ဆေးဖက်ဝင် ကောက်ရိုးနွယ်

27/02/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မျိုးရင်း။ Convolvulaceae (ကန်စွန်းမျိုးရင်း)

မြန်မာအမည် - ကောက်ရိုးနွယ်

အင်္ဂလိပ်အမည် - Bindweed

ပုံသဏ္ဌာန် -

အပင် - နွယ်ပင်ဖြစ်၍ ပင်စည်ပြောင်ချောသည်။ အချို့ အမွေးအနည်းငယ် ရှိသည်။ ဖြတ်ကြည့်က ဖြူသော အစေးများ ထွက်သည်။

အရွက် - သေးသွယ်ရှည်လျားပြီး အရင်းဝိုင်း၍ အဖျားချွန်သည်။ ၁-၃ လက်မခန့် ရှည်သည်။

အပွင့် - ခရမ်းရောင်ဖျော့ဖျော့ သို့မဟုတ် အဖြူရောင်ရှိသည်။

အသီး - လုံးဝိုင်းပြီး အစေ့ ၃-၄ စေ့ ပါသည်။ နီညိုရောင်ရှိ၍ သုံးထောင့်ပုံ ဖြစ်၏ ။

ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာနိုင်ငံ အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ လယ်တော ယာတောများတွင် တွေ့ရသည်။

ပေါက်ရောက်ပုံ ။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့် အစိတ်အပိုင်း ။ ပဥ္စငါးပါး။

အာနိသင် ။ မြန်မာဆေးကျမ်းများအလိုအရ ကောက်ရိုးနွယ်သည် ပူ၏ ၊ ခါးသက်သက်ရှိ၏ ၊ ချို၏ ၊ ဆီးရွှင်စေ၏ ၊ ကာမအားကို တိုးစေ၏ ၊ နှစ်ရှည်စွဲသော ညောင်းနာကျ ၊ လည်ချောင်းရောင်ခြင်း၊ ချောင်းဆိုးရောဂါတို့ကို နိုင်၏ ။

အသုံးပြုပုံ -

ပဥ္စငါးပါး

၁။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ် ပဥ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။

၂။ အဖု၊ အပိမ့်များ ဖြစ်ပေါ်၍ ယားယံလျှင် ကောက်ရိုးနွယ် အရည်ကို ညှစ်၍ သုတ်လိမ်းပေးက ပျောက်၏ ။

၃။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကို ငုံပေးလျှင် ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်းများကို ဖန်ရေ ဆေးပေးနိုင်သည်။

၄။ အမြစ်သည် ဝမ်းသတ်စေသဖြင့် ဝမ်းနုတ်ဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

၅။ အဖု၊ အကျိတ်၊ အနာများအတွက် အရွက်ကို ကြိတ်၍ ပတ်တီးစည်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။

  ကိုးကား - မြန်မာ့ဆေးဝါးပင်များ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်