ဖရဲပင်တွေ အထွက်တိုးစေဖို့

13/12/2018 14:36 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘာလုပ်ကြမှာလဲ အူးလေးကြီးက ဖရဲသီးဆို ချိုမှ မွှေးမှ ကောင်းမှ အလုံးကြီးမှ(အသီး ကိုပြောတာပါနော်) ကြိုက်တာ (အဲ့လိုချေးများလို့လည်း လူပျိုကြီးဖြစ်တာပေါ့လေ)။ အဲ့တော့ ဖရဲစိုက်တဲ့ တောင်သူဦးကြီးတွေအတွက် အူးလေးကြီးက ဖရဲစိုက်တဲ့အချိန် လိုအပ်တဲ့ အာဟာရတွေကို တင်ဆက်ပေးမှာပါ။

အပင်မစိုက်ခင်အချိန်

နိုက်ထရိုဂျင် (N) နှင့် ပိုတက်စီယမ် (K) ။            ။ ဦးဆုံးကြီးထွားမှုကို ထောက်ခံ အားပေးပါတယ်။

ကယ်လ်ဆီယမ် (Ca) ။                    ။ အမြစ်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေပါတယ်။

ဘိုရွန် (B) ဇင့် (Zn) မန်းဂနိစ့် (Mn) မိုလက်ဒီနမ် (Mo) ။    ။ သူတို့ကျတော့ အညွှန့့်ကို တိုးတက်ကောင်းမွန်စေလို့ မြေခံမှာထည့်ပေးဖို့လိုအပ်ပါတယ်။

ပင်ပိုင်းကြီးထွားတဲ့အဆင့် 

နိုက်ထရိုဂျင် (N) နှင့် ဖော့စဖောရပ်စ်(P)။    ။ အပင်တွေ စဉ်ဆက်မပြတ်ကြီးထွားဖို့အတွက် လိုအပ်ပါတယ်။

ပိုတက်စီယမ် (K) နှင့် မဂ္ဂနီစီယမ် (Mg)။    ။ အရွက်တွေ ကြီးပြီး ပန်းပွင့်ဖို့ အားတွေပြည့်နေအောင်လို့ ထည့်ပေးရမှာပါ။

ကယ်လ်စီယမ် (Ca)။    ။ အပင်ကြီးထွားမှုကို အကောင်းဆုံးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။

ဘိုရွန် (B)။    ။ ပန်းပွင့်ဖို့နဲ့ အသီးတင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။

ဆာလဖာ (S) ။    ။ ဖရဲရွက်လေးတွေအတွက် ပရိုတင်းချက်လုပ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ အရေးကြီး အာဟာရဖြစ်ပါတယ်။

ပန်းပွင့်ချိန်

ပိုတက်စီယမ် (K) ။    ။ အပွင့်များစေဖို့နဲ့ ပုံမှန်ထောက်ပံ့မှုတွေအတွက် လိုအပ်တာပါ။

ဖော့စဖောရပ်(စ်) (P)။    ။ အသိးဖြစ်ပေါ်ဖို့အတွက် ထည့်ပေးရမှာပါ။

ကယ်လ်ဆီယမ် (Ca) ။    ။ ပင်ထဲက မျိုးပွားအင်္ဂါတွေကို တိုးတက်လာအောင်လုပ်ပေးပြီးတော့ အသီးစတင်ဖြစ်ပေါ်တဲ့ အချိန်မှာ လိုအပ်ပါတယ်။

ဘိုရွန် (B) နှင့် သွပ် (Zn) ။    ။ ပန်းပွင့်တွေကိုတိုးပွားစေတယ် တိုးတက်ကောင်းမွန်စေတယ်။ အသီးအားပေးပါတယ်။

မန်းဂနိစ့် (Mn) နှင့် မိုလက်ဒီနမ် (Mo) ။    ။ အပင်ကြီးထွားမှုကို ထပ်မံထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။

အသီးစတင်သီးချိန်

နိုက်ထရိုဂျင် (N) ။    ။ အသားတွေပြည့်တင်းဖို့ လိုအပ်တဲ့ ပမာဏရှိပေမဲ့ နည်းပါတယ်။

ပိုတက်စီယမ် (K) ။    ။ ဖရဲ အသီးပုံမမှန်တာတွေ မဖြစ်အောင်လို့ ုလိုအပ်ပါတယ်။

ကယ်လ်ဆီယမ် (Ca) ။    ။ အသီးကွဲတာလို အခွံမှာ အပျောက်တွေဖြစ်တာလိုမျိုး စတဲ့ မကောင်းတဲ့ အကျိုးဆက်တွေ မဖြစ်ပဲ

အသီး အခွံ အသား စတဲ့ အရာတွေကို ကောင်းမွန်အောင် ပြုပြင်ပေးပါတယ်။

မဂ္ဂနီစီယမ် (Mg) ။    ။ ဒီအချိန်မှာ မဂ္ဂနီစီယမ်ကို အများဆုံးလိုအပ်ပြီးတော့ အသီးအရည်အသွေးကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။

ဘိုရွန် (B)။    ။ အခွံလှဖို့ အရေးကြီးပါတယ်။

အသီးကြီးတဲ့အချိန်

နိုက်ထရိုဂျင် (N) ။    ။ နည်းနည်းလျော့ပြီးထည့်ရမှာပါ။ များသွားရင် ကြီးထွားမှုများပြီးတော့ ပုတ်တာတွေ အသီးမှာ အရာတွေ ထင်တာတွေဖြစ်တတ်လို့ပါနော်။

ပိုတက်စီယမ် (K) ။    ။ ပိုတက်စီယမ်ကတော့ အများဆုံးလိုတဲ့ အချိန်ပါပဲ။ အများကြီးထည့်ပေးမှ ပုံမမှန်တာတွေကနေ ကင်းဝေး စေမှာပါ။

ကယ်လ်စီယမ် (Ca) ။    ။ အသီးတွေ ခိုင်မာ သန်စွမ်းဖို့ကို ထည့်ပေးရမှာပါ။

ဘိုရွန် (B) ။    ။ အသီးမှည့်တဲ့အချိန် နဲ့ အသီးထဲကို ကယ်လ်စီယမ် သယ်ပို့ပေးတဲ့ နေရာမှာ အဓိက ပါဝင်ပါတယ်။

မဂ္ဂနီစီယမ် (Mg) ၊ သံဓာတ် (Fe) ။    ။ အသီးကျန်းမာဖို့အတွက် လုပ်ဆောင်ပေးပါတယ်။

ကဲ အဲ့ဒါတွေကတော့ ဖရဲ စိုက်ပျိုးတဲ့ တောင်သူဦးကြီးတွေအတွက်တော့ အသုံးဝင်ပြီးတော့ အဆင်ပြေမှာပါ။ အဆင်လည်း ပြေကြပါစေ။

https://www.yara.us/crop-nutrition/melon/role-of-nutrients-by-growth-stage/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်