ပေါင်းပင်များကို နှိမ်နင်းနိုင်သည့်နည်းလမ်းများ

13/06/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပေါင်းပင်များသည် သီးနှံပင်နှင့် ရေ၊ အာဟာရဓာတ်၊ နေရောင်ခြည်တို့ကို ရယူယှဥ်ပြိုင်ကြသဖြ င့် သီးနှံပင်များ၏ အထွက်နှုန်းကို များစွာထိခိုက်စေပါသည်။ သီးနှံအရည်အသွေးကိုလည်း ကျဆင်းစေပါသည်။ ပေါင်းပင်များရှိနေခြင်းသည် ရောဂါပိုးမွှားတို့၏ ခိုအောင်းရာ နေရာသဖွယ် ဖြစ်စေပါသည်။ ပေါင်းပင်များမှ ဓာတုပစ္စည်းများထုတ်လုပ်ခြင်းဖြင့်လည်း သီးနှံပင်များကို ဒုက္ခဖြစ်စေပါသည်။

ထို့ကြောင့် ပေါင်းပင်များကို နှိမ်နင်းရာတွင်

(က) ထွန်ထယ်များဖြင့် မြေပြင်ခြ င်း

မိုးဦးကျသည်နှင့်တစ်ပြိုင်နက် ထွန်၊ ထယ်များဖြ င့် မြေကိုထိုးဆွပေးလျှင် ပေါင်းမျိုးစေ့များ ပေါက်လာစေပါသည်။ ထိုပေါက်လာသောပေါင်းပင်များကို ထပ်မံထွန်မွှေပေးခြင်းဖြင့်ဖျက်ဆီးပစ်ရပါမည်။ သီးနှံရိတ်သိမ်းပြီးလျှင်ပြီးခြင်း ထယ်ကို အခါအားလျော်စွာ ကြိမ်ဖန် များစွာ ထိုးပေးခြင်းဖြင့် ပေါင်းကိုနှိမ်နင်းနိုင်ပါသည်။

(ခ) လက်ဖြင့်နှုတ်ယူခြင်း

လက်ပေါင်းလိုက်ခြင်းသည် လက်သုံးကိရိယာငယ်တစ်ခုခုကို အသုံးပြုပြီး ပေါင်းနှိမ်နင်းခြင်း ဖြစ်သည်။ လက်ပေါင်းလိုက်ခြင်းဖြ င့် ပေါင်းပင်ငယ်များနှင့် အလွယ်တကူဆွဲနှုတ်နိုင်သည်။ တစ်နှစ်ခံပင်များအတွက် ထိရောက်မှုရှိသော်လည်း နှစ်ရှည်ခံပေါင်းပင်များကိုမူ ထိရောက်မှုမရှိပါ။

(ဂ) စိုက်ခင်းကို ကြားလိုက်ခြ င်း

အတန်းလိုက်စိုက်ထားသော သီးနှံခင်းများတွင် ကြားလိုက်ကိရိယာများကို အသုံးပြုခြင်းဖြင့် အတန်းကြားတွင် ပေါက်သောပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ လက်တွန်းဘီးတပ်ပေါင်းလိုက်ကိရိယာများ၊ တိရစ္ဆာန်ဆွဲပေါင်းလိုက်ကိရိယာများနှင့် လယ်ထွန်စက်တပ်ပေါင်းလိုက်ကိရိယာများကို အသုံးပြုပါက ထိရောက်မှုရှိပြီး မြန်မြန်ဆန်ဆန် လုပ်ငန်းပြီးမြောက်ပါသည်။ အချိန်မီ ပေါင်းရှင်းနိုင်သဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေပါသည်။

(ဃ) ရေဖြင့်လွှမ်း၍ကာကွယ်နှိမ်နင်းခြင်း

စိုက်ခင်းကို ရေလွှမ်းထားခြင်းအားဖြ င့် အချို့သောပါင်းပင်များ၏ ကြီးထွားမှုကိုလျော့နည်းကစပြီး တဖြည်းဖြည်း အပင်များဝါလာကာ သေကျေပျက်ဆီးစေပါသည်။ ထို့အပြင် လယ်စပါးတွင် ရေလွှမ်းပေးခြင်းဖြင့် ပေါင်းစေ့များမပေါက်အောင် ဆောင်ရွက်နိုင်ပါသည်။သို့သော် ဤနည်းသည် ရေကြိုက်သော ပေါင်းပင်များအတွက် ထိရောက်မှုမရှိပါ။

(င) မီးရှို့၍နှိမ်နင်းခြင်း

ပေါင်းသတ်လောင်မီး (Flame Gun) ကိုအသုံးပြုပြီး သီးနှံစိုက်ခင်းများတွင် နုနယ်သော ပေါင်းပင်များကို သတ်ကြသည်။ အပင်များ ချက်ချင်းပင် နွမ်းပြီးလောင်ကျွမ်းသွားသဖြင့် အလွန်ထိရောက်သောနည်းဖြစ်သည်။ သီးနှံမစိုက်ပျိုးမီအချိန်၌လည်း စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များ၊ အပင်အကြွင်းအကျန်များနှင့် အမှိုက်သရိုက်များကို မီးရှို့၍ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

(စ) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း

သီးနှံတစ်ခုတည်း ဆက်တိုက်စိုက်ပျိုးပါက ပေါက်ရောက်သော ပေါင်းမျိုးစိတ်များသည် သီးလှည့်စနစ်ဖြင့် စိုက်ပျိုးသောအခါ ပြောင်းလဲသွားပါသည်။ ထို့ကြောင့် သီးနှံအလိုက် ဒွန်တွဲပေါက်ရောက်တတ်သော ဆိုးရွားသည့်ပေါင်းပင်များ ပေါက်ရောက်မှုကို သီးလှည့်စိုက်စနစ်ဖြင့် ဟန့်တားနှိမ်နင်းနိုင်ပါသည်။

(ဆ) ဇီဝနည်းဖြင့်နှိမ်နင်းခြ င်း

ဇီဝနည်းဖြင့်ပေါင်းနှိမ်နင်းခြင်းဆိုသည်မှာ အင်းဆက်ပိုးများ၊ ပင့်ကူနီများ၊ မှိုများ၊ တီပိုး၊ ဘက်တီးရီးယားများ၊ ငါး၊ နို့တိုက်သတ္တဝါ၊ ငှက်နှင့် ဘဲများ စသည့်သက်ရှိများကို အသုံးပြု၍ ပေါင်းကိုနှိမ်နင်းခြင်းဖြစ်သည်။

(ဇ) ပေါင်းသတ်ဆေးဖြင့်နှိမ်နင်းခြင်း

ဓာတုပေါင်းသတ်ဆေးများကို အသုံးပြု၍ ပေါင်းကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ သို့သော် ပေါင်းသတ်ဆေးသည် အပင်ကိုသတ်သော ဆေးဖြစ်သဖြ င့် သုံးစွဲသူအနေဖြင့် ပေါင်းသတ်ကဆးနှင့် ပတ်သက်သော အခြေခံဗဟုသုတရှိရန် လိုပါသည်။ သို့မှသာ သီးနှံပင်ကို မထိခိုက်စေဘဲ ပေါင်းကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပါသည်။ အချို့ပေါင်းသတ်ဆေးများသည် အပင်များကိုရွေးချယ်သတ်နိုင်ပြီး အချို့မှာ အပင်အားလုံးကို သေစေနိုင်ပါသည်။ အချို့မှာ လူနှင့်ကျွဲ၊ နွားများကိုပါ အဆိပ်ဖြစ်စေသဖြင့် အသုံးပြုရာတွင် လေ့လာပြီးမှဆင်ခြင်၍ အသုံးပြုသင့်ပါသည်။ ပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးပက်ဖျန်းပုံ၊ ပတ်ဝန်းကျင်အခြေအနေ၊ ပေါင်းပင်နှင့် သီးနှံပင်တို့၏ အပင်ကြီးထွားမှုအဆင့်၊ ပေါင်းပင်အမျိုးအစား စသည်တို့ မှန်ကန်ရပါမည်။

 ပေါင်းသတ်ဆေးအမျိုးအစားများ

ပေါင်းသတ်ဆေးကို အမျိုးအစားခွဲခြားရာ၌ အပင်ပေါ်အကျိုးသက်ရောက်မှုကိုကြည့်၍လည်းကောင်း၊ ဓာတုဖွဲ့စည်းပုံကို ကြည့်၍လည်းကောင်း ခွဲခြားပါသည်။

စိုက်ပျိုးရေးပညာရှင်များက ပထမအချက်ကိုကြည့်၍ အောက်ပါအတိုင်းခွဲခြားပါသည်။

  • က။ အညွန့် သို့မဟုတ် မြေပေါ်အစိတ်အပိုင်းများကို ပက်ဖျန်းသည့် ပေါင်းသတ်ဆေး (Foliar Applied Herbicide)
  • ခ။ မြေတွင်းထည့်သွင်း၍ အသုံးပြုရသော ပေါင်းသတ်ဆေး (Soil Applied Herbicide)
  • ဂ။ ရွေးချယ်အာနိသင်ရှိသော ပေါင်းသတ်ဆေး(Selective Herbicide)
  • ဃ။ ရွေးချယ်အာနိသင်မရှိသော ပေါင်းသတ်ဆေး (Non Selective Herbicide)
  • င။ အပင်မစိုက်မီ စိုက်ခင်းအတွင်းရှိသော ပေါင်းပင်များကို ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-plant Herbicide)
  • စ။ မျိုးစေ့ချပြီး အပင်မပေါက်မီ မြေပေါ်ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-emergence Herbicide)
  • ဆ။ သီးနှံပင်နှင့် ပေါင်းပင်များပေါက်ရောက်ပြီးမှ ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Post-emergence Herbicide)
  • ဇ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများကိုသာ သေစေနိုင်သော ပေါင်းသတ်ဆေး(ထိတွေ့သောပေါင်းသတ်ဆေး- Contact Herbicide)
  • စျ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများမှတစ်ဆင့် တစ်ပင်လုံးပျံ့နှံ့သော ပေါင်းသတ်ဆေး (ပင်လုံးပြန့်ပေါင်းသတ်ဆေး- Systemic Herbicide)

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်