"အိမ်တွင်းဖြစ်သဘာဝမြေဩဇာနဲ့ ပိုးသတ်ဆေးကိုသုံးပြီး အထွက်နှုန်းတိုးအောင် စိုက်ပျိုးရပါတယ် .."
မြေဆီဩဇာတွေဈေးတက်နေလို့.. 🌾🌾
စိုက်ပျိုးစရိတ်တွေများနေတဲ့ ဒီလိုအချိန်ခါ ကာလမှာ ဓာတ်မြေဩဇာနဲ့ ဓာတုပိုးသတ်ဆေးတွေမသုံးဘဲ အိမ်တွင်းဖြစ်နည်းလမ်းတွေနဲ့ အထွက်တိုးအောင်စိုက်လို့ရတဲ့ နည်းလမ်းကို
ဇွန်လ ၁၉နဲ့ ၂၀ ရက်နေ့တွေမှာ ဆရာကြီးဦးသိန်းဆုက အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက် သင်တန်း+ ကြီးကြပ် ပရိုဂရမ်မှာ လာပြီးတော့ ပါဝင်အားဖြည့် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်
🌾🌾 အစိမ်းရောင်လမ်းရဲ့ သင်တန်း+ ကြီးကြပ်ပရိုဂရမ်မှာ ပါဝင်မယ်ဆိုရင်
1️⃣ မိုးစပါးရာသီတစ်လျှောက် စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ သိရှိနားလည်မယ်
2️⃣ မိုးစပါးစိုက်ပျိုးနေစဉ်အတွင်း ပညာရှင်များ၏ အနီးကပ်ကြီးကြပ်
အကြံပေးမှုတွေ ရရှိမယ်
3️⃣ မိုးစပါးစိုက်တောင်သူများအချင်းချင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံအခက်အခဲတွေကို မျှဝေပြီး အတူကျော်လွှားနိုင်မယ်
4️⃣ မိုးစပါးစိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပြီး အရှုံးအမြတ်များ တွက်ချက်နိုင်တဲ့ စနစ်နဲ့ ကြီးကြပ်ခံခွင့်လည်းရမယ့်အပြင်
5️⃣ အစိမ်းရောင်လမ်းရဲ့ ဦးစားပေးတောင်သူ (ပရီမီယံ User) အဖြစ် တစ်နှစ်ခံစားခွင့်တို့ပါ ရရှိသွားမယ့်
ယခု သင်ခန်းစာ ၂ အတွက် သင်တန်းကြေး ၂၂၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီးတော့ မိုးစပါးမျိုးရွေးချယ်နည်းနဲ့ နည်းစနစ်ကျကျစိုက်ပျိုးနည်းကိုပါ ဆရာဦးအေးနိုင်နဲ့ ဆရာမ ဒေါက်တာစုလတ်ဖြူတို့က ပူးတွဲ သင်ကြားပေးသွားဦးမှာဖြစ်ပါတယ်။
သင်တန်းအချိန်ကတော့ ဇွန် ၁၉ - ၂၂ ထိ ညစဉ် ၇ နာရီဖြစ်ပါတယ်။ သင်ကြားပေးမယ့်နေရာကတော့ Zoom Platform ပဲ ဖြစ်ပါတယ်နော် 💻