မုန်ညင်း၊ မုန်လာမိုက်ခရိုဂရင်းမျိုးများတွင် ပါဝင်သော အာဟာရဓာတ်များ

12/01/2024 11:00 AM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၈၅)

စားမှိုစိုက်ပြီးကျန်သည့် ပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၄)

စားသုံးသူ ကြိုက်နှစ်သက်သည့် မုံညင်းမုံလာ မျိုးရင်းဝင် မိုက်ခရိုဂရင်း 

၂ဝ၁၉ခုနှစ်မှစ၍ မုံညင်းမုံလာ မျိုးရင်းဝင် မိုက်ခရိုဂရင်းများသည် ကမ္ဘာ့စျေးကွက်တွင် လွှမ်းမိုးလာသည်။ ဘရိုကိုလီ၊ မုန်လာဥ၊ မုန်လာထုပ်၊ ပန်းမုန်လာအစိမ်း၊ ပဲမျိုးစုံနှင့် ဟင်းနုနွယ် မိုက်ခရိုဂရင်းများသည် အနံ့၊ အရသာ၊ အရောင်စသော အရည်အသွေးများ မြင့်မားသည်။ စားသုံးသူများသဖြင့် ထိပ်တန်းစျေးကွက်တွင်  ရပ်တည်နေသည်။ မုံညင်းမုံလာမိုက်ခရိုဂရင်းများသည် ကယ်ရိုတီနွိုက်၊ အက်စကောဘစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ် ၊ ဖီနောလစ်ကွန်ပေါင်း၊ ဖလေဗိုနွိုက်၊ အန်သိုစိုင်ရာနင် ပါဝင်မှုမြင့်သည်။ မိုက်ခရိုဂရင်းများ၏ ဇီဝဆိုင်ရာကွန်ပေါင်းပါဝင်မှုသည် ရာသီအလိုက် စိုက်ပျိုးမှု၊ မျိုးစေ့အရည်အသွေးနှင့် အပင်ပေါက်ချိန်တွင် ရရှိသော အလင်းရောင်ပေါ်မူတည်သည်။

၁။ ဘရိုကိုလီ၊ ပန်းမုံလာအစိမ်း၊ မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

ဘရိုကိုလီ၊ ပန်းမုံလာအစိမ်း မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)

၂။ မုံညင်း မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)


 

၃။ မုံညင်း၊ မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)  

၃။ တရုတ်ကိုင်းလန်မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

တရုတ်ကိုင်းလန် မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊မင်နရယ်နှင့် ဖီနော စုစုပေါင်း)  

၄။ မုံလာဥမရမ်း/ မုံလာဥ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

 မုံလာဥမရမ်း/ မုံလာဥ  မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)

၅။ မုံလာထုတ်အနီ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်) 

မုံလာထုတ်အနီ မိုက်ခရို ဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊မင်နရယ်နှင့် ဖီနော စုစုပေါင်း)  

ကျန်းမာရေးအထောက်အကူပြု ဇီဝဆိုင်ရာ ကွန်ပေါင်းပါဝင်မှု

 ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) များသည် ကျန်းမာရေး အထောက်အကူပြု ဒုတိယအစာချေဖျက်သော ပစ္စည်းများ ဖြစ်ပြီး စားသုံးသူများ၏ကျနု်မာရေးကို များစွာ အထောက်အကူပြုသည်။ မိုက်ခရိုဂရင်းတွင် ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) များစွာပါဝင်သည်။ သိုဖြစ်၍ မိုက်ခရိုဂရင်း၏အနံ့၊ အရသာ၊ အရောင်စသော အရည်အသွေးများမြင့်မားစေသည်။ ဖီနောလစ်ကွန်ပေါင်း ပါဝင်သော အစားအစာများကို စာသုံးပါက ဆီးချို၊ ပါကင်ဆန်၊အယ်ဇိုင်းမား များကို ကာကွယ်သည်။ နည်းပညာပိုင်းအရ သဘာဝဆိုးဆေးများ၊ ပရီဘိုင်အိုတစ် များ၊ ဆေးဖက်ဆိုင်ရာများတွင် အသုံးပြုသည်။ မိုက်ခရို ဂရင်း (ဘရိုကိုလီ/ပန်းမုံလာအစိမ်း) တွင် ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဖီနော ၁၂.၆ မှ ၁၉.၃ မီလီဂရမ် ) သည် အရွယ်ရောက်အပင်များထက် ၁ဝ ဆပိုမိုပါဝင်သည်။ စားသုံးသူများသည် မုံညင်းမျိုးရင်းဝင် မိုက်ခရိုဂရင်းများကို ကျန်းမာရေးရှုထောင့်မှ စားသုံးသည်။ စီးပွားဖြစ် စျေးကွက်ဝင် ကျယ်ကျယ်ပြန့် ပြန့် စိုက်သည်။ မုံညင်း မျိုးရင်းဝင် ဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီ၊ မုံညင်း၊ မုံလာဥ၊ တရုတ်ကိုင်းလန်၊ မုံလာထုတ်အနီပင်များ တွင် ဖီနော စုစုပေါင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဖီနော ၄၉.၃ မှ ၈၁.၁၂ မီလီဂရမ် ) ပါဝင်သည်။ နေကြာ မျိုးရင်းဝင် ဆလပ်ပင်များထက် ပါဝင်မှုပိုမြင့်သည်။ မုံညင်းမျိုးရင်းဝင် အပင်များတွင် မုံလာဥမရမ်း/ မုံလာဥ  မုံလာထုတ်အနီ သည် ဖီနော စုစုပေါင်း အမြင့်ဆုံးဖြစ်သည်။

မိုက်ခရိုဂရင်းများကို အစိမ်းလတ်လတ်ဆတ်ဆတ်စားသည့်အပြင် ဖျော်ရည် အမျိုးမျိုး၊ ပရိုဘိုင်အိုတစ်၊ မုန့်ဖုတ်ပေါင်ဒါ များအဖြစ်သုံးသည်။ မိုက်ခရိုဂရင်းများကို အစိမ်းလတ်လတ်ဆတ်အဖြစ် ကြာရှည်သိမ်ဆည်းမရပါ။ သို့သော် တိုးတက်လာသော ရိပ်သိမ်းချိန်လွန်နည်းပညာပိုင်းအရ တန်ဖိုးမြင့် မိုက်ခရိုဂရင်းထုတ်ကုန်များသည် ကျန်းမာရေး အထောက်အကူပြု တန်ဖိုးများမြင့်လာသည်။ ကြာရှည်ခံလာသည်။ နည်းပညာပိုင်းအရ မည်မျှပင် တိုးတက်လာသည်ဖြစ်စေ  တန်ဖိုးမြင့်ထုတ်ကုန်များတွင် မိုက်ခရိုဂရင်း များ ထည့်သွင်း အသုံးချမှုသည် နည်းသေးသည်။ မိုက်ခရိုဂရင်း အခြေခံထုတ်ကုန်များတွင် ဘိုင်အိုအက်တစ် ဇီဝဆိုင်ရာပစ္စည်းပါဝင်သည့်အတွက်ကျောင်းနေရွယ် ကလေးများအပါအဝင် စားသုံးသူများအတွက် အကျိုးရှိသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်