၂၀၁၉ ခုနှစ်၏ အာဟာရနှင့် ပတ်သက်သော လွဲမှားသည့် ထိပ်ဆုံးအယူအဆ (၁၉) ချက်

20/05/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုဖော်ပြမဲ့ အာဟာရနဲ့ပတ်သက်ပြီး မှားယွင်းယုံကြည်နေတဲ့ အချက်(၁၉)ခုဟာ ယနေ့ခေတ် ရေစီးကြောင်းထဲမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မီဒီယာဘလော့တွေကနေတဆင့် ပြန့်နှံ့နေကြပြီး အဲဒီသတင်းအချက်အလက်ဟာ တကယ်မှန်သလား၊ မှားသလား ဆိုတာကို ခွဲခြားဖို့ မလွယ်ကူလှပေမဲ့ မြန်မြန်ဆန်ဆန်ပြန့်နှံ့ လက်ဆင့်ကမ်းနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသတင်းတွေဟာ ပင်လယ်ထဲက ရေခဲတုံးကြီးကို ထိပ်ပိုင်းလေးသာ မြင်ရတဲ့ အခြေအနေမျိုးနဲ့ တူပါတယ်။ အဲလိုသတင်းတွေဟာ သိပ်မထူခြားလှတဲ့ လေ့လာချက် တွေအပေါ် အခြေခံတဲ့ သတင်းတွေ ဖြစ်နေတတ်ကြပါတယ်။ ဒီလို မှားယွင်းတဲ့ ယုံကြည်ချက် (ဒဏ္ဍာရီ) ၁၉- ချက်ကို သုတေသနပြုလေ့လာထားတဲ့ အမှန်တရားများနဲ့အတူ အောက်မှာ ယှဉ်တွဲဖော်ပြလိုက်ပါတယ်။

ဒဏ္ဍာရီ (၁): အသားဓာတ်သည် အရိုးနှင့် ကျောက်ကပ်အတွက် မကောင်းပါ။

အမှန်တရား: အသားဓာတ်ပမာဏ အများအပြားသည်ပင် အရိုးနှင့်ကျောက်ကပ်အတွက် (ရောဂါအခံ တစ်ခုခု ရှိမနေလျှင်) အန္တရာယ်မဖြစ်နိုင်ပါ။

ဒဏ္ဍာရီ (၂): ကာဘိုဟိုက်ဒရိုတ်ဓာတ်သည် သင့်အတွက် မကောင်းပါ။

အမှန်တရား: အလွန်အကျွံမစားသုံးလျှင် ကာဘိုဟိုက်ဒရိုတ်သည် မည်သည့်အန္တရာယ်မှ မရှိ ပါ။

ဒဏ္ဍာရီ (၃): အဆီဓာတ်သည် သင့်အတွက် မကောင်းပါ။

အမှန်တရား: သင့်ခန္ဓာကိုယ်တွင် ကယ်လိုရီများ ပိုလျှံနေပါက အဆီဓာတ်နည်းသော အစား အစာများကို စားသုံးနေသော်လည်း သင့်၏ခန္ဒာကိုယ်အလေးချိန်ကို လျော့ချပေးနိုင်မည် မဟုတ်ပါ။ Omega-3 နဲ့ Omega-6 Fatty Acid ကဲ့သို့ အဆီများက ခန္ဒာကိုယ်အတွက် လိုအပ်သလို ရောင် ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပြီး လေဖြန်းခြင်းနှင့် နှလုံးသွေးကြောရောဂါများအတွက်ပါ ကောင်းကျိုးများကို ရရှိစေနိုင်ပါသည် (လိုအပ်သော ပမာဏထက်တာ့ ပိုမနေသင့်ပါ)။

ဒဏ္ဍာရီ (၄): ကြက်ဥအနှစ်သည် သင့်အတွက် မကောင်းပါ။ 

အမှန်တရား: ကြက်ဥမှ ပရိုတိန်း၊ အဆီနှင့် အခြားအာဟာရဓာတ်များစွာကို ရပါသည်။ ကိုလက်စရောနှင့် နှလုံးသွေးကြောဆိုင်ရာ အဖွဲ့အစည်းများမှ ကြက်ဥအနှစ်သည် မကောင်းပါဟု အလွန်ပြင်းထန်စွာ ချဲ့ကားပြောဆိုကြခြင်းသာ ဖြစ်ပါသည်။

ဒဏ္ဍာရီ (၅): အနီရောင်အသား (red meat) ဥပမာ - အမဲသား၊ သိုးသား ....... များသည် သင့်အတွက် မကောင်းပါ။

အမှန်တရားအနီရောင်အသား (red meat) များသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်ဟု ပြောဆိုနေကြခြင်းသည် ချဲ့ကားပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။ အသားစိမ်း၊ ငါးစိမ်းများကို ရှောင်ကျဉ်ခြင်းထက် ကျန်းမာရေးနှင့် လျော်ညီသောနေထိုင်မူ (ရှိသင့်သော ကိုယ်အလေးချိန်၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဆေးလိပ်ရှောင်ကျဉ်ခြင်း .. ) များသည်သာ ပို၍အရေးပါပါသည်။

ဒဏ္ဍာရီ (၆): ဆားသည် သင့်အတွက် မကောင်းပါ။

အမှန်တရား: သွေးတိုးရောဂါသမားများအတွက် ဆားလျော့စားရန် အရေးကြီးပြီး ပို၍စားသုံးခြင်းသည် အန္တာရာယ်ရှိပါသည်။ သို့သော် လိုသည်ထက်လျော့ပြီး ဆားကိုစားသုံးခြင်းကြောင့် တူညီသော ကောင်းကျိုးများ ရရှိသည်ကို စမ်းသပ်မူများတွင် မတွေ့ရပါ။ မလိုအပ်ပဲ ဆားကို လျော့ပြီးစားသုံးခြင်းထက် မသင့်တော်သော အစားအစာများကို ရှောင်ကျဉ်ခြင်းသည်သာ လူအများစုအတွက် ပိုအကျိုးရှိစေမည် ဖြစ်ပါသည်။

ဒဏ္ဍာရီ (၇): ပေါင်မုန့်သည် သင့်အတွက် မကောင်းပါ။

အမှန်တရား: ဂျုံနဲ့ မတည့်သော လူတချို့ရှိတာကြောင့် ကဆီဓာတ်ပါသော အစားအစာများကို မကောင်းဟု ပြောဆိုရန်မသင့်ပါ။ တွဲဖက်စားသော အခြားအစားအစာများ (ထောပတ်၊ မြေပဲ၊ ယို၊ ပျားရည်…) နှင့်လည်း ပတ်သက်ဆက်စပ်မူ ရှိပါသည်။ ပေါင်မုန့်ဖြစ်စေ အခြားအစားအစာဖြစ်စေ ကယ်လိုရီပိုလျှံအောင် စားသုံးပါက ကိုယ်အလေးချိန် တက်လာမည်ဖြစ်ပါသည်။ ပေါင်မုန့်လုံးညိုသည် အဖြူထက် ကျန်းမာရေးနှင့် ပိုသင့်တော်သည်ဟု ပြောဆိုကြသောလည်း ပါဝင်သောအမျှင်ဓာတ်နှင့် အခြားအဟာရဓာတ်များ၏ ကွာခြားမူကြောင့်တော့ မဟုတ်ပါ။

ဒဏ္ဍာရီ (၈): ပြောင်းဖူးအချိုရည်တစ်မျိုး (high-fructose corn syrup) သည် သကြားထက် ပိုဆိုးပါသည်။

အမှန်တရား: ကျန်းမာရေးရှူ့ထောင့်အရကြည့်လျှင် ပြောင်းဖူးအချိုရည်နှင့် စားပွဲတင်သကြားသည် အတူပင်ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပြောင်းဖူးအချိုရည်တွင် အချိုဓာတ်ပိုပါသော်လည်း ကွာခြားချက် သိပ်မရှိပါ။

ဒဏ္ဍာရီ (၉): လတ်ဆတ်သော အသီးနှံစားဖွယ်များသည် အေးခဲအသီးနှံစားဖွယ်များထက် အဟာရ ပိုဖြစ်ပါသည်။

အမှန်တရား: လတ်ဆတ်သော အသီးနှံများနှင့် အေးခဲအသီးနှံများကြားတွင် အာဟာရဓာတ် ကွဲပြားခြားနားမှု ရှိနိုင်သော်လည်း အနည်းငယ်သာ ဖြစ်ပါသည်။ ထိုကြောင့် သင့်အတွက် ပိုအရသာရှိသော၊ ဈေးသက်သာသော နှစ်သက်ရာကိုသာ ရွေးချယ်စားသုံး သင့်ပါသည်။

ဒဏ္ဍာရီ (၁၀): အစားအသောက်(food) မှရသော အာဟာရသည် ဖြည့်စွက်စာအာဟာရ (supplements) များထက် အမြဲ သာလွန်ကောင်းမွန်သည်။

အမှန်တရား: အစားအသောက်အာဟာရတွင် ဗီတာမင်ပါဝင်မူ ပိုနိုင်သော်လည်း ဖြည့်စွက်စာ အာဟာ ရများထက် အမြဲ သာလွန်ကောင်းမွန်သည်တော့ မဟုတ်ပါ။

ဒဏ္ဍာရီ (၁၁): ဖြည့်စွက်စာ (Supplement) များကို မှီဝဲစားသုံးပေးရန် အမှန်တကယ် လိုအပ်ပါသည်။

အမှန်တရား: ဖြည့်စွက်စာများသည် သူ့နေရာနှင်သူ အသုံးဝင်မူရှိပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်ဖြည့်စွက်စာများသည် အချို့လိုအပ်သူများအတွက် အကျိုးရှိစေနိုင်ပါသည်။ အစာအာဟာရ ပြည့်စုံစေရန် ဖြည့်စွက်စာ စားသုံးသင့်သော်လည်း ပုံမှန်စားသုံးသော အစားများကို အစားထိုး မစားသုံးသင့်ပါ။

ဒဏ္ဍာရီ (၁၂): သန့်ရှင်းသော အစာကိုသာ စားသင့်ပါသည်။

အမှန်တရား: ပညာရှင်အချင်းချင်းပင် မည်သည့်အစားအစာသည် သန့်ရှင်းသည်ဟု သတ်မှတ်ရန် သဘောတူညီမူ မရနိုင် ဖြစ်နေရသောကြောင့် မည်သည့်အစားအစာသည် “သန့်ရှင်းသောအစာ’’ ဖြစ်သည်ဟု ပြောရန်ခက်ပါသည်။ အော်ဂဲနစ်အသီးအနှံများကို တတ်နိုင်လျှင်၊ စားချင်သည်ဆိုလျှင် စားပေးရန် တိုက်တွန်းပါသည်။ သို့သော် အော်ဂဲနစ်မဟုတ်သော အစားအစာအနည်းငယ်ကို စားလိုက်မိသောကြောင့် ထိုအရာတွေက သင့်ကို အန္တရာယ်ပေးတော့မည်ဟု ထင်နေသော စိုးရိမ်စိတ်မျိုး ရှိမနေသင့်ပါ။ ထိုစိုးရိမ်သောကသာ သင့်အသက်ကို ပိုတိုစေပါလိမ့်မည်။

ဒဏ္ဍာရီ (၁၃): "အဆိပ်ဖြေခြင်း ပြုလုပ်ထားသော (Detox)" အစာများကို သင် ပုံမှန် စားသုံးသင့်ပါသည်။

အမှန်တရား: အဟာရပြည့်ဝသော အစားအစာများကို နေ့စဉ်စားသုံးခြင်းနှင့် ကျန်းမာရေး  အလေ့ အကျင့်ကောင်းများကိုသာ ပိုအလေးထားဖို့လိုပါသည်။ လုံလောက်သော ပရိုတိန်း၊ အစိမ်းရောင်ပါသော အသီးအရွက်၊ ဗီတာမင်နှင့် သတ္တုဓာတ်ပါသော အစားအစာများသည် အရသာပြည့်ဝရုံမျှမက အဆိပ်ဖြေခြင်းပြုလုပ်ထားသော အစာများထက် အမှန်တကယ်ကောင်းသော အစားအစာများ ဖြစ်ပါသည်။ အဆိပ်ဖြေ အစားအစာများသည် သင့်စိတ်ထဲတွင် ပိုကောင်းသည်ဟု ခံစားရနိုင်ပါသည်။ အမှန်ဆိုလျှင် အဆိပ်ဖြေလျော့ထားခြင်းကြောင့် မဟုတ်ပဲ အသီးအရွက်များ ပိုမိုပါဝင်ခြင်းကြောင့်သာ ဖြစ်ပါသည်။

ဒဏ္ဍာရီ (၁၄): သင်၏ ဇီဝဖြစ်စဉ်ကို မြှင့်တင်ရန် မကြာခဏ အစာစားပေးပါ။

အမှန်တရား: အစာခြေဖျက်ခြင်းကြောင့် ဇီဝဖြစ်စဉ်ကို အနည်းငယ်မြှင့်တင်ပေးနိုင်ပါသည်။ သို့သော် မကြာခဏ စားသုံးခြင်းသည် တစ်ခါတည်း အဝစားခြင်းလောက် ခွန်အားကို မရစေနိုင်ပါ။

ဒဏ္ဍာရီ (၁၅): သင် မနက်စာ စားသုံးပေးရန် လိုအပ်ပါသည်။

အမှန်တရား: ပိုကျန်းမာစေရန်နှင့် ခန္ဓာကိုယ်အလေးချိန် ကျစေရန်အတွက် ရည်ရွယ်ပြီး မနက်စာ စားပေးရန် မလိုအပ်ပါ။ သင့်၏ အကြိုက်နှင့် ဦးတည်ချက်အပေါ် အခြေခံပြီး မနက်စာကို စားသုံးသင့်ပါသည်။ မနက်စာစားသည့် အလေ့အကျင့်ကို မလုပ်ချင်လျှင်လည်း မိမိသဘောအတိုင်း နေလိုရပါသည်။

ဒဏ္ဍာရီ (၁၆): အဆီများ လျော့နည်းသွားရန် ညအိပ်ရာမဝင်မီ အစာစားခြင်းကို ရှောင်ပါ။

အမှန်တရား: ညပိုင်း နောက်ကျမှ အစာစားခြင်းကြောင့် အဆီပိုတိုးစေခြင်းမရှိပါ (အစာပိုမစားလျှင်ပေါ့)။ အမှန်က ညပိုင်းစားသော အစာများ၏ သက်ရောက်မူထက် တစ်နေ့လုံး ကယ်လိုရီတက်မည့် အရသာရှိသော အစားအစာများကို ရှောင်နိုင်ရန်သာ သင့်အတွက် ပိုခက်ခဲနေနိုင်ပါသည်။

ဒဏ္ဍာရီ (၁၇): အစာအိမ်ထဲတွင် အစာမရှိသောအချိန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အဆီများကို လျော့ချပေးနိုင်ပါသည်။ 

အမှန်တရား: ကြွက်သားများ ထိန်းသိမ်းရန်၊ အဆီများလျော့ချရန်နှင့် နေ့စဉ် ကယ်လိုရီများ ထိန်းထားရန်အတွက် အစာအိမ်အတွင်း အစာမရှိသောအချိန် (Fasted) နှင့် အစာရှိသောအချိန် (Fed) တွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၏ ရလဒ်သည် ကွာချားချက် အနည်းငယ်သာရှိပါသည်။  တချို့က အစာအိမ်ထဲတွင် အစာမရှိသောအချိန် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ပိုမိုပေါ့ပါးပြီး ကောင်းမွန်သည်ဟု ခံစားရသော်လည်း တချို့က အစာအခံမရှိသဖြင့် နှေးကွေးလေးလံပြီး မလန်းမဆန်း ခံစားနေရတတ်ပါသည်။ အစာအိမ်တွင် အစာမရှိမှ လေ့ကျင့်ခန်းလုပ်မည်လား ပုံမှန်အစာအနည်းငယ်ရှိသောအချိန်တွင် လေ့ကျင့်ခန်း လုပ်မည်လား ဆိုသည်ကို မိမိအဆင်ပြေမူအပေါ် မူတည်၍ ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ဒဏ္ဍာရီ (၁၈): ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပြီးချိန်တွင် အသားဓာတ် (Protein) စားသုံးပေးရန် လိုအပ်ပါသည်။ 

အမှန်တရား: လေ့ကျင့်ခန်းလုပ်ပြီးလျှင် အသားဓာတ် (Protein) ကို ချက်ချင်း စားပေးရန် မလိုအပ်ပါ။ သို့သော် လေ့ကျင့်ခန်းလုပ်ပြီး နောက်ထပ် (၂) နာရီအတွင်း အသားဓာတ် (၂၀ မှ ၄၀) ဂရမ်အထိ စားသုံးပေးနိုင်လျှင် ပိုကောင်းပါသည်။ သို့သော် မဖြစ်မနေ စားပေးရမည်ဟုတော့ မဆိုလိုပါ။ နေ့စဉ်စားသော အစာထဲတွင် လိုအပ်သော အသားဓာတ်ပမာဏ ပါဝင်နေဖို့သာ လိုပါသည်။

ဒဏ္ဍာရီ (၁၉): Creatine (ကြွက်သား ကျုံ့အားကောင်းစေသောဓာတ်) သည် သင်၏ ကျားဟော်မုန်းဓာတ် (testosterone) ကို တိုးမြှင့်ပေးသော်လည်း ဆံပင်ကျွတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

အမှန်တရား: ဖြည့်စွက်စာနှင့် ပတ်သတ်ပြီး ထွက်ရှိပြီးသော သုတေသနများတွင် Creatine (ကြွက်သား ကျုံ့အားကောင်းစေသောဓာတ်) ကို အများဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု ထားကြပါသည်။ သုတေသနပြုချက် အထောက်အထားများအရ Creatine သည် ရေရှည်သုံးစွဲရန် စိတ်ချရပြီး ကျောက်ကပ်ပျက်စီးခြင်း၊ အမွှေးအမျှင်ကျွတ်ခြင်းများ မဖြစ်နိုင်သလို ကျားဟောမုန်းဓာတ် တိုးစေနိုင်ခြင်းလည်း မရှိပါ။

အထက်ပါ လေ့လာတွေ့ရှိချက်များသည် examine.com မှ လေ့လာတွေ့ရှိချက်များဖြစ်ပြီး အသိပညာတိုးပွားစေရန် ဘာသာပြန်မျှဝေလိုက်ခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို ဖတ်ရှူလေ့လာလိုလျှင် https://examine.com/nutrition/awful-nutrition-myths တွင် ဆက်လက်လေ့လာနိုင်ပါသည်။

ရဲထွန်းနောင်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်