ဈေးကွက်ကွန့်မြူးချိန်နှင့် သရက်သီးစော၍ပေါ်ရန် အချိန်ကိုက်ဖန်တီးခြင်း (အပိုင်း ၂)

19/02/2019 15:07 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သရက်ပုံမှန်ပေါ်ချိန်ထက် စော၍ပွင့်၍သီးစေရန် ပထမအကြိမ်ထွက်သော ရွက်နုများ မရင့်မီ အ ချိန်တွင် ဆောင်ရွက်ရသည်။ သရက်ပန်းဖူး များနိုးကြားလာစေရန်နှင့် အဖူး ထွက်ပန်းပွင့် လာစေရန် အ ရွက်ရင့် များပေါ်တွင် ပိုတက်ဆီယမ် နိုက်ထရိတ် (ယမ်းစိမ်း) ၊ K2NO3 ပက်ဖျန်းပေးရန် စီမံရမည်ဖြစ် သည်။  အချို့သရက်မျိုးများကို  ယမ်းစိမ်းတုံပြန်မှု မရှိပါက ပါကလိုဗျူတရာဇော ကြိုတင်ပက်ဖျန်း၍ အပင်ကြီးထွားမှုကို ဟန့်တားထားရန် လိုအပ်သည်။ ဈေးကွက်တွင် (Cultar,Ruttinerup, prediel)  ဟူ၍ ၀ယ်ယူနိုင်ပါသည်။
ပါကလိုဗျူတရာဇောသည်  အရွက်ထက် အမြစ်က ပိုမိုစုပ်ယူအားကောာင်းသဖြင့် ရေဖျော်၍ အပင်ခြေကို လောင်းပေးခြင်းက ပိုမိုထိရောက်စေသည်။ အဆိုပါဆေးကို အသုံးပြုပါက အညွှန်းပါအ တိုင်း တိတိကျကျ လိုက်နာအသုံးပြုရန် သတိပြုရပါမည်။ သရက်ရွက်များသည်  အစိမ်းရင့်ရောင်ဖြစ် ပြီး တောင့်တင်းကျွတ်ဆက်နေပါက ပန်းဖူးများဖြစ်ပေါ်ရန် အသင့်အနေအထား ရှိနေခြင်းဖြစ်သည်။အ ကယ်၍ သရက်ရွက်များ ပါးပြီး နူးညံ့ပျော့ပျောင်းနေခြင်း၊ သေးငယ်ခြင်း၊ အဆစ်ရှည်ခြင်း၊ ကိုင်းများ သေးသွယ်ခြင်း၊ အရွက်အရေအတွက် နည်းလွန်းခြင်း ဖြစ်နေပါက နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက် ဆီယမ်(၉း၂၄း၂၄) အချိုးဓာတ်မြေဩဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလို ထည့်သွင်းပေးရန် လို အပ်သည်။ အဆိုပါနှုန်းထားသည် အပင်၁၀နှစ်မှ ၂၀နှစ်အထိ သက်တမ်းရှိသော သရက်ပင်များအတွက် ဖြစ်သည်။
နောက်ဆုံးထွက်သော ရွက်နုများထွက်ပြီး ရင့်သွားသည့် အချိန်တွင် အချိန်အခါမဟုတ် ရွာသော ကြောင့် လည်းကောင်း၊ ရေပေးသွင်းခြင်း ဖြင့်လည်းကောင်း၊ နောက်ထပ် ရွက်နုများ ထပ်ထွက်လာ ပါ ကရာသီချိန်မဟုတ် သရက်ပွင့် သီးစေရန် အဟန့်အတား ဖြစ်စေနိုင်သည်။ သို့အတွက် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ် ၊ ပိုတက်ဆီယမ်(၀း၅၄း၂၄) အချိုး ဓာတ်မြေဩဇာ ၅၀ မှ ၆၀ ဂရမ်ကို ရေ ၂၀ လီတာ ဖြင့် ဖျော်၍ အရွက်များကို ဖျန်းပေးရန် လိုအပ်သည်။ မိုးမရွာ ပါက  နိုက်ထရိုဂျင်၊  ဖော့စဖရပ်၊  ပိုတက်ဆီ ယမ် (၀း၂၅း၃၀) အချိုး ဓာတ်မြေဩဇာကို  ၅၀- ၆၀ ဂရမ် ၊ ရေ ၂၀လီတာ နှင့် ဖျော်၍ ၁၅ရက် ( သို့မဟုတ်) ရက် ၂၀ (သို့မဟုတ်) ရက်၃၀ ခြားတစ်ကြိမ် ဖျန်းပေးရန် လိုအပ်သည်။
သရက်ကို ရာသီ ပုံမှန်ပေါ်ချိန်ထက် စော၍ပွင့်သီးစေလိုလျှင် ပါကလိုဗျူထရာဇော ဖျန်းပြီး နောက်ရက်ပေါင်း ၁၂၀ မှ ၁၃၀ အကြား မိုးရာသီ ကုန်ဆုံးကာလတွင်  အညွှန့်သစ်များ အားထိန်းချုပ် ရန် နိုက်ထရိုဂျင် ၊  ဖော့စ်ဖရပ်၊  ပိုတက်ဆီယမ် အချိုး  ဓာတ်မြေဩဇာ ၅၀ မှ ၆၀ ဂရမ်ကို ရေ  ၂၀ လီ တာဖြင့် ဖျော်၍ အရွက်များကို ဖျန်းပေးရန် လိုအပ်သည်။ ဘိုင်အိုယူရီးယား ၇၅ မှ ၈၀ ဂရမ်ကို ရေလီ တာ ၂၀ နှင့် ဖျော်၍ ( သို့မဟုတ်) ပိုတက်ဆီယမ် နိုက်ထရိတ်(ယမ်းစိမ်း) ၊ K2CO3 ၂၀၀ဂရမ် မှ ၄၀၀ ဂရမ် ကို ရေလီတာ၂၀လီတာ တွင်ဖျော်၍ ကပ်ဆေးတစ်မျိုးမျိုး နှင့်ဖျန်းပေးရန် လိုအပ်သည်။ ပက်ဖျန်းပြီး တစ်ပတ်အတွင်း မှမိုးမရွာလျှင် ပို၍အကျိုးသက်ရောက်မှု ရှိစေသည်။ အရွက်များ ဆေးလောင်ကျွမ်း နိုင် သဖြင့်ဆေးနှုန်းထား မှန်မှန်နှင့် ညနေပိုင်းတွင်သာ ပက်ဖျန်းသင့်သည်။
ဘိုင်အိုယူရီးယား ( သို့မဟုတ်) ပိုတက်ဆီယမ် နိုက်ထရိတ် ပက်ဖျန်းပြီးပါက ၁၀ရက်ခန့်ကြာ လျှင် ပထမဦးဆုံး ပန်းခိုင် စထွက်လာ ပါသည်။ ၎င်းအချိန်တွင် အပင်ခြေနှင့် အရွက်များကို ရေအနည်း ငယ် ဖျန်းပေးရန် လိုအပ်သည်။ ပန်းဖူးများထွက်၍ ပန်းပွင့်လာပြီ ဆိုပါက အနည်းလို အာဟာရဓာတ် ကယ်ဆီယမ်၊ မဂ္ဂဆီယမ်၊ သွပ်၊ ဘိုရွန် ပါ၀င်သည့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ် (၁၅း၃၀း ၁၅) အချိုး ဓာတ်မြေဩဇာကို ကပ်ဆေးနှင့်  ရောပြီး  ညနေပိုင်းတွင် ဖျန်းပေးရန် လိုသည်။ ပန်းမပွင့်မီ တစ်ပတ် အလိုတွင် ၀တ်မှုန်ကူးမှုကို အထောက်အကူ ဖြစ်စေရန် စိုက်ခင်း ပတ်၀န်းကျင်တွင်  ပျား ၊ ယင်ကောင်၊ အင်းဆက်များကို ဆွဲဆောင်သည့် ကြက်ချေးအစို ဖြန့်ခင်းခြင်း၊ ငါးအူများ ချိတ်ဆွဲခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်သည်။ ပန်းခိုင်ထွက်ပြီး ၁၄ ရက် ကြာလျှင် ပန်းဖြိုင်ဖြိုင်ပွင့် ပြီး ၂၁ရက် အ ကြာတွင် ပန်းဖူး ၏ ၅၀ ရာခိုင်နှုန်း ပွင့်လာပါသည်။ ၎င်းအချိန်တွင် ပန်းပွင့် သန္ဓေအောင်ပြီး အသီးဖြစ် လာစေရန် အတွက် ၀တ်မှုန်ကူး ပျား၊ ယင်၊ အင်းဆက်များ အထူးလိုအပ်သည်။ ၎င်းအချိန်တွင် ၀တ်မှုန် ကူးသန္ဓအောင်စေရန်အတွက် ပတ်၀န်းကျင် အပူချိန်၁၆ ဒီဂရီမှ ၂၄ဒီဂရီစင်တီဂရိတ်တွင် ရှိနေစေရန် အ ရေးကြီးသည်။
သရက်ပန်းပွင့် သန္ဓေအောင်ပြီး တစ်ပတ်အကြာတွင် အသီးငယ် ငရုတ်ကောင်းစေ့အရွယ် ရောက်လာသည်။ ပန်းပွင့်ပြီး တစ်လအကြာတွင် အသီးငယ်သည် ကြာစေ့အရွယ်သို့ ရောက်ရှိလာ သည်။ အရွက်၊ ကိုင်း၊ ပင်စည်တို့မှ အစာကို အသီးကြီးထွားမှု အတွက် အသုံးချလာသည်။ ပန်းခိုင်တစ် ခိုင်တွင် အသီး ၁၀ လုံးမှ ၁၅ လုံး သာထားပြီး သီးညှပ်များ ခြွေပေးရန် လိုအပ်သည်။ ပန်းပွင့်ပြီး ၄၅ ရက်သားတွင် အသီးသည် ခါဥအရွယ်သို့ ရောက်လာသည်။ ဤအဆင့်တွင် အာဟာရ မလုံလောက်ပါက အသီးကြွေကျနိုင်ပါသည်။ နိုက်ထရိုဂျင်၊ ဖောစ့်ဖရပ်၊ ပိုတက်ဆီယမ်  (၁၅း၃၀း၁၅) အချိုး ဓာတ်မြေဩ ဇာကို အနည်းလို အာဟာရဓာတ်များ နှင့်ရော၍ ဓာတ်မြေဩဇာ အရည် ၁၀ မီလီလီတာကို ရေ ၂၀ လီ တာနှင့် ရောကာ ပက်ဖျန်းပေးရန် လိုအပ်သည်။ ပန်းပွင့်ပြီး ၆၀ရက်သားတွင် သရက်သီးသည် ကြက်ဥ အရွယ်အဆင့်ရောက်ရှိပြီး အစိုဓာတ်နှင့် အာဟာရ မလုံလောက်ပါက အသီးကြွေကျ တတ်သည်။
အပူချိန်မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်း ဖြစ်ပါကလည်း အသီးကြွေတတ်သည်။ အသီးကြီးထွားမှု ကောင်းစေရန်နှင့် မကြွေစေရန်အတွက် သီးညှပ်များ ခြွေပေးပြီး နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီ ယမ်(၉း၂၄း၂၄)အချိုး ဓာတ်မြေဩဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ် သည်။
ပန်းပွင့်ပြီး ရက်၉၀ အကြာတွင် အသီးများ ရင့်ရန် နီးကပ်လာသည်။ ကြီးထွားမှု လည်းပိုလာ သည်။ ရေသွင်းရက် ကိုခြား၍  ပိုသွင်းရန် လိုသည်။ ရေသွင်းချိန်တွင်  နိုက်ထရိုဂျင် ၊ ဖော့စ်ဖရပ် ၊ ပိုတက်ဆီယမ်  (၉း၂၄း၂၄) အချိုး ဓာတ်မြေဩဇာ ကျွေးပေးရန် အထူးလိုအပ်သည်။ သရက်သီးအ တွင်းသား အချဥ်ဓာတ် မှ အချိုဓာတ် သို့ စတင် ပြောင်းလာချိန် ဖြစ်သည်။ ၁၀ရက်ကြာလျှင် သရက် သီးအပေါ်ခွံတွင် ခပ်ပါးပါး ဖယောင်းလွှာ ပေါ်လာသည် ။ ဖယောင်းလွှာ ပေါ်လာစေရန်  နိုက်ထရိုဂျင် ၊ ဖော့စ်ဖရပ် ၊ ပိုတက်ဆီယမ် (၉း၂၄း၂၄) အချိုး  ဓာတ်မြေဩဇာ အရည် ၂၀ မှ ၃၀ မီလီလီတာ ကို ရေ  ၂၀  လီတာ နှင့်ရော၍ ပက်ဖျန်းပေး ရန်လိုသည်။ ဤနည်းဖြင့် ပန်းပွင့်ပြီးချိန် မှ ရက်ပေါင်း ၁၀၀ မှ ၁၀၅ ရက်အကြာတွင် ကောင်းစွာ ကြီးထွားဖွံဖြိုးပြီး  ရင့်မှည့်သော သရက်သီးများကို ရာသီချိန်ထက်စော ကာ ဆွတ်ခူး ရရှိနိုင်ပြီး ဖြစ်သည်။
သို့ပါ၍  မြန်မာ့ စိန်တလုံး သရက် ၊မြကျောက် သရက်ခြံပိုင်ရှင်များသည် တွေးတောကာ စိတ် ပျက်အားငယ် မနေကြဘဲ နိုင်ငံတကာမှာရော ပြည်တွင်းဈေး မှာပါဈေးကွက် ကွန့်မြူးချိန် နှင့်ကိုက်ညီ ကာသရက်သီးများ ရာသီချိန် ထက်စော၍ ပေါ်စေရန် နည်းပညာ အပြည့်အ၀ အသုံးချ၍ ဆောင်ရွက် ရင်းနိုင်ငံတကာ ဈေးကွက်သို့ပါ  ထိုးဖောက်ယှဥ်ပြိုင် သည်အထိ ကြိုးပမ်းကြရန် လိုအပ်သည်။
                                                                         အောင်ဆန်း( စိုက်ပျိုးရေး) 
                                                                                                        


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်