မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း

30/04/2024 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကို ပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၉၄)

စားမှိုစိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁၅)

 

မိုက်ခရိုဂရင်းများ စားသုံးခြင်း လုံခြုံစိတ်ချရမှု ရှိ၊ မရှိနှင့် ပတ်သက်သော ခိုင်မာသည့် အတွေ့အကြုံများသည် ကွာဟချက် အမျိုးမျိုး ရှိနေသေးသည်။ ယနေ့ထိ မိုက်ခရိုဂရင်းများစားသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ တင်ပြချက်များ မရှိသေးပါ။ မည်သို့ဆိုစေ ၂ဝ၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ အက်ဖ်ဒီအေ (US Food and Drug Administration , FDA 2022) နှင့် ကနေဒါနိုင်ငံ အစားအစာ ကွပ်ကဲရေး အေဂျင်စီ (Canadian Food Inspection Agency, CFIA 2022) မှ မိုက်ခရိုဂရင်းထုတ်ကုန်များနှင့် လူများတွင်ဖြစ်သောရောဂါများ ဆက်နွယ်မှုဖြင့် ပတ်သက်၍ တင်ပြချက်များ ရှိနေသည်။ စိစစ်မှု၊ အမျိုးအစားခွဲခြင်း၊ စိုက်ပျိုးထုတ်လုပ်အဆင့်မှ ရောင်းချခြင်းအဆင့်ထိ ကြိုတင်ကာကွယ်မှုများ လိုအပ်လာပြီ ဖြစ်သည်။ လုံခြုံစိတ်ချရမှု၏ အကြောင်းအရင်းအမြစ်သည်လည်း သက်ရှိ၊ သက်မဲ့များကြောင့်ဖြစ်သော ပြဿနာများ၏စိန်ခေါ်မှုများ ဖြစ်သည်။  စိုက်ရက် ၁ဝ-၂၁ ရက်အတွင်းသာရှိပြီး သက်တမ်းတို၍ စိုက်ပျိုးရလွယ်သော မိုက်ခရိုဂရင်းများမှာလည်း အပင်ရောဂါပြဿနာ ရှိသည်။ အထူးသဖြင့် ပင်ခြေနာခြင်း၊ အပင်နာကျသေခြင်း ဖြစ်သည်၊ 

ဖြေရှင်းနည်း

လွယ်ကူသော ဖြေရှင်းနည်းသည် ပြုစုနည်းများနှင့် အသုံးပြုသော ကြီးထွားမီဒီယာ အမျိုးအစားနှင့် အချိုးအစား ဖြစ်သည်။ မိုက်ခရိုဂရင်းကို တပိုင်တနိုင် စိုက်ပျိုးသောသူ အများစု ဆောင်ရွက်နိုင်သော ပြုစုနည်းများကို ဖော်ပြလိုပါသည်။

၁။ ရောဂါကင်းသော မျိုးစေ့များ သုံးရမည်။

၂။ ပိုးသန့်ထားသော မြေကြီး၊ အော်ဂဲနစ်ပစ္စည်းများသာ သုံးရမည်။

 ၃။ ကြီးထွားမီဒီယာအသစ်သာ သုံးပါ၊ အဟောင်းများ ပြန်မသုံးရ။

၄။ အသုံးပြုပြီး ရေကို ပြန်လည်မသုံးရ။

၅။  အိမ်တွင်းစိုက် မိုက်ခရိုဂရင်းကို ယူဗွီ အလင်းပေးစိုက်ခြင်းသည် အပင်ရောဂါသက်ရှိအင်အား နည်းစေသည်။ ဖယ်ရှားနိုင်ခြင်း မရှိပါ၊ 

၆။ရိတ်သိမ်းစဥ် အပင်ဒဏ်ရာ မဖြစ်စေရ။ ရိတ်သိမ်းပြီးပါက  ရေမဆေးရ၊ 

၇။ ဗန်းဟောင်းများကို ပိုးသန့်ပါ။

၈။ အပင်များကို သန့်သန့် ရှင်းရှင်းကိုင်တွယ်ပါ။ စိတ်ချရသော ထုပ်ပိုးသိုလှောင်နည်း သုံးပါ။ မှတ်တမ်းများ စနစ်တကျ ထားပါ။

၉။ မျိုးစေ့နှင့် ပိုးမသန့်သော ကြီးထွားမီဒီယာကြောင့် စိုက်ပြီး အပင်ငယ် ၁ပတ် ခန့်တွင် အပင်ညှိုးခြင်း ဖြစ်တတ်ပါသည်။ နေ့စဥ် စိစစ်ပါ။ ပုံသဏ္ဍာန်မမှန်သော အပင် တွေ့တွေ့ခြင်း ဖယ်ရှားပါ။

၁ဝ။ အပင်ကြီးထွားစေသောဆေးများ သုံးပါက ဆေးကြွင်း ဆေးကျန်များ မကျန်စေရ။

၁၁။ စိတ်ချရသော ဇီဝမှိုသတ်ဆေးကို နှုန်းမှန်မှန်ကန်ကန်ဖြင့် မျိုးစေ့လူးနယ် စိုက်နိုင်သည်။

မြေဆွေးအခြေခံသော ကြီးထွားမီဒီယာတွင် ပိုးသန့် သော ကြီးထွားမီဒီယာ နှင့် ပြုစုနည်းများဖြင့် ဇီဝသက်ရှိအရေအတွက် ကျစေခြင်း

မြေဆွေး အခြေခံသော ကြီးထွားမီဒိယာ

အမြစ်ပုပ်နှင့် ပင်နာကျရောဂါဖြစ်စေသော သက်ရှိ (P.irregular)  စွဲကပ်မှု အညွှန်း %ကျဆင်းမှု

အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျရောက်သော ၁ဝရက်သက်တမ်းရှိ ဟင်းနုနွယ် မိုက်ခရိုဂရင်းများကို ဇီဝမှိုသတ်ဆေးဖြင့် မျိုးစေ့ဆေးစီရင်ခြင်း

ဟင်းနုနွယ် မိုက်ခရိုဂရင်းများတွင်ကျသော အမြစ်ပုပ်နှင့် ပင်နာကျရောဂါ (damping off)  ဆိုတာဘာလဲ?

ကျန်းမာသော ဟင်းနုနွယ် မိုက်ခရိုဂရင်းများ

ဟင်းနုနွယ် မိုက်ခရိုဂရင်းများတွင် အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျရောက်ခြင်း

ပင်နာကျ ရောဂါ ရောဂါ ဖြစ်စေသက်ရှိများအတွက် ဇီဝမှိုသတ်ဆေးကို ရေဘုယျ အသုံးပြုပုံ

အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျနေသော မိုက်ခရိုဂရင်းကို ဇီဝမှိုသတ်ဆေးဖြင့် မျိုးစေ့ ဆေးစီရင်ခြင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်