အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖရဲပင်တွေ အထွက်တိုးစေဖို့

ဖရဲပင်တွေ အထွက်တိုးစေဖို့

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 13/12/2018

ဘာလုပ်ကြမှာလဲ အူးလေးကြီးက ဖရဲသီးဆို ချိုမှ မွှေးမှ ကောင်းမှ အလုံးကြီးမှ(အသီး ကိုပြောတာပါနော်) ကြိုက်တာ (အဲ့လိုချေးများလို့လည်း လူပျိုကြီးဖြစ်တာပေါ့လေ)။ အဲ့တော့ ဖရဲစိုက်တဲ့ တောင်သူဦးကြီးတွေအတွက် အူးလေးကြီးက ဖရဲစိုက်တဲ့အချိန် လိုအပ်တဲ့ အာဟာရတွေကို တင်ဆက်ပေးမှာပါ။

အပင်မစိုက်ခင်အချိန်

နိုက်ထရိုဂျင် (N) နှင့် ပိုတက်စီယမ် (K) ။            ။ ဦးဆုံးကြီးထွားမှုကို ထောက်ခံ အားပေးပါတယ်။

ကယ်လ်ဆီယမ် (Ca) ။                    ။ အမြစ်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေပါတယ်။

ဘိုရွန် (B) ဇင့် (Zn) မန်းဂနိစ့် (Mn) မိုလက်ဒီနမ် (Mo) ။    ။ သူတို့ကျတော့ အညွှန့့်ကို တိုးတက်ကောင်းမွန်စေလို့ မြေခံမှာထည့်ပေးဖို့လိုအပ်ပါတယ်။

ပင်ပိုင်းကြီးထွားတဲ့အဆင့် 

နိုက်ထရိုဂျင် (N) နှင့် ဖော့စဖောရပ်စ်(P)။    ။ အပင်တွေ စဉ်ဆက်မပြတ်ကြီးထွားဖို့အတွက် လိုအပ်ပါတယ်။

ပိုတက်စီယမ် (K) နှင့် မဂ္ဂနီစီယမ် (Mg)။    ။ အရွက်တွေ ကြီးပြီး ပန်းပွင့်ဖို့ အားတွေပြည့်နေအောင်လို့ ထည့်ပေးရမှာပါ။

ကယ်လ်စီယမ် (Ca)။    ။ အပင်ကြီးထွားမှုကို အကောင်းဆုံးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။

ဘိုရွန် (B)။    ။ ပန်းပွင့်ဖို့နဲ့ အသီးတင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။

ဆာလဖာ (S) ။    ။ ဖရဲရွက်လေးတွေအတွက် ပရိုတင်းချက်လုပ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ အရေးကြီး အာဟာရဖြစ်ပါတယ်။

ပန်းပွင့်ချိန်

ပိုတက်စီယမ် (K) ။    ။ အပွင့်များစေဖို့နဲ့ ပုံမှန်ထောက်ပံ့မှုတွေအတွက် လိုအပ်တာပါ။

ဖော့စဖောရပ်(စ်) (P)။    ။ အသိးဖြစ်ပေါ်ဖို့အတွက် ထည့်ပေးရမှာပါ။

ကယ်လ်ဆီယမ် (Ca) ။    ။ ပင်ထဲက မျိုးပွားအင်္ဂါတွေကို တိုးတက်လာအောင်လုပ်ပေးပြီးတော့ အသီးစတင်ဖြစ်ပေါ်တဲ့ အချိန်မှာ လိုအပ်ပါတယ်။

ဘိုရွန် (B) နှင့် သွပ် (Zn) ။    ။ ပန်းပွင့်တွေကိုတိုးပွားစေတယ် တိုးတက်ကောင်းမွန်စေတယ်။ အသီးအားပေးပါတယ်။

မန်းဂနိစ့် (Mn) နှင့် မိုလက်ဒီနမ် (Mo) ။    ။ အပင်ကြီးထွားမှုကို ထပ်မံထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။

အသီးစတင်သီးချိန်

နိုက်ထရိုဂျင် (N) ။    ။ အသားတွေပြည့်တင်းဖို့ လိုအပ်တဲ့ ပမာဏရှိပေမဲ့ နည်းပါတယ်။

ပိုတက်စီယမ် (K) ။    ။ ဖရဲ အသီးပုံမမှန်တာတွေ မဖြစ်အောင်လို့ ုလိုအပ်ပါတယ်။

ကယ်လ်ဆီယမ် (Ca) ။    ။ အသီးကွဲတာလို အခွံမှာ အပျောက်တွေဖြစ်တာလိုမျိုး စတဲ့ မကောင်းတဲ့ အကျိုးဆက်တွေ မဖြစ်ပဲ

အသီး အခွံ အသား စတဲ့ အရာတွေကို ကောင်းမွန်အောင် ပြုပြင်ပေးပါတယ်။

မဂ္ဂနီစီယမ် (Mg) ။    ။ ဒီအချိန်မှာ မဂ္ဂနီစီယမ်ကို အများဆုံးလိုအပ်ပြီးတော့ အသီးအရည်အသွေးကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။

ဘိုရွန် (B)။    ။ အခွံလှဖို့ အရေးကြီးပါတယ်။

အသီးကြီးတဲ့အချိန်

နိုက်ထရိုဂျင် (N) ။    ။ နည်းနည်းလျော့ပြီးထည့်ရမှာပါ။ များသွားရင် ကြီးထွားမှုများပြီးတော့ ပုတ်တာတွေ အသီးမှာ အရာတွေ ထင်တာတွေဖြစ်တတ်လို့ပါနော်။

ပိုတက်စီယမ် (K) ။    ။ ပိုတက်စီယမ်ကတော့ အများဆုံးလိုတဲ့ အချိန်ပါပဲ။ အများကြီးထည့်ပေးမှ ပုံမမှန်တာတွေကနေ ကင်းဝေး စေမှာပါ။

ကယ်လ်စီယမ် (Ca) ။    ။ အသီးတွေ ခိုင်မာ သန်စွမ်းဖို့ကို ထည့်ပေးရမှာပါ။

ဘိုရွန် (B) ။    ။ အသီးမှည့်တဲ့အချိန် နဲ့ အသီးထဲကို ကယ်လ်စီယမ် သယ်ပို့ပေးတဲ့ နေရာမှာ အဓိက ပါဝင်ပါတယ်။

မဂ္ဂနီစီယမ် (Mg) ၊ သံဓာတ် (Fe) ။    ။ အသီးကျန်းမာဖို့အတွက် လုပ်ဆောင်ပေးပါတယ်။

ကဲ အဲ့ဒါတွေကတော့ ဖရဲ စိုက်ပျိုးတဲ့ တောင်သူဦးကြီးတွေအတွက်တော့ အသုံးဝင်ပြီးတော့ အဆင်ပြေမှာပါ။ အဆင်လည်း ပြေကြပါစေ။

https://www.yara.us/crop-nutrition/melon/role-of-nutrients-by-growth-stage/

Myo MinSoe

Myo MinSoe

လွန်ခဲ့သော ၂ နှစ် က

စက်ဖွဲပြာက ကျွန်တော်လေ့လာမိသလောက်ဆို ကာဗွန်မိုနောက်ဆိုက် ပါ အမြစ်ိုးအားကိုကောင်းစေပါတယ် စနစ်ကျအောင်သာအသုံးပြုပါ ဆရာမဟုတ်ပါခဗျာသိသလောက်ပါ

Myo MinSoe

Myo MinSoe

လွန်ခဲ့သော ၂ နှစ် က

ဖရဲကို သက်တန်းအလိုက် ဘိုရွန်ကို မည်သို့အသုံးပြုရမည်က်ို ရှင်စေလိုပါသည်

မိုးကျော်

မိုးကျော်

လွန်ခဲ့သော ၃ နှစ် က

ဖရဲပင်မှာ ရက်၆၀သါးဆိုဘာလို့အရွက်တွေခြေက်လဲ

Aung Lay

Aung Lay

လွန်ခဲ့သော ၄ နှစ် က

ဖရဲမှာ စဖွဲပြာထည့်စိုက်လို့ရလားကောင်းကျိုးဆိုးကျိုးသိချင်ပါတယ်

Ko Myo

Ko Myo

လွန်ခဲ့သော ၅ နှစ် က

အပင်တွေကြီးတာနှေးပြီးအရွက်တွေပြားနေတာတာဘာကြောင့်ပါလဲခင်ဗျ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။