အိမ်ခြံဝန်းအတွင်း မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်း

07/02/2024 13:18 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၈၉)

စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၈)

အိမ်တွင်း/ ခြံဝင်းများတွင် မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်းများ

မိုက်ခရိုဂရင်းကို ဗိုက်တာမင်၊ မင်နရယ်နှင့် ရောဂါဆိုင်ရာ ဓာတုပစ္စည်းများ ပါဝင်မှုသည် အပင်ကြီးများထက်များသည်ကို လေ့လာမှုများလာသည်နှင့်အမျှ သုတေသနအဖြေများဖြင့် ခိုင်မာလာသည်။ စားသုံးသူများသည် ကျန်းမာရေးအထောက်အကူပြုလမ်းကြောင်းတခုအနေနှင့် ဖြည့်စွက်စာအဖြစ် စားသုံးနိုင်ကြောင်း လက်ခံလာသည်။ အစားအစာအသစ်အဆန်းအဖြစ် အလေးအနက်ထားမှုမြင့်တက်လာသည့်အတွက် ခြံဝန်းအတွင်း ဥယျာဥ်ခြံများတွင် မြေကြီး၊ ခဲပါလိုက်မြေ၊အုန်းဆံဖတ်၊ဗာမီကျူလိုက်နှင့် ပါလိုက်အရော၊ ဂုံနီအိတ်ဖြတ်စ၊ ပွားစာဟောင်း မြေဆွေးနှင့် ပွားစာစပ်မြေအရော၊ မြေကြီး၊ ခဲပါလိုက်မြေနှင့် ပွားစာဟောင်းမြေဆွေးကို အချိုးကျရောပြီး ကောင်းစွာစိုက်ပျိုးနိုင်သည်။ အာဟာရ ဖျော်ရည်တွင်လည်း စိုက်နိုင်သည်။ မြေမဲ့မီဒီယာများကိုလည်း မျိုးစိတ်အလိုက် ကိုက်ညီသော နည်းကိုအသုံးပြုနိုင်သည်။ မိုက်ခရိုဂရင်းစိုက်ပျိုးရေးသည် ရေရှည်တည်တန့်ပြီး၊ ရိုးရှင်းလွယ်ကူသဖြင့် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားသုံးကြသော တပိုင်တနိုင်သာမက ကျယ်ကျယ်ပြန့်ပြန့်  စီးပွားဖြစ် မိုက်ခရိုဂရင်းစိုက်ပျိုးရေးကိုလည်း စိတ်ဝင်စားလာကြသည်။

မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်းများ

မြေနှင့်စိုက်ခြင်း 

မြေမဲ့မီဒီယာဖြင့် မိုက်ခရိုဂရင်းစိုက်ပျိုးခြင်း

အိမ်/ ခြံဝန်းများတွင် မိုက်ခရိုဂရင်းကို အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်းဆိုတာဘာလဲ?

အာဟာရဖျော်ရည်ဖြင့်စိုက်ပျိုးခြင်းဆိုသည်မှာ မြေကြီးအစား ရေတွင် အာဟာရဓာတ်များထည့်စိုက်ပျိုးခြင်းဖြစ်သည်။ ၎င်းနည်းတွင် ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်းဟုခေါ်သည့် အာဟာရအရည်ကို စုပ်သော အခင်းများ၊ ကြီးထွားမီဒီယာများဖြစ်သော ဗာမီကျူလိုက်၊အုန်းခွံ အမျှင်ဖတ်၊ ပါလိုက် အသုံးပြုရသည်။ ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်းများသည် မိုက်ခရိုဂရင်းအတွက် လိုအပ်သော အာဟာရကို ထောက်ပန့်နိုင်ခြင်းမရှိပါ။ မိုက်ခရိုဂရင်း၏ ကြီးထွားမှုကိုထိမ်းထားနိုင်ရန် အင်အော်ဂဲနစ်၊ အော်ဂဲနစ်မြေသြဇာများကို အသုံးပြုရသည်။ ဟိုက်ဒရိုပေါနစ် မိုက်ခရိုဂရင်းများသည် ပါးလွှာပြီး ရေစုပ်အားကောင်းသော အခင်းများကို အသုံးပြုရသည်။ ၎င်းတို့သည် အစေ့များကို မရွှေ့ပြောင်းအောင် ထိန်းသည်။ အစေ့မျိုးညှောက်ပေါက်ရန် လိုအပ်သော အာဟာရဓာတ်ပါသော ရေကိုလည်း ကောင်းစွာထိန်းသည်။ 

အာဟာရဖျော်ရည်တွင် မိုက်ခရိုဂရင်းများစိုက်ပျိုးခြင်းအဆင့်ဆင့် 

ဟိုက်ဒရိုပေါနစ် ကြီးထွားခင်းအဖြစ် စျေးသက်သာသော ဂုံလှော်အခင်း၊ အုန်းခွံအခင်းများသုံးခြင်း

အပင်ပြုစုခြင်းနှင် ရိတ်သိမ်းခြင်း

ဆေးခြောက်ပင်ကြိတ်ဖတ်အခင်းကို ဟိုက်ဒရိုပေါနစ်ကြီးထွားမီဒီယာအဖြစ် အသုံးပြုပုံ

မိုက်ခရိုဂရင်းကို အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးရာတွင် အာဟာရဖျော်ရည်အခင်းအဖြစ် ဆေးခြောက်ပင်ကြိတ်ဖတ်အခင်းကိုသုံးသည်။ အမြစ်အဖွဲ့အစည်းသေးသော မိုက်ခရိုဂရင်းများကိုစိုက်သည်။ စိုက်ပျိုးသော မိုင်ခရိုဂရင်းအမျိုးအစားအလိုက်  ကြီးထွားအခင်းများသုံး ရာ တွင် လုံလောက်သော အစိုဓာတ်နှင့် အာဟာရဓာတ် ရရန်လိုသည်။ ဆိုင်မှ ဝယ်ယူသော ဟိုက်ဒရိုပေါနစ်ကြီးထွားမီဒီယာကို ဗန်းနှင် ပစ္စည်းအစုံ အသုံးပြုရမည်။

ဘားလက်သည် အမျှင်စအမျိုးအစားဖြစ်ပြီး ဂုံလျှော်ပင်မှ ထုတ်လုပ်သည်။ မြန်မာနိုင်ငံတွင် အသုံးပြုသော ဂုံနီစနှင့် ဂုံနီကြိုးနှင့် တူသည်။ အလားတူ ဘားလက်သည် အဝတ်စ၊ အိတ်၊ ကြိုးကျစ် အသုံးပြုသည်။ စက်ရုံထုတ် ဟိုက်ဒရိုပေါနစ် ကြီးထွားအခင်း အဖြစ်သုံးသည်။ အခြားမြေမဲ့ မီဒီယာနှင့် နိုင်းယှဥ်လျှင် မာသည်။ အာဟာရဖျော်ရည်တွင် နှစ်ပြီး သုံးရမည်။ ခဲမြေ၊ ပါလိုက်ဖြင့် ဆတူရောပြီး သုံသင့်သည်။

စက်ရုံထုတ် ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်း ဘိုင်အိုစထရိတ်ဖြင့် စိုက်ပုံ

ဘိုင်အိုစထရိတ်ဆိုသည်မှာ ကုန်အမှတ်တံဆိတ်အမည်ဖြစ်သည်။ ဟိုက်ဒရိုပေါနစ် ကြီးထွားအခင်း အဖြစ်အသုံးများသည်။ ဇီဝပေါ်လီမာနှင့် သဘာဝအမျှင် ပေါင်းစပ်ပြီး ရေကိုကောင်းစွာထိန်းနိုင်အောင် ထုတ်လုပ်ထားသော စက်ရုံထုတ်ပစ္စည်းဖြစ်သည်။ ပေါ့ပါးသည်။ ပီအိပ်ချ် ညှိထားသည်။ ရေကို စုပ်ယူမှုမြန်သည်။ ပိတ်ဆို့ခြင်းမရှိသဖြင့် သန့်ရှင်းသည်။ မိုက်ခရိုဂရင်းများ မှိုမစွဲအောင် စီစဥ်ထုတ် လုပ်ထား သည်။

အာဟာရဖျော်ရည်အခြေခံစိုက်ပျိုးသော မိုက်ခရိုဂရင်းများ 

ဘရိုကိုလီ၊ နေကြာ၊ ပင်စိမ်း၊ မုံညင်း၊ မုံလာဥ၊ ရေကန်စွန်း၊ စိုင်လန်ထရိုတို့ဖြစ်သည်။

အကျိုးကျေးဇူး

နေရာ မရွေး သုံးနိုင်သည်၊ ရေထိမ်းသိမ်းမှုကောင်းသည်၊ အပင်ကြီးထွားမှုမြန်သည်၊ အပင်ထွက်ကောင်းသည်၊ မြေနှင့်စိုက်သည်ထက်ရိပ်သိမ်းချိန်စောသည်၊ ပီအိပ်ချ် ညှိထားသော အာဟာရများကို အများဆုံးရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်