မိုးရာသီနှင့် ရော်ဘာသီးပုပ်ရွက်ကြွေရောဂါ

11/06/2020 15:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရော်ဘာပင်ကို ကမ္ဘာ့နိုင်ငံတော်တော်များများတွင် စိုက်ပျိုးကာ ကမ္ဘာကြီးတွင် ဟက်တာပေါင်း ခြောက်သန်းကျော်ထိ ရော်ဘာစိုက်ကြပါသည်။ ယခုအခါ မိုးရာသီသို့ ရောက်လာပြီဖြစ်သောကြောင့် ရော်ဘာစိုက်ခင်းများတွင် ရော်ဘာသီးပုပ်ရွက်ကြွေရောဂါသည် ကျရောက်လာတတ်ပါသည်။

    ရော်ဘာသီးပုပ်ရွက်ကြွေရောဂါဆိုသည်မှာ မိုးရာသီတွင် မိုးလေးရက်ဆက်တိုက်ရွာသွန်းသော အခြေအနေတွင် ဖြစ်ပွားသော မှိုရောဂါဖြစ်ပါသည်။ Phytophthora မှိုမျိုးကြောင့်ဖြစ်ပွားကာ မြေဆောင်မှိုရောဂါဖြစ်ပါသည်။ အစိုဓာတ်များကာ ရေဝပ်လျှင် ရောဂါအခြေအနေ ပိုမိုပြင်းထန်သည့်အတွက် မိုးရာသီ၌ ရော်ဘာပင်များအား ရေမဝပ်ရန်သတိပြုရပါမည်။ ရောဂါကျသောအပင်ရှိ အရွက်ရိုးတံများမှာ ရေစိုနာကဲ့သို့ဖြစ်ကာ အညိုရောင်ပြောင်း၍ အလယ်တွင် အဖြူရောင်အစေးခဲထွက်နေကာ ​မကြာမီကြွေပါသည်။ ရော်ဘာသီးမှာမူ အညိုရောင်ပြောင်း၍ပုပ်ကာ မှိုမျှင်များကအုပ်ထားပြီး မကြွေဘဲ အပင်ပေါ်တွင်ကျန်ရှိပါသည်။ အရွယ်ရောက်အပင်များတွင် ပြင်းထန်စွာအရွက်ကြွေလျှင် အပင်ကိုအားနည်းစေပြီး အသီးများ ကိုင်းဖျားများနှင့် အညွန့်များထိ ကူးစက်နိုင်ကာ ရော်ဘာအစေးထွက်မှုကို ဆိုးရွားစွာထိခိုက်ပါသည်။ ပျိုးခင်းရှိ အပင်ငယ်များတွင်မူ အရွက်ကြွေခြင်း အညွန့်ပုပ်ခြင်းမှ ကိုင်းဖျားခြောက်ပြီးသေကာ ပျိုးခင်းတစ်ခင်းလုံး သေနိုင်ပါသည်။

     မှိုရောဂါဖြစ်၍ ကော့ပါးပါသော မန်ကိုဇက်,  ဘီနိုမိုင်း ကဲ့သို့သော မှိုသတ်ဆေးများကို မိုးရာသီမ​တိုင်မီဖျန်းခြင်း၊ ၁ % ဘော်ဒိုဆေးရည် (Bordeaux mixture) အား ကြိုဖျန်းခြင်း ၊ မျိုးစေ့အား မစိုက်မီ မှိုသတ်​ဆေးလူးနယ်ပေးခြင်းတို့အပြင် ခံနိုင်ရည်ရှိသောမျိုးအားရွေးချယ်စိုက်ခြင်းဖြင့် ရောဂါကျရောက်မှု လျော့ပါးစေပါသည်။ GT 1 ကဲ့သို့သောမျိုးသည် သီးပုပ်ရွက်ကြွေရောဂါကိုခံနိုင်ကာ RRIM 600 သည် ခံနိုင်ရည်နည်းပါသည်။ 

    မိုးရာသီရောက်လျှင် သီးပုပ်ရွက်ကြွေရောဂါသည် အနည်းနှင့်အများဆိုသလို ကျရောက်မည်ဖြစ်သော်လည်း စီးပွားရေးထိခိုက်စည်းမရောက်စေရန် အထက်ပါနည်းလမ်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်