စပါးခင်းထဲက ဒုက္ခအပေးဆုံးပေါင်းများအကြောင်း လေ့လာနိုင်မယ့်သင်တန်း

07/07/2025 09:22 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌾စပါးခင်းထဲ ပေါင်းမြက်စုံတဲ့ ပြဿနာ ဒီနှစ်ကစပြီး ကင်းဝေးစေဖို့ဆို 

ပေါင်းမြက်ပင်တွေရဲ့ သဘောသဘာဝကို သိထားဖို့လိုပြီပေါ့... 

ဘာလို့ဆို ရန်သူဘာတွေကြိုက်လဲဆိုတာသိထားမှာ ရန်သူမကြိုက်တဲ့ ရပ်ဝန်းကို ဖန်တီးနိုင်မှာပေါ့နော် 

ဒီသင်တန်းမှာဆို 🌾

- စပါးခင်းထဲက အဆိုးဝါးဆုံး ပေါင်းမြက်တွေရဲ့ သူတို့ ကြိုက်နှစ်သက်တဲ့ရေမြေရာသီဥတုအကြောင်း

- ပေါင်းမြက်အလိုက် ရွေးချယ်သင့်သည့် ဈေးကွက်ထဲက အေအိုင်များ 

- လူနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပေါင်းသတ်ဆေးစနစ်တကျ သုံးစွဲနည်းအပြင်

- မြက်မျိုးစိတ်အသစ်တွေနဲ့  ပေါင်းသတ်ဆေးဒဏ်ခံနိုင်တဲ့ မြက်အုပ်စုတွေကြား အကြပ်တွေ့နေတာကို ဖြေရှင်းပေးဖို့ 

ပေါင်းမြက်တွေအကြောင်း သုတေသနစာတမ်းများစွာပြုစုထားတဲ့ ဆရာမဒေါက်တာကြူကြူနဲ့ 

ဆရာဒို့ဦးလေးလို့ တောင်သူတွေအသိများတဲ့ ဆရာဦးသာပိုက ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့ ည ၇ နာရီမှာ Zoom meeting ကို အသုံးပြုပြီး သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။ 

🌾 ဒီသင်တန်းဟာဆိုရင် အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေနဲ့ ၄ လကြာအတူမိုးစပါးစိုက်ပျိုးကြမယ့် သင်တန်း+ ကြီးကြပ်ပရိုဂရမ်ရဲ့ သင်ခန်းစာ ၃ ထဲက တစ်ခုဖြစ်ပြီး 

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည့်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေလည်း ကန့်သတ်ထားတာမို့ မိုးစပါးအတူစိုက်ပျိုးကြမယ့် ဦးကြီးတို့က အစိမ်းရောင်လမ်းရဲ့ messenger ဒါမှမဟုတ် Viber number ဖြစ်တဲ့ 095053570 မှာ အခုပဲ စာရင်းပေးသွားနိုင်ပါပြီ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်