သံတွဲနှင့် စစ်တွေ တို့တွင် နှစ်ပေါင်းခုနစ်ဆယ်ကျော်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်

31/12/2018 09:59 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

သံတွဲနှင့် စစ်တွေမြို့ တို့တွင် နှစ်ပေါင်းခုနစ်ဆယ်ကျော်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်မှု ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ထားသည်။ 

သံတွဲမြို့သည် ၇၂ နှစ်အတွင်း ၆ ဒသမ ဝ ဒီဂရီစင်တီဂရိတ် ၊ ၄၂ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက် ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး စစ်တွေမြို့သည်လည်း ၇၂ နှစ်အတွင်း ၈ ဒသမ ဝ ဒီဂရီစင်တီဂရိတ် ၊ ၄၆ ဒသမ ၄ ဒီဂရီဖာရင်ဟိုက် တို့ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၂၇ ရက်ကလည်း နှစ်ခြောက်ဆယ်အတွင်း ကိုးကိုးကျွန်းမြို့နယ်သည် ၁၃ ဒသမ ဝ ဒီဂရီ စင်တီဂရိတ် ၊ ၅၅ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်တို့ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့သည်။

 မူရင်းဝက်ဆိုဒ်တွင် ဖတ်ရန်....


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်