ရွှံ့ကဏန်း စီးပွားဖြစ်မွေးမြူနည်း အပိုင်း-၃

07/07/2022 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

၁။ ရွှံ့ကဏန်းများအား ဝဖြိုးလာစေရန်( Fattening)လုပ်ဆောင်မှုများ

(က) ရွှံ့ကဏန်းများအား ငါးကန်အတွင်း ဝဖြိုးအောင်လုပ်ဆောင်ခြင်း

ရွှံ့ကဏန်းများအား ဝဖြိုးအောင်မွေးမြူရန်အတွက် အလွတ်ထားသော 500 m² ရှိသည့် သေးငယ်သည့် ကန်များအား အသုံးပြုကာ အကာအရံများအဖြစ် ဝါးပင်(သို့) ပလတ်စတစ် Polyethylene ပိုက်ကွန်များ ဖြင့် အသုံးပြုကြသည်။

ကန်များအား Milkfish နှင့် ပုစွန်ထုပ်များ မွေးမြူသည့်ကန်များနည်းတူ ပြင်ဆင်ရပါမည်။

မျိုးပေါက်ပြီးနောက် အလေးချိန် 150-200 g ရှိသည့်ကဏန်းများအား မနက်အစောပိုင်းနှင့် နေ့လည်ခင်း ပိုင်းမှာ ထည့်သွင်းမွေးမြူရပါမည်။

ထည့်သွင်းမွေးမြူသည့်နှုန်းသည် 2-3 crabs/m² ဖြစ်သည်။

အချင်းချင်း ကိုက်ဖြတ်စားသောက်ခြင်းမှ ကာကွယ်ရန် လက်သည်းများအား ဖြတ်ပေးရန် လိုအပ် ပါသည်။

တစ်ခါတစ်ရံ အပေါက်ပါသောအတုံးများ(သို့) သံဗူးအဟောင်းများအား ကန်၏အောက်ခြေ၌ ကဏန်းများ ပုန်းခိုနိုင်ရန် ထားရှိရပါမည်။

ကဏန်များအား ခန္ဓာကိုယ်အလေးချိန်၏ ၅-၈% ပေါ်မူတည် ၍ တစ်နေ့ ၃ကြိမ်အစာကျွေးရပါမည်။

ရေအားသန့်စင်စေရန် အမြဲလိုအပ်သဖြင့် လဲပေးရန် လိုအပ်ပါသည်။

ကဏန်းများအား ၁၀-၁၅ ရက်အထိ ဝဖြိုးအောင်လုပ်ဆောင်ရပြီးနောက် အလေးချိန် 110 g/ crab တစ်ကောင်နှုန်း ကြီးထွားမှုအား ရရှိပါမည်။

၁၅ ရက်ကြာပြီးနောက် ကဏန်းများအား မ,ယူနိုင်သော ပိုက်ကွန် (lift net) ဖြင့် ထုတ်ယူနိုင်ပါသည်။

 

(ခ) ကဏန်းများအား လေးထောင့်ကန် ခြံများဖြင့် ဝဖြိုးအောင် လုပ်ဆောင်ခြင်း 

ရွှံ့ကဏန်းများအား ဝဖြိုးစေရန်အတွက် အိမ်နီးချင်းနိုင်ငံတချို့တွင် မြေကြီးရေကန်များအစား လေးထောင့်ခြံများအား အသုံးပြုကြပါသည်။

ခြံများသည် 2 x 2 x 1.5 m ရှိပြီး ရေလုပ်သားများ၏ အိမ်များနှင့် နီးကာ ကုန်းတွင်းဒီလှိုင်း (intertidal)နေရာများတွင်ရွှံ့များအတွင်း ဝါးတိုင်များထောင်ကာ မွေးမြူကြပါသည်။

ခြံများအနီးတွင် ဒီရေတက်ချိန်တွင် အဝင်၊ အထွက်အစာ ကျွေးနိုင်ရန် လျှောက်လမ်းတစ်ခု ထားရှိရပါမည်။

အလေးချိန် 150-300 g ရှိသည့် ကဏန်းများသည် ၈-၃၅ ရက် ကာလအတွင်း ဝဖြိုးလာပါမည်။

ကဏန်းတစ်ကောင်၏ ကိုယ်အလေးချိန်၏ ၁၀% ရှိသည့် ခုတ်ထစ်ထားသည့်ငါးများအား တစ်နေ့ ၂ကြိမ် ကျွေးမွေး နိုင်ပါသည်။

ရွှံ့ကဏန်းများအား lift nets( မ,ယူနိုင်သောပိုက်ကွန်)ဖြင့် ကောက်ယူနိုင်ပါသည်။

အိမ်နီးချင်း နိုင်ငံတချို့မှ တံငါသည်များမှာ ရွှံ့ကဏန်းများ ကို ၄င်းတို့၏အိမ်အောက်၌ ခြံဖြင့် မွေးမြူကြသည်။ ၄င်းတို့၏အိမ်များသည် ဒေါက်တိုင်များပေါ်တွင် တည်ဆောက်ထားလေ့ရှိကာ ၄င်းအောက်ရှိနေရာများအား အပေါ်မှအောက် chicken wire(ကြေးနန်းကြိုး)နှင့် စွန့်ပစ်ထားသည့် ပိုက်ကွန်များဖြင့် ခြံအားကာရံထားသည်။

အိမ်၏ကြမ်းပြင်တစ်နေရာရှိ အပေါက်တစ်ပေါက်မှ တန်ဖိုးနည်းငါးများ၊ မီးဖိုချောင်စွန့်ပစ်စာများနှင့် အသီးအခွံများအား ခြံအတွင်းပစ်ချကြသည်။

ကဏန်းများအား သတ်မှတ်ထားသည့် အလေးချိန်ရပြီးနောက် ကောက်ယူကြသည်ဟု ဗဟုသုတအနေဖြင့် လေ့လာသိရှိခဲ့ရပါသည်။ 

(ဂ) ရွှံ့ကဏန်းများအား ဝါးလှောင်အိမ်များဖြင့်ဝဖြိုးအောင် လုပ်ဆောင်ခြင်း

ဝါးလှောင်အိမ်များဖြင့် ရွှံ့ကဏန်းများအား ဝဖြိုးအောင်လုပ်ဆောင်ရာတွင်

၁။ နေရာရွေးချယ်ခြင်း

ရွှံ့ကဏန်းများသည် ရေချိုရေငန်စပ်များရှိသည့် ရေတိမ်ပိုင်း၊ မြစ်ဝနေရာများ၊ ပင်လယ်အော်နှင့် ပင်လယ်တွင်းရှိ အိုင်ငယ်များတွင် ကောင်းမွန်စွာမွေးမြူနိုင်ပါသည်။ လေပြင်းတိုက်ခြင်း၊လှိုင်းထန်ခြင်းနှင့် ဆိုးရွားသည့်ရာသီဥတုများမှ ကာကွယ်နိုင်ရန်အတွက်အကာအကွယ်ရှိသည့် ပင်လယ်အော်နှင့် ချိုင့် များအား ရွေးချယ်မွေးမြူကြသည်။ ၄င်းနေရာများရှိ ရေအနက်သည် ၀.၅-၁ မီတာအနက်ရှိသင့်ပါသည်။ ဆားငန်ရေများသည် ရွှံ့ကဏန်းများ၏ ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည့်အတွက် ဆားဓာတ် နည်းပါးသည့် နေရာများသည် ကောင်းမွန် သင့်တော်သည်။ ကဏန်းများဝဖြိုးစေရန် အတွက် ကျယ်ဝန်းသည့် နေရာများနှင့် တန်ဖိုးနည်းငါးများအားအစာအဖြစ်ကျွေးမွေးသင့်ပါသည်။

၂။ လှောင်အိမ်ပုံစံ

ပြုပြင်တည်ဆောက်ထားသည့် ဝါးလှောင်အိမ်( 140 x 70x 25 cm)အား အကန့် ၁၈ ခုအား ထောင့်မှ တစ်ဆင့်ခိုင်မာအောင် လုပ်ဆောင်ထားခြင်းဖြင့် ဆိုးရွားသောရာသီဥတုမျိုးတွင် မျောပါသွားခြင်းမှ ကာကွယ်နိုင်ပါသည်။ ၄င်းအကန့်များအား 140x 170 cm ရှိသည့် ဝါးပင်အကွဲများ ဖြင့် ကာထားရပါမည်။ ၄င်းပေါ်တွင် အစာကျွေးရန် အပေါက်များအားဖောက်ထား ရပါမည်။ အဆိုပါပုံစံဖြင့် မွေးမြူသည့် အားသာချက်သည် ရွေးချယ်၍ မွေးမြူနိုင်ခြင်းပင်ဖြစ်သည်။ ကိုယ်သတ်မှတ်ထားသည့် အလေးချိန် မပြည့်ပါကကဏန်းများအား အကန့်များအတွင်းသို့ အလွယ်တကူပြန်လည်ထားရှိ၍ ဝဖြိုးလာအောင် ဆက်လက် လုပ်ဆောင်သွားနိုင်သည့် အတွက်ဖြစ်သည်။

၃။ ထည့်သွင်းမွေးမြူနှုန်း

၁ယူနစ်လျှင် ကဏန်း ၁၈ကောင်သိုလှောင်ထားနိုင်ပါသည်။ ၄င်းအား မနက်အစောပိုင်းနှင့် နေ့လည် နောက်ပိုင်းမှာလုပ်ဆောင်ရပါမည်။

၄။ အစာနှင့် အစာကျွေးမွေးခြင်း

ရွှံ့ကဏန်းများအား တစ်နေ့လျှင် ၂ကြိမ်နှုန်းဖြင့် ၄င်းတို့၏ ကိုယ်အလေးချိန် ၅%ရှိသည့်အစာကိုသာ ၁၀-၁၅ ရက် ကျွေးမွေးရပါမည်။ အစာများအဖြစ် တန်ဖိုးနည်းငါးများ၊ အခွံပျော့ခရုများ၊ မီးဖိုချောင်အကျန်များ၊ ယောက်သွားအသားများ၊ တိရစ္ဆာန် ကလီစာများစသည်တို့ကို ကျွေးနိုင်ပါသည်။

၅။ လှောင်အိမ်အား ထိန်းသိမ်းခြင်း

ပုံမှန်စစ်ဆေးမှူများအား မွေးမြူသည့်ကာလမှာ လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ပင်လယ်ဒိုက်ပင် အစုအပုံများ၊ သစ်တုံးများနှင့် အခြားသော အကျိုးအပဲ့ အပျက်အစီး အစအနများအား ဖယ်ရှားခြင်းဖြင့် ရေလှည့်ပတ်နိုင်ခြင်းနှင့် လှောင်အိမ်များပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။

လှောင်အိမ်များအား အသုံးပြုပြီးနောက် မ,တင်၍ ပုံမှန် အခြောက်ခံရမည်ဖြစ်သည်။

၆။ ဖမ်းဆီးခြင်း၊ ကိုင်တွယ်ခြင်း

ဝဖြိုးအောင်လုပ်ဆောင်သည့် ကာလပြီးမြောက်ပါက ရွှံ့ကဏန်းများအား လက်ဖြင့် ကောက်ယူ နိုင်ပါသည်။ ကဏန်းများအား အလွယ်တကူ ကိုင်တွယ်နိုင်ရန် ကောက်ရိုး(သို့မဟုတ်) ကြိုးများဖြင့် ချည်ထားရပါမည်။ ထို့နောက် ကျွမ်းကျင်သည့် အလုပ်သမားအား ငှားရမ်း၍ ကဏန်းလက်မများအား ချည်ရပါမည်။

ကဏန်းများသည် နေနှင့် လေဖြင့် ထိတွေ့ခဲ့ပါက အားနည်းခြင်းနှင့် သေနိုင်သည့်အတွက် ရှောင်ရှားရန် လိုအပ်ပါသည်။

၇။ စောင့်ကြည့်စစ်ဆေးခြင်း

  • ရွှံ့ကဏန်းများ စားသောက်သည့်နှုန်း၊
  • ရွှံ့ကဏန်းများ ကြီးထွားရှင်သန်မှု၊
  • ရွှံ့ကဏန်းများ၏ ကျန်းမာရေးအခြေအနေ၊
  • ရေကောင်းမွန်မှု ရှိ/မရှိ တို့ကို အချိန်နဲ့အမျှစောင့်ကြည့်စစ်ဆေးရပါမည်။
  • ရွှံ့ကဏန်းများအတွက် သင့်လျော်သော ရေအရည်အသွေးသတ်မှတ်ချက်များ ဖွံ့ဖြိုးခြင်း မရှိသေးသည့် တိုင် ၄င်းတို့အား ရေငန်ပုစွန်များနှင့် အခြားအခွံမာရေသတ္တဝါများနည်းတူ အပူလျော့ပိုင်းနှင့် အပူပိုင်း ဒေသများမှာ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

Ref: ငါးလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်