသွင်းပြီး တစ်ပတ်ခန့်တွင် ရွက်နုများ ဝဆော လာ  မည်ဖြစ်သည်။ ရွက်နု ထွက်ချိန်သည် သရက်အပွင့်ပွင့်၊ အသီးသီးရန်အတွက် အဓိကအချက် ဖြစ်သည်။ ရွက်နုများ မရင့်ခင် အဆင့်တွင် အရွက်များ ကြေးနီရောင် ဖြစ်လာသည်။ ပိုးမွှားရောဂါကို သတိပြုကာ ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ 

အောင်ဆန်း (စိုက်ပျိုးရေး)

ဆက်ရန်

ဖုန်းဆော့ဝဲလ်ရယူရန်- dl.greenwaymyanmar.com

#greenway

#greenwaymyanmar

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်