မြေတွင်းအာဟာရဓာတ်များ ချို့တဲ့လာခြင်း

19/02/2018 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိုးတက်လာတဲ့ လူဦးရေကြောင့်စားနပ်ရိက္ခာလုံလောက်ဖို့ သီးနှံစိုက်ဧကတွေ တိုးချဲ့လာရတယ်။ တစ်ဧက အထွက် နှုန်းတွေကို တိုးတက်လာအောင်လုပ်ကြတယ်။ သီးထပ်သီးညှပ်တွေ စိုက်လာကြရတယ်။ သီးနှံထွက်ကုန် အရည်အ သွေးမြင့်မားဖို့၊ အာဟာရတန်ဘိုး(Nutritive value) ပိုလာဖို့ အားထုတ်လာကြတယ်။ ဧရိယာတိုးချဲ့စိုက်ပျိုးတာကို ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံမှာရှိတဲ့ စိုက်ပျိုးသူတွေက အဓိကထား ဆောင်ရွက်ကြတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ သစ်တောမြေ၊ စားကျက်မြေတွေမှာပါ စိုက်ပျိုးလာကြတယ်။ တိုးတက်လာမယ့် ကမ္ဘာ့လူဦးရေအတွက် ရိက္ခာဖူလုံဖို့ မြေဧရိယာတိုးချဲ့တာကို ၂၀၃၀ ပြည့်နှစ် ဝန်းကျင်မှာ ဧရိယာဧက သန်း ၁၂၀ လောက် လုပ်ရမယ်လို့ ကျွမ်းကျင်သူတွေ က ခန့်မှန်းထားပါတယ်။ တိုးချဲ့မှုအများဆုံးလုပ်ရမယ့် ဒေသတွေကတော့ အာဖရိက၊ အာရှဒေသနဲ့ လက်တင် အမေရိက နိုင်ငံတွေဖြစ်တယ်။ (Alexandrato  2005) တောခုတ် မီးရှို့ တောင်ယာစိုက်တယ်။ ပြန်ပီး အာဟာရဖြည့် ဆည်းတာ နည်းတာတွေကြောင့် မြေတွင်းအရံအာဟာရ (Soil reserve) တွေဟာ လျော့နည်းသွားတယ်။ ဒါကြောင့် အနည်းလိုအာဟာရအပါအဝင် အာဟာရချို့တဲ့မှုတွေ ဖြစ်ပေါ်လာတယ်။ တစ်ဖက်မှာလဲ တစ်ဧက သီးနှံအထွက်တိုးဖို့ ဆောင်ရွက်တဲ့အပိုင်းမှာ အာဟာရတစ်ခုတည်း များများပါတဲ့ မြေဩဇာ (High Analysis) တွေ ပိုမိုသုံးလာတဲ့ အတွက် ယခင်သမာရိုးကျသုံးတဲ့ မြေဩဇာတွေမှာ တွဲပါလာတဲ့ အနည်းလိုအာဟာရဓာတ်ရရှိမှုဟာ တစ်စနဲ့တစ်စ အလှမ်းကွာသွားပြီး အပင်တွေဟာ အနည်းလိုအာဟာရ မရတဲ့ချို့တဲ့မှုတွေ ဖြစ်လာတယ်။ ဓာတ်မြေဩဇာသုံးစွဲတာ များလာတာနှင့်အမျှ နွားချေး၊ ကြက်ချေး နဲ့ သီးနှံအကြွင်းအကျန်တွေ သုံးစွဲတာ လျော့နည်းလာတာကြောင့် သူတို့နဲ့ ပါလာတဲ့ အနည်းလိုအာဟာရ ရရှိမှုကလည်း ပိုပိုနည်းသွားတယ်။ ချို့တဲ့မှုတွေဖြစ်လာတယ်။

အာဟာရချို့တဲ့မှု သင်္ကေတ (Hunger Sign)

၁။ ဘိုရွန် (Boron)

ဘိုရွန်ချို့တဲ့လာရင် အပင်ဖြစ်ထွန်းမှုနည်းမယ်။ ချို့တဲ့လက္ခဏာဟာ ရွက်နုနဲ့ဖျားဖူးမှာပြမယ်။ အရွက်က ငယ်မယ်။ အစိမ်းရင့်ရောင်တော့ရှိမယ်။ အရွက်က အောက်ဘက်ကို ခွက်ပုံစံဖြစ်သွားမယ်။ ချို့တဲ့မှုများလာရင် ပင်စည်အဖျား ပိုင်း သေသွားမယ်။ နှံစားသီးနှံတွေမှာ အပွင့်အသီးမအောင်မမြင်ဖြစ်မယ်။ ထောပတ်သီးနဲ့ စပျစ်သီးမှာ အသီးပုံစံမမှန် ဖြစ်မယ်။ မြေပဲမှာ အစေ့အဆံချိုင့်မယ်။ နံနံပင်တွေမှာ ပင်စည်ကောက်ကွေ့မယ် ။ဝါပင်ရဲ့ရိုးတန်းမှာ အကွင်းတွေဖြစ် မယ်။ အဖျားဖူး ကြွေမယ်။ အပိန့်တွေဟာ အလွယ်တကူပဲ့မယ် ၊ အရွက်တွေက စိမ်းနေမယ်။ ရွက်သားထူနေမယ်။ ကြွေကျတာတော့မရှိဘူး။ နှစ်ရှည်ပင်တွေမှာ အပင်ပုံစံမှန်ဖြစ်မယ်။ ဘိုရွန်ချိုတဲ့သီးနှံက အစေ့ကိုပြန်စိုက်ရင် အပင် ပေါက် ညံ့မယ်။ ပဲပင်ပေါက်ဖောက်ရင် ရောင်းပန်းမလှတာဖြစ်မယ်။ မျိုးကူးစပ်မှု (fertilization) မအောင်မြင်ဘဲ အပွင့်တွေ မြုံမယ်။ အစေ့အဆံမအောင်မြင်ဘူး။ ပြောင်းဖူးမှာ အသီး အသေး/အကြီး ရောနေမယ်။

၂။ ကြေးနီ (Copper)

ရွက်နုလေးတွေ တွန့်နေတယ်။ ခွက်ပုံဖြစ်နေတယ်။ ပင်စည်က ခပ်ကိုင်းကိုင်းဖြစ်နေမယ်။ လိမ်တိမ်တိမ်ဖြစ်နေမယ်။ နှံစားသီးနှံတွေမှာ ယိုင်လဲမှု ဖြစ်မယ်။ အနှံမအောင်ဖြစ်မယ်။ အစေ့အဆံ မပြည့်ဖြစ်မယ်။ သစ်သီးပင်တွေမှာ ကိုင်းဖျား လေးတွေ ခြောက်သွားမယ်။ ပြောင်းမှာ ရွက်ကြောကြားမှာ ဝါသွားတယ်။ ရှောက်မျိုးနွယ်တွေမှာ အရွက်တွေမှာ အစက်အပျောက်တွေ ပေါ်တယ်။ ကိုင်းတွေ ခြောက်သွားတာတွေ့ရတယ်။ သစ်တောသစ်ပင်တွေရဲ့ ပင်စည်တွေဟာ မြွေလိမ်မြွေကောက်ဖြစ်မယ်။  အရွက်တွေကလဲ ခပ်ကျဲကျဲဖြစ်နေတယ်။

၃။ သံဓာတ်(Iron)

ရွက်ကြောတွေကြားမှာ ဝါနေတယ်။ ချို့တဲ့မှုများရင် အဝါရောင်ပါ ပျောက်သွားတယ်။ ဖွေးတေးတေး ဖြစ်သွားတယ်။ တစ်ရှူးသားတွေ သေသွားတယ်။ အစာကြောမှာ မရွေ့လျားနိုင်လို့ ချို့တဲ့ လက္ခဏာဟာ ရွက်နုတွေမှာ စဖြစ်တယ်။

၄။ မဂ္ဂနိ (Manganese)

ရွက်ကြောတွေကြားမှာ ဝါနေပြီး အရောင်မဲ့ အစက်အပျောက်တွေ တွေ့ရတယ်။ ရွက်နုတွေမှာ စဖြစ်ပြီး နောက်ပိုင်း ရွက်ရင့်တွေပါ လက္ခဏာပြလာတယ်။ အရွက်တွေညှိုးသွားပြီး ပင်စည်ဖွံ့ဖြိုးတိုးတက်မှု နှေးသွားတယ်။ အစေ့အဆံ တွေ ကွဲတာတွေ့ရတယ်။  အဖိုဝတ်ဆံဖြစ်ထွန်းမှု နှောင့်နှေးမယ်။ ရင့်မှည့်ချိန် နောက်ကျမယ်။ အထွက်ဆုတ်မယ်။ မဂ္ဂနိချို့တဲ့လို့ ရောဂါဒဏ်ခံရတာ တွေ့ရပါတယ်။ (srahamwebb,1911) မုယောစပါးမှာ အညိုပျောက်တွေ အရွက် တွေမှာ တွေ့မယ်။ ရွက်ပြားမှာ အညိုရောင်ရေစိုနာတွေ တွေ့ရတတ်တယ်။ ရွက်ဖျားတွေကတော့ စိမ်းနေတတ်ပါ တယ်။ ထွက်လာတဲ့ အနှံတွေမှာ အစေ့အဆံမပါ ဖြစ်တတ်ပါတယ်။

၅။ မိုလစ်ဒီနမ် ( Molybdenum)

နိုက်ထရိုဂျင် ချို့တဲ့တဲ့ပင်တွေလိုပဲ အရွက်တွေဝါသွားတယ်။ တစ်ခါတစ်ရံ ရွက်ရင့်တွေမှာ အပင်တွေ ပုတိုတို ဖြစ်နေ တယ်။ အရွက်ပြားသေးသွားတာလဲ တွေ့ရပါတယ်။ (ပန်းမုံလာ)၊ အရွက်ရဲ့ နှုတ်ခမ်းသား တွေလဲ ကွေးသွားတယ်။ မိုလစ်ဒီနံချို့တဲ့တဲ့ နှံစားသီးနှံတွေမှာ အထွက်ဆုတ်ယုတ်တတ်ပါတယ်။ စပျစ်မှာ အသီးပုံမမှန် ဖြစ်တတ်ပါတယ်။ အချို့ အပင်တွေကို အပင်ရောဂါ ဒဏ်ခံနိုင်ရည်ရှိစေတာ တွေ့ရပါတယ်။ (Graham and stangoulis,2005)

၆။ သွပ်ဓာတ် (Zinc)

 

ဇင့်ချို့တဲ့ရင် အပင်က ပုံမှန်တက်မလာပါ။ စပါးမှာ ပင်ပွားနည်းစေတယ်။ နှံစားသီးနှံတွေရဲ့ အလယ်ရွက်ကြော (midrib) ရဲ့ တစ်ဘက်စီမှာ အဝါရောင်အစက်ပျောက်တွေ တွေ့ရတတ်ပါတယ်။ အခြားသီးနှံတွေရဲ့ အရွက်မှာတော့ အညိုရောင်၊ သံချေးရောင်၊ အစက်အပျောက်တွေ မြင်ရတတ်တယ်။ အရွက်လေးတွေက သေးတယ်။ ဆစ်ကြားက တိုတော့ အရွက်တွေဟာ တစ်နေရာထဲမှာ ခုထွက်နေတယ်လို့ ထင်ရတယ်၊ တောင်သူအခေါ် ရွက်သေးထိုးတယ်လို့ သိရ တယ်။ အရွက်တွေ မရင့်ခင်ကြွေတတ်တယ်။  သီးနှံ ရိတ်သိမ်းချိန် နောက်ကျစေတယ်။

ဦးကျော်စိုး (Soil Scientist)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်