သဘာဝပေါင်းသတ်ဆေး
ကျွန်ုပ်တို့၏စိုက်ပျိုးရေးလောကတွင် ကျွန်ုပ်တို့၏စိုက်ပျိုးသီးနှံများ၏ အရည်အသွေး၊ အထွက်နှုန်းများကို ထိခိုက်ပျက်စီးစေနိုင်သော ပေါင်းသည်လည်း ကျွန်ုပ်တို့တောင်သူလယ်သမားဦးကြီးများ၏ ရန်သူတစ်ဦးဖြစ်ပါသည်။ လက်ရှိတွင်အသုံးပြုနေသောပေါင်းသတ်ဆေး (ဥပမာ-ဂလိုင်ဖိုဆိတ် glyphosate) ကဲ့သို့ ပေါင်းသတ်ဆေးများ၏ ဓာတ်ကြွင်းဓာတ်ကျန်များသည် ကျွန်ပ်တို့နေထိုင်ရာဝန်းကျင် ကမ္ဘာမြေကြီးကို အဆိပ်သင့်စေခြင်း၊ ကင်ဆာကဲ့သို့ရောဂါများနှင့် တခြားရောဂါများ၏ လူသတ်လက်နက်တစ်ခုအဖြစ် ခြောက်လှန့်လာပါသည်။ ထို့ကြောင်ပေါင်းသတ်ဆေးကို တက်နိုင်သမျှလျှော့ချ အသုံးပြုရန် လိုအပ်လာပြီးဖြစ်သည်။ ကျွန်ုပ်တို့လူအတော်တော်များသည် ကျွန်ုပ်တို့သဘာဝဝန်းကျင်ရှိ သဘာဝအရာများကိုမေ့နေကြသည်။ သဘာဝမှပေးသော သဘာဝပစ္စည်းများသည် ဓာတုကဲ့သို့အစွမ်းမထက်သော်လည်း ကျွန်ုပ်တို့လိုအပ်သော အရာတစ်ခုအဖြစ် ဖန်းတီးပေးနိုင်ပါသည်။ ကျွန်ုပ်တို့လက်တစ်ကမ်းတွင် ရှိနေသော အလွယ်တကူရနိုင်သော ပစ္စည်းများသည် ပေါင်းသတ်ဆေးများဖြစ်ကြသည်ကို လေ့လာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။
၁။ Borax(လက်ချား)
လက်ချား ၂၀ အောင်စကို ရေ ၅ ဂါလံဖြင့် ရောစပ်၍ ဆေးဖျန်းပုံးဖြင့်ထည့်၍ ပက်ဖြန်းနိုင်ပါသည်။
၂။ အဖြူရောင် ရှာလကာရည်(သို့) Vinegar
အဖြူရောင် ရှာလကာရည်ကို စူပါမားကတ်များ၊ စတိုးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည်။ ရှာလကာရည်တွင် ၅ရာခိုင်နှုန်း ပါဝင်သော အက်စစ်တစ်မျိုးဖြစ်သည့် အက်စီးတစ်အက်စစ်(acetic acid) သည် ပေါင်းအများစုကို သေစေရန် လုံလောက်ပါသည်။ မရောစပ်ခြင်းဖြင့်လည်း ပက်ဖြန်းနိုင်ပါသည်။ အဝတ်လျှော်ဆပ်ပြာရည် နှစ်စက်ဖြင့် ရောစပ်၍ပက်ဖြန်းခြင်းသည် ပို၍ သက်ရောက်မှု ကောင်းစေပါသည်။ ပေါင်းများသေသည်အထိ ထပ်ခါထပ်ခါ ပတ်ဖြန်းပါ။ ပက်ဖြန်းရာ၌ ၎င်းရေငွေ့ကို မရှုမိစေရန်အတွက် မြေကြီးနှင့်ကပ်၍ ပက်ဖြန်းပါ။ နံနက်အစောပိုင်းပက်ဖြန်းပါ။ တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။
၃။ ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည်
ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည်ကို ရောစပ်ဖြစ်၍လည်း ပေါင်းများကို သေစေနိုင်ပါသည်။ ရှာလကာရည် ၁ဂါလံကို ဆား ၁ခွက်ဖြင့် ရောစပ်၍ ပေါင်းများသေသည်အထိပက်ဖြန်းနိုင်ပါသည်။ အဝတ်လျှော် ဆပ်ပြာရည်အနည်းငယ်ဖြင့် ရောစပ်၍ ပက်ဖြန်းခြင်းသည် ပို၍ သက်ရောက်မှုအား ကောင်းစေပါသည်။တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။
၄။ မြေဖုံးပေးခြင်း
ပလက်စတစ်၊ ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေး များဖြင့် ဖုံးအုပ်၍ စိုက်ပျိုးခြင်းသည် နေရောင်ခြည်နှင့် ပေါင်းစေ့များကို တိုက်ရိုက်မထိတွေ့စေသဖြင့် ပေါင်းပင်ပေါက်ရောက်မှုကို လျော့ကျစေသည်။ မြေဖုံး၍ စိုက်ပျိုးခြင်းသည် မြေဆီသြဇာကြွယ်ဝရန် ချေဖျက်ပေးခြင်းနှင့် အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်။
ကိုးကားချက်
နိုင်ထွန်း
လွန်ခဲ့သော ၆ နှစ် ကဆေးရည်တွေကို ရေဘယ်လောက်နဲ့ရောဖျန်းရမှာလဲ ရှင်းပြပါအုံးဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 0 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from မင်းသူသူကို
အားလုံး