ပန်းခြောက်ပြုလုပ်နိုင်သောနည်းလမ်းများ

29/11/2021 15:00 PM တွင် Saw Eh Htoo War Saw Eh Htoo War မှ ရေးသား

    ပန်းများသည်လည်း သဘာဝကဖန်တီးထားသော လက်ဆောင်တစ်ခုဖြစ်ပြီး အချစ်၏သင်္ကေတ၊ လှပခြင်းနှင့် ဘဝ၏စံပျော်ရာဟူ၍ အမျိုးမျိုးတင်စားကြသည်။ သဘာဝပတ်ဝန်းကျင်အတွက်သာမက စီးပွားရေးနှင့် ဆေးဖက်ဆိုင်ရာအတွက်ပါ အရေးကြီးသော အခန်းကဏ္ဍတွင်လည်း ပါဝင်အကျိုးပြုလျှက်ရှိသည်။ ပန်းများကို အလှအပဆိုင်ရာအတွက် အသုံးပြုကြသော်လည်း ‌ဈေးကြီးပြီး သက်တမ်းတိုသည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများအပေါ်တုန့်ပြန်မှုရှိသည်။ ထို့အပြင် အမျိုးမျိုးသော ဇီဝကမ္မပြောင်းလဲမှုများနှင့် အဏုဇီဝသက်ရှိများ၏ လုပ်ဆောင်ချက်များအပေါ် မူတည်ပြီး ပန်းများ၏ အရည်အသွေး (လတ်ဆတ်မှုနှင့် အလှအပများ) ဆုံးရှုံးခြင်းကိုဖြစ်ပေါ်စေသည်။ ထိုသို့မဖြစ်စေရန် ရိတ်သိမ်းချိန်လွန်နည်းလမ်းများကို အသုံးပြု၍ ပန်းများ၏ အရည်အသွေးကျဆင်းခြင်းကို ထိန်းထားနိုင်ပါသည်။ ပန်းများ တာရှည်ခံအောင်အသုံးပြုသော ဓာတုဆေးများသုံးပါက ၄၀% အထိသာ ထိန်းပေးထားနိုင်ကြောင်း တွေ့ရသည်။ ထိုပြဿနာများကို ဖြေရှင်းရန်အကောင်းဆုံးနည်းမှာ ပန်းခြောက်ပြုလုပ်ခြင်းဖြစ်သည်။ 

    ပန်းခြောက်ပြုလုပ်ခြင်းဆိုသည်မှာ ပန်းများ၏ ဆဲလ်အတွင်းရှိ ဇီဝကမ္မပြောင်းလဲခြင်းများကို နည်းစေပြီး အစိုဓာတ်ပါဝင်မှုကို လျော့ကျစေသည့် နည်းပညာဖြစ်သည်။ ပန်းခြောက်ပြုလုပ်ထားသောပန်းများသည် ဈေးသက်သာပြီး တစ်နှစ်ပတ်လုံးတာရှည်ခံသည့်အပြင် အရောင်ကော ပုံစံပါ ပျက်ဆီးသွားခြင်းမရှိပါ။ ပန်းခြောက်များအသုံးပြု၍ ပန်းခြောက်ဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများဖန်တီးနိုင်သည်။ အဆိုပါလုပ်ငန်းသည် အလုပ်သမားများစွာလိုအပ်သောကြောင့် အလုပ်လက်မဲ့ အခြေခံလူတန်းစားများအတွက် ကြီးမားသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာလည်း ရောက်သည်။ 

ပန်းခြောက်ပြုလုပ်ရန် နည်းလမ်းများစွာရှိသည့်အထဲ ဖော်ပြရမည်ဆိုပါက -

Air Drying ( လေဖြင့် အခြောက်ခံခြင်း)

Press Drying (ဖိအားကိုသုံး၍ အခြောက်ခံခြင်း)

Hot Air Oven Drying (အပူကိုသုံး၍ အခြောက်ခံခြင်း)

Microwave Drying ( microwave အပူကိုသုံး၍ အခြောက်ခံခြင်း)

Embedded Drying (အစိုဓာတ်စုပ်ယူသော ပစ္စည်းများအတွင်း မြှုပ်၍ အခြောက်ခံခြင်း) ဟူ၍ နည်းလမ်းအမျိုးမျိုးရှိသည်။

Air Drying ( လေဖြင့် အခြောက်ခံခြင်း)

    ဈေးအသက်သာဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ပန်းများကိုစုချည်၍ ဇောက်ထိုးအနေအထားဖြင့် တွဲလောင်းချိတ်ဆွဲကာ လေဖြင့် အခြောက်ခံသောနည်းဖြစ်သည်။ ထိုနည်းလမ်းကို အသုံးပြုရန် ခူးဆွတ်ရိတ်သိမ်းခါနီးပန်းများကို သုံးနိုင်သည်။ လေဝင်လေထွက်ကောင်းမွန်ပြီး စိုထိုင်းဆနည်းကာ သန့်ရှင်းသောအခန်းကို အသုံးပြုရမည်။ အပူချိန်၊ စိုထိုင်းဆနှင့် ပန်းများ၏အစိုဓာတ်ပါဝင်မှုအပေါ်မူတည်၍ ၁ ပတ်မှ ၂ ပတ်အထိ ကြာနိုင်သည်။ ပန်းခြောက်ပြုလုပ်ရန် ကြွပ်ရွသော အရွက်မျက်နှာပြင်ရှိသည့် ဟင်းခတ်အမွှေး အကြိုင်ပင်များအတွက် သင့်တော်သောနည်းဖြစ်သည်။ 

Press Drying (ဖိအားကိုသုံး၍ အခြောက်ခံခြင်း)

    လွယ်ကူပြီး ဈေးသက်သာသည့်အပြင် အများဆုံးအသုံးပြုသော နည်းလည်းဖြစ်သည်။ ပန်းများကို သတင်းစာ၊ မှတ်စုစာအုပ်များအတွင်း ညှပ်၍ လေးလံသောအရာတစ်ခုကို အပေါ်မှဖိထားခြင်းဖြစ်သည်။ အသုံးပြုသောပန်းနှင့် အစိုဓာတ်ပါဝင်မှု ကွာခြားချက်အပေါ်မူတည်၍ ၄ ပတ်အထိကြာမြင့်နိုင်သည်။ ပန်းခြောက်ပြုလုပ်ရန် နှင်းဆီ၊ ဂန္ဓမာနှင့် ငါးရိုးအရွက်များကို အသုံးပြုနိုင်သည်။

Hot Air Oven Drying (အပူကိုသုံး၍ အခြောက်ခံခြင်း)

     သတ်မှတ်ထားသောအပူချိန်တွင် ပန်းများကို Oven ထဲထည့်ကာ အချိန်အတိုင်းတာတစ်ခုအထိ အခြောက်ခံခြင်းဖြစ်သည်။ အခြားနည်းလမ်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် အချိန်များစွာမလိုကြောင်း တွေ့ရှိရသည်။ သင့်တော်သော အပူချိန်ပမာဏသည် 40-50°C ဖြစ်ပြီး ပန်းခြောက်ပြုလုပ်ရန် ဂန္ဓမာနှင့် မေမြို့ပန်းများကို အသုံးပြုနိုင်သည်။

Microwave Drying (microwave အပူကိုသုံး၍ အခြောက်ခံခြင်း)

    အပူပမာဏ အနည်းငယ်သာလိုအပ်ပြီး အမြန်ဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။ Microwave အပူကိုသုံး၍ ရေမော်လီကျူးများကို လှုံ့ဆော်ခြင်းအားဖြင့် အစိုဓာတ်ကို ဖယ်ထုတ်သောနည်းဖြစ်သည်။ ၅-၁၀ မိနစ်သာကြာမြင့်ပြီး ပန်းခြောက်များ၏ အရောင်အရည်သွေး ပိုမိုကောင်းမွန်ကြောင်းတွေ့ရသည်။ Microwave အတွင်းမှထုတ်ယူပြီးနောက် အခန်းအပူချိန်အတွင်း ထားပေးရန်လည်းလိုပါသည်။ ပန်းခြောက်ပြုလုပ်ရန် ထပ်တစ်ရာ၊ နှင်းဆီနှင့် ရေမွှေးပန်းများကို အသုံးပြုနိုင်သည်။

Embedded Drying (အစိုဓာတ်စုပ်ယူသောပစ္စည်းများအတွင်း မြှုပ်၍ အခြောက်ခံခြင်း)

    အစိုဓာတ်များပြီး အလွယ်တကူကြွေကျနိုင်သော နူးညံ့သည့်ပန်းများကိုအ‌ခြောက်ခံရန် ထိုနည်းလမ်းကို အသုံးပြုကြသည်။ ပွင့်ဖတ်များကြွေကျခြင်းပြဿနာကိုလည်း နည်းပါးစေသည်။ အစို ဓာတ်စုပ်ယူသော ပစ္စည်းများကိုသုံး၍ အစိုဓာတ်ကိုဖယ်ထုတ်ခြင်းဖြစ်သည်။ Silica gel, Borax , Corn meal အစရှိသော အစိုဓာတ်စုပ်ယူသောပစ္စည်းများကို အသုံးပြုနိုင်သည်။ အရည်သွေး ကောင်းမွန်သော ပန်းခြောက်များရနိုင်ရန် Silica gel သည် အကောင်းဆုံး အစိုဓာတ်စုပ်ယူသော ပစ္စည်းဖြစ်သည်။ ပန်းခြောက်ပြုလုပ်ရန် ဒေလီယာ၊ နှင်းဆီ၊ ရေမွှေးပန်း၊ မေမြို့ပန်းနှင့် ထပ်တစ်ရာပန်းများကို အသုံးပြုနိုင် သည်။

ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်း

    ထုပ်ပိုးခြင်းအတွက် စံချိန်မီပြီး အရည်အသွေးကောင်းမွန်သော ကတ်ထူဘူးများကို သုံးရမည်။ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင်လည်း အစိုဓာတ်ကိုထိန်းထားရန် ဘူးထဲတွင် Silica gel ထည့်ပေးရမည်။ ဖုန်မှုန့်ကင်းစင်ပြီး အစိုဓာတ်၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမရှိသောနေရာတွင် သိုလှောင်သိမ်းဆည်းရမည်။

    ရွေးချယ်ထားသော ပန်းအမျိုးအစားနှင့် အသုံးပြုမည့်နည်းလမ်း ကိုက်ညီမှုရှိရန် အရေးကြီးသည်။ သို့မှသာ မိမိလိုချင်သော အရည်သွေးရှိသည့် ပန်းခြောက်များရနိုင်ပါမည်။ စာဖတ်သူများအနေဖြင့် ပန်းခြောက်ဖန်တီးကာ ဈေးကွက်တွင်ပိုလျှံနေသော ပန်းများ၏လေလွင့်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါသည်။

ပန်းခြောက်ဖြင့်ဖန်တီးပြုလုပ်ထားသောပစ္စည်းများ

Referance: https://www.biotecharticles.com/Agriculture-Article/Techniques-of-Flower-Drying-and-Their -Value-Addition-4435.html


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်