ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ

27/09/2023 13:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ အဓိကကမ်းရိုးတန်းဒေသကြီးများဖြစ်သော ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဒေသများတွင် ဒီရေတောများပေါက်ရောက်ကြသည်။ 

ယခင်က ဒီရေတောများထူထပ်ခဲ့ရာနေရာအများစုသည် လက်ရှိအချိန်တွင် ခုတ်လွန်တောပျက်များ အဖြစ်သာကျန်ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများလည်း အပါအဝင်ဖြစ်လေသည်။ 

အဆိုပါဒေသသည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရွှေ့ ပြောင်းလုပ်သားများ အများအပြားနေထိုင်ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ယခုအခါ ဒီရေ တော ၈၀ ရာခိုင်နှုန်း ပျက်စီးပြုန်းတီးခဲ့ပြီဖြစ်သည်။ ၁၉၉၀ ခုနှစ် ဂြိုဟ်တုမြေပုံအရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောဖုံးလွှမ်းမှုသည် လက်ရှိဒီရေတောဖုံးလွှမ်းမှုနှင့်ယှဉ်ပါလျှင် အဆပေါင်းများစွာ ကွာခြားခဲ့ပြီဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသည် ဒီရေတောများ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိလွှမ်းမိုးခဲ့သောနေရာ ဖြစ်ခဲ့သည်။ ကြိုးပြင်ကာကွယ်တောများဖွဲ့ခဲ့သည်။ ၁၉၄၇ ခုနှစ် ထုတ်ပြန်ခဲ့သော ဒီရေတော အုပ်ချုပ်မှု စီမံချက်အရ ထိုဒေသသည် ကျားများကျက်စားခဲ့ရာဒီရေတောများ ဖြစ်ခဲ့သည်။ သို့သော်လည်း လက်ရှိအချိန် နေရာတော်တော်များများတွင် အပင်များ၏ အမြင့် ၅ မီတာမကျော်သောတောလွန် အဖြစ်ရှိနေပြီး ဒီရေတောများ၏ အကျိုးကျေးဇူးများအားလုံးကို ဆုံးရှုံးနေရပြီဖြစ်သည်။ ဒီရေတောများသာရှိမည်ဆိုပါလျှင် ကမ်းပြိုရေတိုက်စားမှုများကို ရာနှုန်းပြည့်မကာကွယ်ပေးနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

ဒေသတွင်းလူမှုစီးပွားရေးအခြေအနေအရ ဒီရေတော ထိန်းသိမ်းရာတွင် အဓိက ကြုံတွေ့ရသော ပြဿနာ များမှာ လယ်တိုးချဲ့ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့် ပုစွန်ကန်တူးဖော်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ Worldview International Foundation အနေဖြင့် ဒီရေတောဂေဟစနစ်များထူထောင် ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလည်းတစ် ခုအပါအဝင်ဖြစ်သည်။ လက်ရှိကာလတွင် ပြန်လည်ထိန်းသိမ်းထားသော ဒီရေတောများအဖြစ် ဧရာဝတီ ရှိနေရာအချို့တွင် စတင်မြင်တွေ့နေရပြီဖြစ်ပါသည်။

ပြန်လည်ထိန်းသိမ်းထားသော ဒီရေတောများသည် သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားသာရှိသော်လည်း သဘာဝဒီရေတောများလုပ်ဆောင်သည့် ဂေဟစနစ်အတိုင်း ဂေဟစနစ်ဝန်ဆောင်မှုများ (မုန်တိုင်းကာ ကွယ်ရေးနှင့် ပင်လယ်စာ ရင်းမြစ်များထိန်းသိမ်းပေးခြင်း စသည်တို့) ကို ထိန်းသိမ်းလုပ်ဆောင်နိုင်စွမ်း ရှိပါသည်။ အဆိုပါဂေဟစနစ်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးအကျိုးအမြတ်ကို စိုက်ခင်း၊ လုပ်အားနှင့် အခြားကုန်ကျ စရိတ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဒီရေတောပြန်လည် ထူထောင်ရေးသည် ယေဘုယျအားဖြင့် တွက်ချေကိုက်သည်ဟု သုတေသီများက ပြောသည်။ 

ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်နေရာဖြစ်သော မကျည်းဒေသ (ရွှေသောင်ယံ) တွင် ကဏန်းကန်မွေးမြူရေး များနှင့် မီးသွေးထုတ်လုပ်မှုကြောင့်  ဒီရေတောများ ဆိုးရွားစွာ ပျက်စီးသွားခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ကာ ပြန်လည်ဖွံ့ဖြိုးလာခဲ့သည်။ လက်ရှိကာလတွင် ဒီရေတောအထက်ဘက်ရှိ တောင်ပေါ်တွင် တည်ထားသော စေတီလေးမှ မျှော်ကြည့်လိုက်လျှင် ကွေ့ပတ်စီးဆင်းနေသော ဒီရေတောအုပ်ကြီးကို ညို့ဆိုင်းဆိုင်းအဖြစ် တွေ့မြင်နိုင်သည့် အကျိုးရလဒ်ကို မြင်တွေ့နေရပြီဖြစ်သည်။ 

မကျည်းဒေသအပြင် အခြားဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအတော်များများနှင့် တနင်္သာရီဒေသတို့တွင်လည်း Worldview International Foundation ၏ ဒီရေတောဂေဟစနစ်များထူထောင် ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တွေ့မြင်လာမည်ဖြစ်ပါသည်။ 

ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်းအကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။

ဒီရေတောအကြောင်းဆောင်းပါးများကို - Worldview Myanmar – WIF ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း များပေါ်တွင်လည်း လေ့လာနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်