သဘာဝနဲ့ ဓာတုယှဉ်ဆွေးနွေးမည့် မိုးစပါးအာဟာချို့တဲ့ခြင်း ပြုပြင်ကုစားနည်းသင်တန်း

25/07/2025 11:36 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

⛈ ပုလဲမြေဩဇာကျွေးပြီးပြီးချင်း မိုးရွာသွားမယ်ဆိုရင် ပေးလိုက်တဲ့နိုက်ထရိုဂျင်ဓာတ်ကို စပါးပင်က မရဘဲ အငွေ့ပျံသွားလို့ သဘာဝမြေဩဇာတွေနဲ့ ရောနှောအသုံးပြုခြင်းက စပါးပင်မှာ နိုက်ထရိုဂျင်ချို့တဲ့တာကို ကာကွယ်ပေးမယ်ဆိုတဲ့ အကြံပေးချက်တွေပါဝင်တဲ့ 

ဆရာကြီးဦးမောင်မောင်ထွေးရဲ့ စပါးပင်ရဲ့ အာဟာရချို့တဲ့ လက္ခဏာများကို ပြုပြင်ကုစားနည်းသင်တန်း ဇူလိုင်လ ၂၈ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်ရှင့် 

ဒီသင်တန်းမှာဆိုရင် အာဟာရချို့တဲ့တဲ့အခါ ပြသတဲ့လက္ခဏာတွေနဲ့ ပြုပြင်ကုစားနည်းတွေကို သဘာဝနဲ့ ဓာတုယှဉ်ပြီးတော့ ဆွေးနွေးပေးသွားမှာမို့လို့ 

‼️ မိုးစပါးစိုက်ပျိုးနေကြတဲ့ တောင်သူများ အခုပဲ အစိမ်းရောင်လမ်းရဲ့ Fb page messenger ဒါမှမဟုတ် Viber Number 095053570 သို့ဆက်သွယ်စာရင်းပေးနိုင်ပါပြီရှင့်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်