အွန်လိုင်းကုန်စည်ပြပွဲ ကျင်းပလျက်ရှိနေ

27/08/2020 09:56 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ ကြီးမှူး၍ Cyber King Co., Ltd , JUDO ERP Solutions၏ နည်းပညာပံ့ပိုးမှုဖြင့် ကျင်းပသော Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ 

အခမ်းအနားတွင် စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CAEXPO Secretariat မှ အတွင်းရေးမှူးချုပ် Mr. Wang Lei မှ Video Conferencing ဖြင့်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ မှ လည်းကောင်း အသီးသီး တက်ရောက်၍ နှုတ်ခွန်းဆက်စကားများကို ပြောကြားချီးမြှင့်ခဲ့ကာ ပြည်တွင်းပြည်ပမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါအွန်လိုင်းကုန်စည်ပြပွဲအား ဩဂုတ်လ (၂၄) မှ (၃၀) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး www.myanmarexpopark.com တွင် အခမဲ့ Register ပြုလုပ်၍ နံနက် ၉:၀၀ နာရီမှ ညနေ ၆:၀၀ နာရီ အတွင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အွန်လိုင်းကုန်စည်ပြပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေထွက်ကုန်များ၊ အစားအစာနှင့်အဖျော်ယမကာများ၊ အလှကုန်ပစ္စည်းများ၊ သဘာဝအထည်များ ပြသလျက်ရှိပြီး ပြည်ပနိုင်ငံများ ဖြစ်သော တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှလည်း ဝင်ရောက်ပြသလျက်ရှိပါသည်။

Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား Day 1 ကိုမတက်​ရောက်လိုက်ရသော လူကြီးမင်းတို့ကြည့်ရှုနိုင်ရန် ထပ်မံတင်ပြအပ်ပါတယ် 🤗

ပြပွဲသို့ဝင်ရောက်ရန် www.myanmarexpopark.com သို့ဝင်ပါ။

MOEP (Myanmar Online Expo Park)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်