ကလေးများကို ကျွေးရန်သင့်တော်သည့် မိုက်ခရိုဂရင်း (၇)မျိုး

31/01/2024 14:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၈)

စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်း များတွင် သုံးစွဲခြင်း (၇)

ကလေးများကို မိုက်ခရိုဂရင်း ကျွေးပါလျှင် ကိုယ်ခံစွမ်းအားမြင့်စေသည်။ 

ဘာကြောင့်လဲ?

ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနှင့် အာဟာရဓာတ်အစုံ ပါဝင်သည်။ ကယ်လိုရီနည်းသည်။ အန်တီအောက်ဆီးဒန့်ကြွယ်ဝသည်။ ရာသီပြောင်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါများခံနိုင်အောင် ကိုယ်ခံအားမြင့်စေသည်။

ဘယ်လိုပြင်ဆင်ကျွေးမလဲ?

ကလေးများအတွက် မည်သည့်ဟင်းထဲတွင်မဆို သင့်တင့်ရုံထည့်ချက်သင့်သည်။ မိုက်ခရိုဂရင်းကို ကြိတ်ပြီး အသီး ဖျော်ရည်ပုံစံလုပ်ပြီးတိုက်နိုင်သည်။ အစိမ်းကြော်၊ ကြက်ဥနှင့် အရွက်မွှေကြော်ပုံစံမျိုးလည်း ပြုလုပ်နိုင်သည်။ 

မိုက်ခရိုဂရင်းစားခြင်းသည် ကလေးများခန္ဓာကိုယ်ဖွံ့ဖြိုးရန်ကူညီသည်။

အစိမ်းကျွေးလို့ရလား?

မိုက်ခရိုဂရင်းကို အစိမ်းကျွေးနိုင်သည်။ ကိုယ်တိုင်ဖြစ်စေ၊ ကလေးများနှင့်အတူ အိမ်တွင် စိုက်ပျိုးထားသော လတ်လတ်ဆတ်ဆတ် စားခြင်းကို အကြံပြုလိုသည်။ မြေအခြေခံ မီဒီယာဖြင် စိုက်ခြင်းသည် အာဟာရဖျော်ရည်ဖြင့် စိုက်ခြင်းထက်ပိုကောင်းသည်။ မြေဖြင့်စိုက်သောမိုက်ခရိုဂရင်းသည် နေအလင်းရောင် ကောင်းစွာ ရသည်။ လေဝင်လေထွက် ကောင်းစွာရသည်။ အာဟာရဖျော်ရည် မြေမဲ့နည်းဖြင့်စိုက်သော မိုက်ခရိုဂရင်းများသည် လေဝင်လေထွက် ညံ့သည်။ မှိုနှင့် ဘက်တီးရီးယား စွဲနေတတ်သည်။ အစိမ်းစားခြင်းသည် ကလေးများကို အန္တရာယ် ဖြစ်စေသည်။ ကလေးများကို မိုက်ခရိုဂရင်းကျွေးလျှင် အမြစ်မပါစေရ။ အမြစ်ပါအစိမ်း ကျွေးခြင်းသည် အစာမကြေခြမကျန်းမာခြင်းဖြစ်စေသည်။

ပထမဆုံး အကြိမ်ကျွေးလျှင်

ချိုသော မိုက်ခရိုဂရင်း ကို စကျွေးပါ။ အစိမ်းကို သုပ်ကျွေးပါက ကလေများပိုကြိုက်သည်။ မိုက်ခရိုဂရင်းအစိမ်းစားခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းသည်။ ချက်စားပါကပါဝင်သော အာဟာရနှင့် ဗိုက်တာမင်များ ကျဆင်းသွားသည်။ ဘရိုကိုလီ ပန်းမုံလာအစိမ်းမိုက်ခရို ဂရင်းသည် အနည်ငယ် "သက်"သဖြင့် ကလေးသူငယ်များ မကြိုက်ကြပါ။ အခြားသစ်သီးဖျော်ရည်ဖြင့် Smoothe ပုံစံမျိုးဖျော်သောက်လျှင် ပိုကောင်းသည်။

ကျန်းမာရေးအကျိုးကျေးဇူး

မိုက်ခရိုဂရင်းစားခြင်းသည် ကလေးများ၏ ကိုယ်ခံစွမ်းအားမြင့်စေသည်။ ကလေးများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာရေးနှင့် အရိုးသန်မာရန်အတွက် အကျိုးရှိသည်။ ကိုယ်ခံ စွမ်းအားမြင့်လာသည်။ အမျှင် နှင် ပရိုတင်း ကြွယ်ဝသည်။ အမျှင်ကြမ်းပါဝင်မှုများသဖြင့် ကလေးများ၏ အူလမ်းကြောင်းကို  ရှင်းပေးသည်။

ဘယ်မိုက်ခရိုဂရင်းက ကလေးတွေအတွက်ကောင်းလဲ

ကလေးများအတွက်  အကောင်းဆုံး မိုက်ခရိုဂရင်းဟု သတ်မှတ်မထားပါ။ ချိုပြီး အနံ့မပြင်းသော  မိုက်ခရိုဂရင်းများကို ကလေးများစားကျင့် ရှိကြသည်။ မိုက်ခရိုဂရင်း စားခြင်းသည် ကလေးများကို ဓာတ်မတည့်ခြင်း မဖြစ်စေပါ။ ချိုပြီးအနံ့မပြင်းသော  မိုက်ခရိုဂရင်းများကို ကလေးများကိုယ်တိုင်စိုက်၊ ကိုယ်တိုင်လတ်လတ်ဆတ်ဆတ် ခူးဆွတ်စားစေသော အပင်စိုက်ပျိုးခြင်း လက်တွေ့အစီအစဥ်များကို အခြေခံကျောင်းများတွင် သင်တန်းချိန်များကို ရေးဆွဲထည့်သွင်းထားသင့်သည်။

ကလေးများအတွက် ကျွေးရန်သင့်တော်သည့် အရသာချိုပြီး၊ အနံ့ မပြင်းသော မိုက်ခရိုဂရင်း (၇)မျိုး

၁။ ဘရိုကိုလီ ပန်းမုံလာအစိမ်း

၂။ မုံလာဥမရမ်း

၃။ ဆလပ်

၄။ မုံလာဥထုပ်အနီ

၅။ ကိုက်လန်

၆။ နေကြာ

၇။ ပင်စိမ်း

reference:

https://microgreensworld.com on April 11, 2020.

Bhaswant, M.; Shanmugam, D.K.; Miyazawa, T.; Abe, C.; Miyazawa, T. Microgreens—A Comprehensive Review of Bioactive Molecules and Health Benefits. Molecules 2023, 28, 867. https://doi.org/ 10.3390/molecules28020867

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။                                 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်