အထွက်နှုန်းတိုးပြီး အလေးချိန်စီးစေတဲ့ ပဲမျိုးစုံအတွက် နိုက်ထရိုဂျင်ဓာတ်

07/11/2025 15:35 PM တွင် သော်ဇင် သော်ဇင် မှ ရေးသား

နိုက်ထရိုဂျင် (Nitrogen - N) သည် အဓိကအားဖြင့် ပရိုတင်းဓာတ်၏ အဓိက အစိတ်အပိုင်းဖြစ်သောကြောင့် အလွန်အသုံးဝင်ပါသည်။ ပဲပင်များသည် ဇီဝကမ္မဖြစ်စဉ် (symbiotic) နည်းလမ်းဖြင့် လေထုထဲမှ နိုက်ထရိုဂျင် (N2) ကိုဖမ်းယူနိုင်သော်လည်း အစပျိုးပမာဏ (starter dose) အဖြစ် အပင်ငယ်စဉ်မှာနိုက်ထရိုဂျင် မြေသြဇာ ထည့်သွင်းပေးခြင်းသည် ပဲမျိုးရင်းဝင် သီးနှံများ၏ ကြီးထွားမှုနှင့် အထွက်နှုန်းကို မြင့်တက်လာစေရန် အထောက်အကူပြုပါသည်။ 

အကယ်၍ သီးနှံကို နိုက်ထရိုဂျင်မြေသြဇာ မထည့်သွင်းပါက ဇီဝကမ္မဖြစ်စဉ်ဖြင့် လေထု နိုက်ထရိုဂျင်ဖမ်းယူခြင်းမှ N ဓာတ်လုံလောက်စွာ မရရှိသောကြောင့် ပဲအထွက်နှုန်းသည် အလွန်လျော့ကျနိုင်ပါသည်။ နှစ်ပေါင်းများစွာကြာအောင်နိုက်ထရိုဂျင်ပါ (ဓာတုမြေသြဇာ သို့မဟုတ် သဘာဝမြေသြဇာ ပုံစံများ) မထည့်သွင်းပါက၊ အပင်အတွက် အသုံးပြုနိုင်သောနိုက်ထရိုဂျင် ဓာတ်ကို မြေဆီလွှာ၏ ထောက်ပံ့နိုင်စွမ်းရည်သည် ကုန်ဆုံးသွားပါသည်။ Lowa ပြည်နယ်တွင် နှစ်ရှည်သုတေသနပြုချက်အရ ပြောင်း (corn) ကို ဆက်တိုက် စိုက်ပျိုးပါက တစ်ဧကလျှင် ပျမ်းမျှ ပြောင်း အထွက်နှုန်းသည် ၅၀ တင်းခန့်သာ ရှိမည်ဖြစ်ပြီး၊ ပဲပုပ် စိုက်ပြီးမှ ပြောင်း စိုက်ပါက တစ်ဧကလျှင် ၁၀၀ တင်းခန့် အထွက်နှုန်း ရရှိမည်ဟု ပြသခဲ့ပါသည်။

နှစ်စဉ် ပဲမျိုးစုံ မှ လေထုထဲမှ ဖမ်းယူထားသော နိုက်ထရိုဂျင်ဓာတ် ပမာဏသည် ၎င်းတို့၏ ကြီးထွားမှု လိုအပ်ချက်ထက် ပုံမှန်အားဖြင့် နည်းပါးပါသည်။ သီးနှံများသည် ရိတ်သိမ်းပြီးသော အစေ့အဆန်များမှ နိုက်ထရိုဂျင်ဓာတ် စုပ်ယူမှုပမာဏ မြင့်မားပြီး ၎င်းတို့ ဖမ်းယူနိုင်သော နိုက်ထရိုဂျင် ဓာတ် ပမာဏနှင့် ဆင်တူသည် သို့မဟုတ် ပို၍ များပါသည်။ ထို့ကြောင့်၊ ပဲပင်ရိုးကို မြေတွင် ပြန်ထားခဲ့လျှင်ပင် နောက်ဆက်တွဲ သီးနှံအတွက် နိုက်ထရိုဂျင်ဓာတ် ပမာဏအနည်းအငယ်ကိုမြေဆီလွှာတွင် ထိန်းသိမ်းထားနိုင်ပါသည်။ 

အပင်ကြီးထွားမှုနှင့် ဇီဝကမ္မဖြစ်စဉ်များတွင် နိုက်ထရိုဂျင်ဓာတ်၏အခန်းကဏ္ဍ

နိုက်ထရိုဂျင်သည် ကလိုရိုဖီးလ် (chlorophyll) ဓာတ်ပေါင်းစပ်မှုတွင်လည်း ပါဝင်သောကြောင့် အလင်းမှီစုဖွဲ့ခြင်း (photosynthesis) လုပ်ငန်းစဉ်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) စုပ်ယူမှုတို့တွင် ပါဝင်ပါသည်။ အပင်တစ်ရှူးများအတွင်း နိုက်ထရိုဂျင် ဓာတ် ပြတ်လပ်ပါက အရွက်နှင့် အမြစ်များ ကျယ်ပြန့်မှု လျော့နည်းခြင်း၊ အလင်းမှီစုဖွဲ့မှု စွမ်းဆောင်ရည် ဆုံးရှုံးခြင်းနှင့် ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်အားလုံး ပျက်ယွင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။ နိုက်ထရိုဂျင်သည် အော်ဂဲနစ်ဒြပ်ပေါင်းများ၊ နျူကလစ်အက်ဆစ်များနှင့် ပရိုတင်းဒြပ်ပေါင်းများ၏ အစိတ်အပိုင်း ဖြစ်သည့်အပြင် သီးနှံအများအပြား၏ ခြောက်သွေ့အလေးချိန်၏ ၁.၅ မှ ၆ ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ 

မြေဆီလွှာရှိ နိုက်ထရိုဂျင် သည် အော်ဂဲနစ် (organic) နှင့် အင်အော်ဂဲနစ် (inorganic) ပုံစံများဖြင့် ရှိနေပါသည်။ အပင်များသည် နိုက်ထရိတ် (NO3-) နှင့် အမ်မိုနီယမ် (NH4+) ပုံစံဖြင့် အဓိက စုပ်ယူပြီး ၎င်းတို့ နှစ်မျိုးလုံးကို အပင်များက ဇီဝကမ္မဖြစ်စဉ် ပြုလုပ်ပါသည်။ ၎င်းသည် အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးပြီး ပင်စည်ရှည်ထွက်ခြင်းနှင့် အရွက်များကို ကြီးမားစေသည့်အပြင် သီးနှံအရည်အသွေးကိုလည်း သြဇာသက်ရောက်ပါသည်။

နိုက်ထရိုဂျင် သည် အပင်များရှိ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ် နှင့် အခြားဒြပ်စင်များ အသုံးပြုခြင်းကိုလည်း ကြားခံဆောင်ရွက်ပေးပါသည်။ အကယ်၍ အပင်များတွင် နိုက်ထရိုဂျင် ချို့တဲ့ပါက မြေဆီလွှာရှိ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်ဒြပ်စင်များ၏ အကောင်းဆုံး ပမာဏကိုပင် ထိရောက်စွာ အသုံးမပြုနိုင်ပါ။ 

နိုက်ထရိုဂျင် ချို့တဲ့မှုအောက်တွင် အပင်များသည် ကြီးထွားမှု ရပ်တန့်ခြင်းနှင့် အရွက်သေးငယ်ခြင်းတို့ကို ပြသသော်လည်း၊ နိုက်ထရိုဂျင် အလွန်အကျွံပါဝင်ပါက ပျော့ပျောင်းသော တစ်ရှူးများဖြင့် စိမ်းလန်းစိုပြေသော အပင်များဖြစ်ပေါ်ကာ ရင့်မှည့်ချိန် နောက်ကျခြင်းကို ဖြစ်ပေါ်စေတတ်ပါသည်။ အပင်ကြီးထွားမှု၏ မည်သည့်အဆင့်တွင်မဆို နိုက်ထရိုဂျင် ချို့တဲ့မှုရှိပါက အထွက်နှုန်း လျော့ကျစေပါသည်။ တစ်ဖက်တွင်မူ နိုက်ထရိုဂျင်ဓာတ် မြေသြဇာ ထည့်သွင်းခြင်းသည် အစေ့အဆန် အထွက်နှုန်း၊ အစေ့အဆန် အလေးချိန်၊ အပင်တစ်ပင်လျှင် ပဲသီးတောင့် အရေအတွက်နှင့် အပင်တစ်ပင်လျှင် အစေ့အရေအတွက်တို့အပေါ် အပြုသဘောဆောင်သော သိသာထင်ရှားသည့် သက်ရောက်မှုရှိပါသည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်