သင့်အသက်ကို ကယ်တင်နိုင်တဲ့အခွံမာ အသီးတွေ

17/01/2018 11:07 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) သစ်ကြားသီး

သစ်ကြားသီးက LDL ကိုလက်စရော၊ ရင်ပူခြင်းနဲ့ နှလုံးရောဂါဖြစ်ပွာမှု နှုန်းတွေကို လျော့ချပေးနိုင်ပါသည်။ ဒါကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုနဲ့ ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးအစေ့ အဆံတစ်မျိုးပါ။

(၂) သစ္အယ္သီး

သစ်အယ်သီးတွေကိုတော့ အများစုက ဝိတ်လျော့လိုတဲ့သူတွေ အတွက်အသုံးတည့် တဲ့အရာလို့ သိထားကြပါတယ်။ တကယ်လို့ သစ်အယ်သီး တစ်နေ့ကို လက်တစ်ဆုပ် စားပေးရမယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓါတ်တွေကိုသာ စားသုံးမိလာစေပါသည်။

(၃) ရင်ကွဲစေ့ (အစိမ်းရောင် အစေ့အဆံပါ အခွံမာသီးတစ်မျိုး)

ဦးနှောက်နဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်း တွေရဲ့သွေးလှည့်ပတ် မှုနှုန်းကို ကောင်းမွန်စေတဲ့အတွက် ဦးနှောက်နဲ့ပက်သတ်တဲ့ ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုနှုန်းတွေကို လျော့နည်းစေပါသည်။

(၄) ဗာဒံစေ

ဝိတ်ကျချင်ပါသလား။ ဗာဒံစေ့စားပါ။ မှတ်ဉာဏ်အား ကောင်းလိုပါသလား။ ဗာဒံစေ့ကိုစားပါ။ သုတေသန ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ဗာဒံစေ့နေ့စဉ် စားသူတွေဟာ  ထပ်တက်လာမယ့် ကိုယ်အလေးချိန် ရဲ့၆၀ရာခိုင်နှုန်း နီးပါးကို လျော့ချပေး နိုင်ပါသည်။ ဘာကြောင့်လည်းဆိုတော့ ဗာဒံစေ့တွေဟာ အမျှင်ဓါတ် ပါဝင်မုှနှုန်း မြင့်မားတာကြောင့် သင့်ကိုဗိုက်ပြည့် နေစေတယ်လို့ ခံစားရစေပါတယ်။

(၅) သီဟိုဠ်စေ့

တယ်လီဆီယံဓါတ်နဲ့ အလားတူပဲ မက်ဂနီဆီယမ် ကလည်းသင့်ခန္ဓာကိုယ် မှာရှိတဲ့ မက်ဂနီဆီယမ် ကလည်းသင့် ခန္ဓာကိုယ် မှာရှိတဲ့အရိုးတွေ သန်မာဖို့အတွက် လိုအပ်ပါသည်။ သီဟိုဠ်စေ့တွေမှာ လိုအပ်တဲ့ မက်ဂနီဆီယမ် ဓါတ်အပြည့်အဝ ပါဝင်ပါတယ်။ မက်ဂနီဆီယမ်  ဓါတ်မရှိခြင်းက အရိုးအကြောရောဂါ တွေဖြစ်လွယ်ပါတယ်။ အရသာ ပိုကောင်းချင်ရင်တယ် ဆိုရင်တော့ သီဟိုဠ်စေ့ ကိုကြော်လိုက်ပြီး ဆားနဲ့တို့စားပေးပါ။

အရသာလည်းရှိပြီး ရှာရတာလည်း မခက်ခဲတဲ့ ဒီအစေ့တွေမှာ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူး တွေအပြည့်အဝ ပါဝင်ပါတယ်။ ဒါကြောင့် နေ့တိုင်းမစားနိုင် ရင်တောင် အနည်းဆုံးတော့ တစ်ပတ်ကို လေးငါးကြိမ် လောက်စားသုံးသင့်ကြောင်း အကြံပြုလိုက်ပါရစေ။

ထက္ဆု(Ref: mensxp)

REF: Trend Myanmar


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်