အထွက်နှုန်းတိုးပြီး ရောဂါကင်းစေတဲ့ မိုးစပါးစိုက်ပျိုးနည်း

16/06/2025 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌾 စပါးပင်လေးတွေအကြောင်းသိလေလေ.. ပြုစုရတာ ပိုလွယ်လေ

ဆရာမကြီးတစ်ယောက်ကပြောဖူးတယ် အပင်လေးတွေက သူတို့ခံစားနေရတာတွေကို အမြဲတမ်းသူတို့ရဲ့ အရွက်အခက်တို့မှာ အရင်ပြလေ့ရှိတယ် 

လူတွေက သတိမမူ ဂရုစိုက်မနေတဲ့အတွက် သူတို့ရဲ့ကြုံတွေရတဲ့ အခက်အခဲကို မသိကြဘဲ ဘယ်လိုစိုက်စိုက် မရှင်ပါဘူးဆိုပြီးသာ နောက်ဆုံးငြီးတွားကြတာတဲ့

ဟုတ်တယ်နော် စပါးပင်လေးတွေရဲ့

🌾  ကြီးထွားနှုန်းအဆင့်ဆင့်ကို သိထားပြီး

🌾 သူတို့ရဲ့ ပြောင်းလဲလာတဲ့ အရွယ်တိုင်း သူတို့ကြိုက်တာလေးတွေသာ ကျွေးပေးမယ်ဆို 

သူတို့လည်း ဘယ်လိုလုပ်အောင်မြင်တဲ့အစေ့အဆန်တွေကို မထုတ်လုပ်ဘဲ နေမလဲနော်

ဆိုတော့ ဒို့အစိမ်းရောင်လမ်းက ဦးကြီးတို့လည်း စပါးပင်သာစိုက်ပျိုးနေကြတာ စပါးပင်ရဲ့ ကြီးထွားပုံအဆင့်ဆင့်ကို သိထားကြရဲ့လား 

မသိထားသေးဘူးဆိုရင် ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီအချိန်မှာ စိုက်ပျိုးရေးပညာရှင် ဆရာဦးအေးနိုင်က ပြောပြသင်ကြားပေးသွားဖို့ရှိပါတယ်ရှင့်

သင်တန်းကြေးကတော့ မြန်မာကျပ်ငွေ ၂၂၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပြီးတော့ 

1️⃣ ဆရာကြီးဦးသိန်းဆုရဲ့ အိမ်တွင်းဖြစ်သဘာဝ​မြေဩဇာများနှင့် သဘာဝပိုးမွှား​ရောဂါကာကွယ်​ဆေးများအကြောင်း

2️⃣ ဆရာမဒေါက်တာစုလတ်ဖြူရဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်နည်းအကြောင်းပါ ပူးတွဲသင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်။ 

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည့်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေလည်း ကန့်သတ်ထားတာမို့ မိုးစပါးအတူစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ စာရင်းပေးသွင်းဖို့အတွက် Page Messenger ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်...


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်