ဂေဟစနစ်များထဲက ဒီရေတော

21/09/2023 15:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒေသတစ်ခုအတွင်း သက်ရှိမျိုးစိတ်များအားလုံးနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ သဘာဝ ရုပ်ဝတ္ထုများ၊ ဓာတုဖြစ်စဉ်များအကြား အပြန်အလှန်ဆက်စပ်ပတ်သက်နေခြင်းကို ဂေဟစနစ် (Eco System)ဟုခေါ်ဆိုခြင်းဖြစ်လေသည်။ ဂေဟစနစ်သည် သက်ရှိ၊ သက်မဲ့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသောအရာကိုဆို လိုခြင်းဖြစ်ပါသည်။

ဂေဟစနစ်တိုင်းသည် အရှိန်အဟုန်ကောင်းစွာဖြင့် ဟန်ချက်ညီညီ ပုံမှန်လည်ပတ်နေကြသည်။ ထိုအရှိန် ဟန်ချက်တစ်ခုခုပျက်သွားမည်ဆိုပါက လည်ပတ်နေသည်တို့ရပ်တန့်သွားမည်ဖြစ်သည်။ 

ဂေဟစနစ်တစ်ခုမှာအခြေအနေအပေါ်မူတည်၍ အရွယ်အစားအမျိုးမျိုးတည်ရှိနိုင်ပြီး ကမ္ဘာမြေတစ်ခုလုံးအနေဖြင့်လည်းကောင်း၊ ဒေသကြီးအဆင့် ဇီဝအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ သို့တည်းမဟုတ် ပုံမှန်တည်ရှိနေသည့် ရေအိုင်ငယ်လေးတစ်ခုအနေဖြင့်လည်းကောင်းသတ်မှတ်နိုင်သည်။ သဘာဝဂေဟ စနစ်တစ်ခု၏ ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများ (Ecosystem services) ‌ထောက်ပံ့ပေးနိုင်သည့် အရည်အသွေးတဖြည်းဖြည်းလျော့နည်းလာသည့်ဖြစ်စဉ်ကို ဂေဟစနစ် ပျက်စီးယိုယွင်းလာခြင်း (Ecosystem degradation) ဟုခေါ်ပါသည်။

ကမ္ဘာပေါ်တွင် ဂေဟစနစ်ပေါင်းများစွာရှိပါသည်။ ဥပမာအားဖြင့် သစ်တောဂေဟစနစ် (Forest Ecosystem), မြက်ခင်းပြင်ဂေဟစနစ် (Grassland Ecosystem), ရေခဲတောင်ဂေဟစနစ် (Mountain Ecosystem), သဲကန္တာရာဂေဟစနစ် (Desert Ecosystem), မြစ်ချောင်းဂေဟစနစ် (River Ecosystem), ပင်လယ်ပြင်ဂေဟစနစ် (Ocean Ecosystem), ရေကန်ဂေဟစနစ် (Pond Ecosystem) စသည်ဖြင့်အမျိုး အစားစုံလင်လှသည်။ ဒီရေတောဂေဟစနစ်မှာ သစ်တောဂေဟစနစ်ထဲတွင်တစ်ခုအပါ အဝင်ဖြစ်သည်။ 

ဒီရေတောဂေဟစနစ်တွင် ဒီရေတောပင်များ၊ ပင်လယ်နှင့်ကုန်းမြေတစ်ဝိုက်အပင်များ၊ ရေနေသတ္တဝါ များ အစရှိသည့် အရာအားလုံးပါဝင်လေသည်။ ဒီရေတောများသည် တောင်ပေါ်တွင်ထီးထီးကြီးရှိနေသော တောင်ပေါ်တောများနှင့်လည်းမတူ၊ ပင်လယ်ထဲတွင်လုံးလုံးလျားလျားတည်ရှိနေသော အဏ္ဏဝါဂေဟ လည်းမဟုတ်ပါ။ ကုန်းပေါ်တွင်လည်းကောင်း၊ ရေတွင်လည်းကောင်း နှစ်ပိုင်းစလုံးနှင့် သက်ဆိုင်သော ဂေဟစနစ်တစ်ခုဖြစ်လေသည်။

ဒီရေတောအပင်များမှ အရွက်တို့သည် ရေပေါ်သို့ကြွေကျလာမည်။ ထိုအရွက်တို့သည် အစာအဖြစ်ချေဖျက်ပြီး ရေနေသတ္တဝါများက စားသောက်ကြမည်။ ရေနေသတ္တဝါများကို ငှက်များ၊ အခြားသတ္တဝါများက စားမည်။ နောက်ဆုံး လူများက စားသောက်ကြမည့် အစာကွင်းဆက်အဖြစ် လည်ပတ်နေမည် ဖြစ်သည်။ ဥပမာ ဒီရေတောဂေဟစနစ်တွင် ကဏန်းသည် Keystone species ဖြစ်ပါသည်။ ၎င်း၏ တည်ရှိနေမှုသည် ဒီရေတောဂေဟစနစ်အတွင်းရှိ အခြားသတ္တဝါများရှင်သန်ရပ်တည်မှုနှင့် ချိတ်ဆက်မှု အားကောင်းနေသောကြောင့် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် (၇) နိုင်ငံမြောက် ဒီရေတောဧရိယာအများဆုံးဖြစ်သည်။ ၅၀၂,၉၁၁ ဟက်တာ (၁,၂၃၂,၁၉၀ ဧက) (World Mangrove Atlas 2010) ကိုပိုင်ဆိုင်ထားပြီး  ဒီရေတောမျိုး စိတ်ပေါင်း ၃၄ မျိုးရှိသည်ဟုသိရသည်။ (ပိုလည်းတွေ့လာနိုင်)

မြန်မာနိုင်ငံအတွင်း ဒီရေတောမျိုးစိတ်နှင့် တွဲဖက်ပေါက်ရောက်သည့် မျိုးစိတ် စုစုပေါင်း ၁၄၈ မျိုးရှိသည်ဟု အကိုးအကားများက ဖော်ပြကြသည်။ ဒီရေတောများသည် တောင်လတ္တီကျု့ ၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု့ ၃၀ ဒီဂရီအကြားတွင် အဓိကပေါက်ရောက် (Tomlinson 1986) တတ်ကြသည်။

ဒီရေတောဂေဟစနစ်များမှ ပံ့ပိုးပေးနေသော ဝန်ဆောင်မှု (၄) မျိုးရှိပါသည်။ ယင်းတို့မှာ ပံ့ပိုးပေးခြင်းဆိုင်ရာဝန်ဆောင်မှုများ (အစားအစာ၊ရေအရင်းအမြစ်၊ ဆေးဝါးပစ္စည်းများ၊ သစ်၊ ထင်း၊ မျော၊ တိုင်)၊ ပတ်ဝန်းကျင်ထိန်းညှိပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ရာသီဥတုမျှတခြင်း၊ ကမ်းရိုးတန်း အကာအကွယ်ပေးခြင်း၊ ကမ်းပါးပြိုတိုက်စားမှုထိန်းချုပ်ပေးခြင်း)၊ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ ဝန်ဆောင်မှုများ (ခရီးသွားလုပ်ငန်း၊ ရှုခင်းပသာဒ၊ သုတေသနနှင့် ပညာပေးလုပ်ငန်း၊ မိရိုးဖလာ အမွေအနှစ်များ)နှင့် အထောက်အကူပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ဂေဟစနစ်လည်ပတ်မှု၊ မြေဆီလွှာ ထုတ်လုပ်ခြင်း၊ အစာ ချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ်ခြင်း၊ အစာချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ် ပေးခြင်း၊ ဇီ ဝရုပ်ကြွင်း (Biomass) များပံ့ပိုးပေးခြင်း) တို့ဖြစ်လေသည်။

ဒီရေတောအကြောင်းဆောင်းပါးများကို - Worldview Myanmar – WIF ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း များပေါ်တွင်လည်း လေ့လာနိုင်ပါသည်။

Facebook - https://www.facebook.com/WorldviewInternationalFoundation

Worldview Myanmar’s Instagram – 

https://www.instagram.com/worldview_myanmar/

Worldview Myanmar’s YouTube - 

https://www.youtube.com/c/WorldviewMyanmar/videos

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်